You are here: Home ARTICLES (၄၉) နှစ်မြောက်တအာင်းအမျိုးသားတော်လှန်ရေးနေ့ တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးဉက္ကဌ၏ အထိမ်းအမှတ် မိန့်ခွန်း

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

သိန္နီမြို့၊ အထ (၂) ၆၉ တပ်ကျောင်းမှာ အသက် ၅ နှစ် ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရ

၂၀၁၇ ခုနှစ်၊ ဇန္န၀ါရီလ (၃၁) ရက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက် မွန်းလွဲပိုင်း ၁း၀၀ နာရီ အချိန်တွင် သိန္နီမြို့၊ အထ (၂)၆၉ တပ်ကျောင်း မှ ကျောင်းစောင့် ဦးဝင်းညွန့်က ကောင်းလက်ကျေးရွာအုပ်စု၊ ကောင်းလောက်စောက် ကျေးရွာနေ  အသက် ၅ နှစ်အရွယ် လွေး….. ကို မုန့်န...

(၄၉) နှစ်မြောက်တအာင်းအမျိုးသားတော်လှန်ရေးနေ့ တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးဉက္ကဌ၏ အထိမ်းအမှတ် မိန့်ခွန်း

E-mail Print PDF

လေးစားအပ်ပါသော တပ်ပေါင်းစုခေါင်းဆောင်များ၊ မဟာမိတ်အဖွဲ့အစည်းသီးသီးမှခေါင်းဆောင်များနှင့် ဧည့်သည်တော်များခင်ဗျား အခုလို (၄၉) နှစ်မြောက် တအာင်း (ပလောင်)အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ကြွရောက်ဂုဏ်ပြုအားပေးတဲ့အတွက် ကျွန်တော်အနေနဲ့ပလောင်တမျိုးသားလုံးရဲ့ကိုယ်စား၊ အဖွဲ့ဝင်များ အားလုံးရဲ့ကိုယ်စား အထူးဘဲကျေးဇူး တင်ရှိပါကြောင်း ပထမဦးစွာပြောကြားလိုပါတယ်။ ကြွရောက်လာသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များနဲ့ အဖွဲ့ဝင်များခင်ဗျား ဒီနေ့ဟာ (၄၉)နှစ်မြောက်ကျရောက်ပြီးဖြစ်တဲ့ ကျွန်တော်တို့ပလောင်အမျိုးသားတို့ရဲ့ ရရာလက်နက် ကိုင်ဆွဲပြီး တရားသော ခုခံတော်လှန်ရေးနေ့ ဖြစ်တာကြောင့် ပလောင်အမျိုးသား အဖို့ရော၊ ကျွန်တော်တို့ ပလောင်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖို့ပါ အလွန် ထူးခြားလေးနက် တဲ့နေ့ထူးနေ့မြတ် အခါသမယဖြစ်ပါတယ်၊ဒါကြောင့် ကျွန်တော်တို့ရဲ့အမျိုးသားအတွက် လက်နက်ကိုင်တော်လှန်ရေးနေ့မို့လို့ တော်လှန် ရေး ပေါ်ပေါက်လာပုံကို ကျွန်တော်အနည်းငယ်ပြောချင်ပါတယ်။

