You are here: Home ARTICLES တအာင်းမျိုးဆက်သစ် အနာဂတ်လုံခြုံရေး

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

သိန္နီမြို့၊ အထ (၂) ၆၉ တပ်ကျောင်းမှာ အသက် ၅ နှစ် ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရ

၂၀၁၇ ခုနှစ်၊ ဇန္န၀ါရီလ (၃၁) ရက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက် မွန်းလွဲပိုင်း ၁း၀၀ နာရီ အချိန်တွင် သိန္နီမြို့၊ အထ (၂)၆၉ တပ်ကျောင်း မှ ကျောင်းစောင့် ဦးဝင်းညွန့်က ကောင်းလက်ကျေးရွာအုပ်စု၊ ကောင်းလောက်စောက် ကျေးရွာနေ  အသက် ၅ နှစ်အရွယ် လွေး….. ကို မုန့်န...

တအာင်းမျိုးဆက်သစ် အနာဂတ်လုံခြုံရေး

E-mail Print PDF

(၁) နမ့်ဖတ်ကာ… မန္တလေး-လားရှိုး-မူဆယ် ကားလမ်းမကြီးပေါ်မှာရှိတဲ့ မြို့လည်းမကျ ရွာအဆင့်ထက်လည်းမကတဲ့ ခရီးသွားပြည်သူတထောက်နားကြတဲ့ ရွာကြီး။ တအာင်းရွာကြီးတရွာ။

စီးပွားရေးလုပ်ကိုင်စားသောက်လို့ကောင်းလမ်းပမ်းဆက်သွယ်ရေးလည်းအချက်အချာကျတော့ တအာင်း၊ ရှမ်း၊ ကချင်၊ ဗမာ၊ တရုတ် လူမျိုးစုံစုပေါင်းနေထိုင်ကြတာပါ။

ခရီးတထောက်နားရာဆိုတော့ ထမင်းဆိုင်တွေကခပ်များများ။ အဆင့်မီမီဗူဖေဲးလ်စတိုင် စားချင်လည်းရတယ်။ ၁၅၀၀-၂၀၀၀ ကျပ်ပဲ။ ကျပ်ငွေ ၅၀၀ နဲ့တခါပြင် ၀မ်းဝရုံစားချင်လည်းရတယ်။ ဒါကြောင့် ခရီးသွားပြည်သူနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ကားဆရာတွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ ဆုံဆည်းရာခေတ္တနားခိုရာ။

ဒီထမင်းဆိုင်တွေထဲမှာမှအဆင့်မြင့်ဆုံးဆိုင်တဆိုင်ဖြစ်တဲ့ “မောဝ်ရှမ်း” စားသောက်ဆိုင်မှာကျနော်တို့အဖွဲ့ ခရီးတထောက်နား နေ့လည်စာဝင်စားကြပါတယ်။ စိတ်ကြိုက်ဟင်းတွေကိုကိုယ်တိုင်ခူးထဲ့ပြီးအတို့အမြုပ် တွေနဲ့စားရတာမို့ တကယ်ကိုမြိန်ရီယှက်ရီပါပဲ။

ထမင်းစားပြီးပုလင်းထဲကထန်းလျှက်ခဲလေးနှိုက်ပြီး ၀ါးမယ်ကြံတုန်း Light Truck ကားလေးသုံးစီးဆိုင်ရှေ့ကိုဆက်တိုက် ထိုးဆိုက်လာပါတယ်။ကားမောင်းသူတွေနဲ့ ခေါင်းဆောင်လို့ထင်ရသူတွေကကားပေါ်ကဆင်းလာကြပြီး ထမင်းဝင်စားကြပါတယ်။

အဲဒီကားသုံးစီးပေါ်မှာ ၅-၆ နှစ်ကနေ ၁၄-၁၅ နှစ်အထိဆိုက်စုံအရွယ် ကောင်လေး၊ ကောင်မလေး၊ ကိုရင်လေးနဲ့သီလရှင်လေးလေးငါးပါးတွေ့ရပါတယ်။ ကားတစီးကိုကလေး ၂၀ ကျော်ဆိုတော့ သုံးစီးမှာ ၆၀ ကျော်။

ဒီကလေးတွေဘယ်ကိုသွားမှာပါလိမ့်။ကားမောင်းသူတွေ ဆရာတွေ ထမင်းစားရင်းစကားပြောတဲ့အသံကို ဆ၀ါးကြည့်လိုက်တော့ အားပါးပါးတကယ့်ကောင်းမှုပြုသူတွေပါလား။ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ဒေသကကလေးတွေကို နိုင်ငံတော်ကဖွင့်လှစ်တဲ့ နတလကျောင်းတော်ဆီပို့ပေးမယ်တဲ့။ ကုသိုလ်ကြီးတဲ့လုပ်ငန်းပဲ။ သာဓုသာဓု … ပြည်တွင်းစစ်ဘေးဒါဏ်နဲ့ စီးပွားရေးနိမ့်ကျမှု၊ မူးယစ်ဆေးဝါးပြဿနာနောက်ဆက်တွဲဆိုးကျိုးတွေကြောင့် မိဘတွေကကိုယ့်ကလေးတွေကို ပညာတတ်အောင် ဆက်မထောက်ပံ့နိုင်ကြဘူး။

နောက်ထပ်လိုက်မဲ့သူတွေကို ပြန်သွားခေါ်ရအုံးမယ်တဲ့။