ဒုတိယကမာစစ်အပြီး ဗမာ ပြည်လွှတ်လပ်ရေးကြိုးပမ်းမှုမှာ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး တည်ဆောက်နိုင်ဖို့ အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်းပြည်စော်ဘွားများ ကောင်စီအဖြစ် တောင်ပိုင် စော်ဘွားကြီး စပ်ခွန်ပန်းစိန် တောင်တန်းနယ်ထိပ်တန်းခေါင်းဆောင်များကို ဦးစီးဦးဆောင်ပြုပြီး သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်တယ်၊ ဒါကြောင့် ပလောင်လူမျိုးတို့ဟာ ဗမာပြည်လွတ်လပ်ရေး သမိုင်းမှာ အခိုင်အမာရပ်တည်လာခဲ့ပြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြန်လည်တည်ဆောက်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ပန်းစိန်ဟာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်၊  ၁၉၄၇-ခုနှစ်၊ လွှတ်လပ်ရေးရရှိပြီးနောက်မကြာမှီ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြားအာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးတဲ့ နောက်ပိုင်းမှာ ပြည်နယ်-ပြည်မ တန်းတူရည်တူ အခွင့်အရေးနဲ့တန်းတူရေးကို အခြေခံတဲ့ စည်းလုံးညီညွတ်မှုဟာ ပျက်သုဉ်းသွားခဲ့ရတယ်၊ စစ်မှန်တဲ့ပြည်ထောင်စုဖွဲ့စည်းပြီး တိုင်းရင်းသားတိုင်းတန်းတူညီမျှရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးကို ငြိမ်းချမ်းသော နည်းလမ်းနဲ့တောင်းဆိုရင်း နောက်ဆုံးမရရှိနိုင်တော့တာ ကြောင့် ၁၉၅၈-ခုနှစ်မှာ ရှမ်းပြည်တော်လှန်ရေး လက်နက်ကိုင်လမ်းစဉ် ပေါ်ပေါက် လာခဲ့ရပါတယ်၊ အဲဒီအချိန် တုန်းက ရှမ်းပြည်တော်လှန်ရေးအင်အားစုမှာ ရှမ်းအမျိုးသားများ၊ ပလောင်အမျိုးသားများတို့ တစုတပေါင်းတည်း ဖွဲ့စည်းခဲ့ကြပြီး ရှမ်းပြည်အမျိုးသားလူမျိုး စုတို့ရဲ့နစ်နာဆုံးရှုံးမှုများကို အတူတကွ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်၊                     နောက်ပိုင်းမှာ နိုင်ငံရေးအမြင် ပြောင်းလဲလာမှုအပေါ်ခြေခံပြီးမိမိတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ၊အမျိုးသားတန်း တူညီမျှသော အခြေခံအခွင့်ရေးရရှိရေးနဲ့ အမျိုးသားတစ်ရပ်လုံးကို ဦးဆောင်နိုင်မဲ့ အဖွဲ့အစည်းတရပ် ခိုင်မာစွာရပ်တည်နိုင်ရေးအတွက် ၁၉၆၃-ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့ မှာ ပလောင်အမျိုးသားတပ်ဖွဲ့(PNF) ကို စတင်ဖွဲ့စည်းခဲ့ပြီး PSLO/PSLA မှ PSLF/TNLA ပုခုံးပြောင်းထမ်းဆောင်ရင်း ယနေ့အထိ ဒီလိုအထိမ်းအမှတ် အခမ်းအနားပွဲကို နှစ်စဉ်ကျင်းပဂုဏ်ပြုလာခဲ့တာ (၄၉)နှစ် မြောက်တောင်ရောက်ရှိလာပြီဖြစ်ပါတယ်၊

လေးစားအပ်တဲ့ချစ်မျိုးချစ်ရဲဘော်ရဲမေများခင်ဗျား (ခေါင်းဆောင်များနဲ့အဖွဲ့ဝင်များခင်ဗျား)- တချို့လူထုတွေက ပြောဆိုမေးမြန်းလာ တာရှိတယ်၊ ဗမာပြည်မှာ အခုရွေးကောက်ပွဲအစိုးရရှိလာပြီး၊ ဘာကြောင့်လက်နက်ကိုင် စစ်ပွဲဆင်နွဲရသလဲဆိုတာပြောဆိုမေးမြန်းပါတယ်၊ ဒီဟန်ပြစစ်အစိုးရရဲ့ကောက်ကျစ်စဉ်းလဲတဲ့စီမံချက်အကြောင်းကို မသိသေးတဲ့လူတွေအတွက်တော့မေးစရာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားလူမျိုးများလက်နက်ကိုင်စွဲရတာဟာ မိမိတို့နိုင်ငံရေးရည်ရွယ်ချက်၊ ရည်မှန်းချက် မရရှိသေးသရွေ့ လက်နက်ကိုင်စစ်ပွဲကို ဆက်လက်ဆင်နွဲ နေရတာဖြစ်တယ်။ ဒီဟန်ပြစစ် အာဏာရှင်အစိုးရက မတရား တဲ့စစ်ကိုဆင်နွဲလို့ကျွန်တော်တို့က တရားတဲ့စစ်ကို ပြန်ခုခံ တော်လှန်နေရတာဖြစ်တယ်။ တနည်းအားဖြင့်ပြောရင် မိမိတို့ကံ ကြမ္မာကို မိမိဖန်းတီးခွင့်မရရှိ သေးသရွေ့ လက်နက်ကိုင်ရတာဖြစ်တယ်။ ကျွန်တော်တို့တတွေ မှန်ကန်မှုနဲ့ တရား မျှတမှုရှိ တဲ့ ခုခံတော်လှန်ရေးစစ်ကို ဆင်နွဲနေတာဖြစ်တယ်၊ အခုမျက်မှောက်ဗမာပြည်မှာ ပြည်သူလူထုအပေါ် မတရားတဲ့လုပ်ရပ်နဲ့အမိန့်အာဏာကို စိတ်ကြိက် တိုင်းရင်းသား မိဘပြည်သူ များကို အနိုင်ကျင့်ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင် အုပ်စုကကြိုးကိုင်တဲ့ ဟန်ပြအစိုးရသာဖြစ်တယ်၊ ပြည်တွင်းစစ် ဖြစ်ပေါ်လာအောင် ဖန်တီးတဲ့ပြည်တွင်းစစ်တရားခံတွေဖြစ်တယ်၊ တိုင်းပြည်တိုးတက်မှုကို အဟန့်အတားပြုတဲ့ ပြည်တွင်းစစ်ကို စစ်အာဏာရှင်လက်တဆုပ်စာစစ်အုပ်စုဘဲဖြစ်တယ်၊ သူတို့ရဲ့အကျိုစီးပွားနဲ့ အာဏာတည်မြဲရေးကာကွယ်ဖို့အတွက် ကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက် နေတာဖြစ်တယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်မှန်သောပြည် တွင်းငြိမ်းချမ်းရေးကို ခေါင်းမာစွာ တလျှောက်လုံးငြင်းပယ်တဲ့မတရားတဲ့ ဖက်ဆစ်စစ်အာဏာရှင်အုပ်စု လက်တဆုပ် စာအတွက်သူတို့က စစ်ပွဲဆင်နွဲ့နေတာဖြစ်တယ်။ ဒါတွေကိုကျနော်တို့က တရားတဲ့တော် လှန်စစ်တွေဟာ လူမျိုးပေါင်းစုံပြည် သူများနှင့်အတူ ဒီမရားတဲ့စစ်ကို တရားတဲ့ စစ်နဲ့ပြတ်သားစွာဆန့်ကျင်ပြီး အမျိုးသားတန်းတူရေး နဲ့ ကိုယ်ပိုင်းပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးရရှိရေး ထာဝစဉ်ငြိမ်းချမ်းမှုရရှိရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားရမှာဖြစ်တယ်။

လေးစားအပ်တဲ့မျိုးချစ်အဖွဲ့ဝင်လူငယ်များခင်ဗျား ကျွန်တော်တို့ဟာ အရာရာကို ပြည့်စုံသော အခြေအနေ မရှိသေးပေမဲ့ ကိုယ်ပိုင်အသိဉာဏ်ရှိပါတယ်၊ ကိုယ်ပိုင် အသိတရား တွေရှိပါတယ်၊ ကိုယ့်လူမျိုးကိုယ်ချစ်တဲ့စိတ်ရှိကြပါတယ်၊ ကိုယ့်နယ်မြေဒေသ၊ ရိုးရာဓလေ့ထုံးတမ်းဘာသာ စကားရှိကြပါတယ်၊ ကိုယ့်ပါတီအဖွဲ့အစည်း ကိုယ့်လက်နက်ကိုင် တပ်ဖွဲ့ရှိကြပါတယ်၊ ဒါကြောင့်အခုမတရားတဲ့စစ်ကို ဆင်နွဲ့နေတဲ့ဒီစစ်အာဏာရှင် အစိုးရတွေပါမကဘူး၊ ဘယ်အာဏာရှင်ဘယ်ဖြစ်ဖြစ်  ကိုယ့်နယ်မြေကိုယ့်ဒေသအခွင့်အရေးကို စော်ကားလာရင် လက်ပိုက်ကြည့်နေလို့ မရဘူး၊ ပြန်ပြီးတော်လှန်တိုက်ခိုက်ရမယ်၊ အင်အားနည်းတယ် များတယ်ဆိုတာ အဓိကမဟုတ်ဘူး၊ တိုက်ရဲ တော်လှန်ရဲတဲ့စိတ် ဓါတ်သတ္တိကသာ အဓိကဖြစ်ပါတယ်၊ ကျွန်တော်တို့ရည်မှန်းထားတဲ့ ပန်းတိုင်မရောက်မချင်း ဆက်လက်တိုက်ပွဲ ဝင်သွားကြရမယ်၊ အာဏာရှင်စစ်အစိုးရတွေအပြင် အဖျက်သမားမှန်သမျှမိဘပြည် သူများအား ဘဝဖြစ်ပေါ်တိုးတက်ရေးအတွက် အဟန့်အတားအနှောက်အယှက် မှန်သမျှ ကျွန်တော်တို့ကတရားသောဘက်ကို အမြဲတော်လှန်ပစ်ရမယ်၊ ချေမှုန်းပစ်ရမယ်၊ဒါကြောင့်အခုစစ်အာဏာရှင်အုပ်စုဟန်ပြအစိုးရကို မဟာမိတ်အင်အားစု တွေနဲ့ စုပေါင်းညီညာ တိုက်ရမယ်၊ အဖိနှိပ်ခံနေရတဲ့တိုင်းရင်းသား အင်အားစုများနဲ့ဒီမိုကရေစီ အင်အားစုများရဲ့ ညီညွတ်မှုအင်အား “တပ်ပေါင်းစုစနစ်နဲ့” တိုက်ထုတ်ပစ်ရမယ်၊  တပ်ပေါင်းစုခိုင်မာညီညွတ်မှု ဟာလဲ အဖွဲ့ဝင်တိုင်းရဲ့ တာဝန် ဝတ္တရားဖြစ်တယ်၊ ကျွန်တော်တို့ တဖွဲ့ချင်းရဲ့ညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့လိုသလို၊ တပ်ပေါင်း စုညီညွတ်ရေး ကိုလည်းခိုင်ခိုင် မာမာတည်ဆောက်ဖို့လိုပါတယ်၊ တပ်ပေါင်းစု ခိုင်မာညီညွတ်ရေးကို တကယ့် ကြိုးပမ်း တကယ့်စစ်မှန်တဲ့စေတနာနဲ့လုပ်မယ်ဆိုရင် တပ်ပေါင်းစုရဲ့ခိုင်မာညီညွတ်မှုဆို တာဖြစ်လာမယ်၊ အောင်မြင်မှုကို ဦးတည်သွားမယ၊် အဖွဲ့ကြီးသည်၊ ငယ်သည်၊ လူမျိုးများသည်၊ နည်းသည်ဆိုတာမရွေးဘဲ တပ်ပေါင်းစုစိတဓါတ်၊ တပ်ပေါင်းစုချမှတ်ထာတဲ့ မူဝါဒလမ်းစဉ်အတိုင်း မာမာမတ်မတ်ရပ်တည်းပြီး ချမှတ်ထားသည့် ပေါ်လစီအတိုင်း လိုက်နာကျင့်သုံးသွားနယ်ဆိုရင် တပ်ပေါင်းစုကို မုချခိုင်မာစေပြီး အောင်မြင်မှုပန်းတိုင်ကို အမြန်ရရှိနိုင်မယ်လို့ ကျွန်တော်ပြောလိုပါတယ်၊ ဒါကြောင့်ကျနော်တို့တဖွဲ့ခြင်း၌ဖြစ်စေ၊ တပ်ပေါင်းစုအတွင်း၌ဖြစ်စေ ခိုင်မာညီညွှတ်စွာ လက်တွဲပြီး နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝအောင်မြင်သည့်အထိ ဖြစ်နိုင်သည့်နည်းလမ်းများ၊ လက်တွေကျသည့် နည်းလမ်းများကို ကိုင်တွယ်ကျင့်သုံးရင်း မဆုပ်မနစ်သောဇွဲလုံ့လနဲ့ အရှူံး မပေး နောက်မဆုတ်တန်း ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း တပ်လှန့်နိုး ဆော်လိုပါတယ်။

လေးစားအပ်တဲ့ခေါင်းဆောင်များနဲ့အဖွဲ့ဝင်များခင်ဗျား- ကျနော်တို့ နိုင်ငံရဲ့ကာလရှည် ကြာလွန်းလှပြီဖြစ်တဲ့ ပြည်တွင်းစစ်မီးကြီးဟာ ဒီအာဏာရှင်စစ်အုပ်စုတွေရဲ့ ကိုယ်ကျိုးအတွက် တဖက်သတ် လုပ်ဆောင်မှုတွေကြောင့် ပြည်တွင်းစစ်မီးကို ပိုမိုအရှိန်ပြင်းထန်စွာနဲ့ တောက် လောင်နေတာဖြစ်တယ်။ ဒါဟာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းအရ တရားမျှတတဲ့တွေ့ ဆုံဆွေးနွေးလိုတဲ့လမ်းကြောင်းကို မကျင့်သုံးဘဲ အတားစီရတဲ့ဘက် ဟန်ပြတွေ့ဆုံးဆွေးနွေးရေး၊ အပစ် အခတ်ရပ်စဲရေးကိုလုပ်ပြပြီး၊ သူတို့ရဲ့စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒရေရှည် ချုပ်ကိုင်နိုင်ရေးအတွက်ကိုသာ အစီအစဉ်ရှိရှိနဲ့ ကျွန်တော်တို့ တိုင်းရင်းသားများ ဒေသအပေါ် မှာ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေမှာဖြစ်တယ်။လေးစားအပ်တဲ့အဖွဲ့ဝင်များခင်ဗျား ကျွန်တော်အနေနဲ့ နောက်ဆုံးပြောကြားလိုတာက  ကျွန်တော်တို့ မပြီးဆုံးသေးတဲ့ အမျိုးသားတော်လှန်ရေး လုပ်ငန်းအဝ၀ကို အဖွဲ့ဝင်တိုင်းက ကျရာတာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ပြီး တာဝန်ယူမှု အဆင့်ဆင့်နဲ့ရောက် ရာအရပ်ဒေသကနေ မိမိအမျိုးသားရေးလုပ်ငန်းများကို ဆက်လက် ထမ်းဆောင်ကြရာမှာပါ။ ကျရာတာဝန်များကို လက်တွေ့ကျကျနဲ့ စနစ်တကျလုပ်ဆောင်နိုင်ဖို့အတွက် အမြဲမပြတ်လေ့လာသင်ယူမှုတွေကို အစဉ်အမြဲလုပ်ဆောင်ကြဖို့ လိုပါတယ်။ ဒါမှလဲမှန်ကန်တဲ့အသိအမြင်၊ မှန်ကန်တဲ့အတွေးအခေါ် မှန်ကန်တဲ့ခံယူချက် သဘောထား ရရှိနိုင်မှာဖြစ်ပြီး မှန်ကန်တဲ့လုပ်ဆောင်ချက်ကို ချမှတ်လုပ် ဆောင်နိုင်ကြမှာဖြစ်တယ်။ဒါကြောင့် စိတ်ဓါတ်ပိုင်းစွမ်းရည်မှာ  တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်ဓါတ်၊ မိဘပြည်သူ ကိုချစ်တဲ့စိတဓါတ်၊  ခိုင်မာတဲ့အမျိုးသား တော်လှန်ရေးစိတ်ဓါတ်၊ ရဲဘော်ရဲဘက်စိတ်ဓါတ် ရှိရမယ်။ အချင်းချင်း ကြားစည်းလုံးညီညွတ်မှုရှိရှိနဲ့ ကျွန်တော်တို့ နိုင်ငံရေးရည်မှန်ချက်ပန်းတိုင် မရောက်မချင်း ပေးအပ်တဲ့တာဝန်ကို တတ်စွမ်းသမျှကျေပွန်အောင် ကြိုးပမ်း ကြရမှာဖြစ်တယ်။ အမျိုးသား အတွက် အသက်ပေးလှူစွန့်လွှတ်ခဲ့ကြတဲ့ ကျွန်တော်တို့အာဇာနည် ခေါင်းဆောင်ကြီးများ ၊ရဲဘော်ရဲမေများနဲ့ ကျွန်တော်တို့မိဘပြည်သူအပေါင်းတို့ရဲ့ ကျေးဇူးသစ္စာ တရားတွေကို အစဉ် အမြဲလေးစားဂုဏ်ပြုနေရမှာဖြစ်သလို၊ ခိုင်မြဲတဲ့ စည်းလုံးညီညွတ်မှုနဲ့ ကျရာတာဝန်တွေကို ဉီးလည်းမသုန် ကျေပွန်အောင် ကြိုးပမ်း လုပ်ဆောင် ကြပါလို့ တိုက်တွန်း ရင်းနိဂုံးချုပ်အပ်ပါတယ်။ အးလုံးကိုကျေးဇူးတင်ပါတယ်၊

မိုင်းအိုက်ဖုန်း

ဥက္ကဌ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

၁၂ရက်၊ဇန်နဝါရီလ၊ ၂၀၁၂

 

Last Updated ( Tuesday, 22 May 2012 03:08 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links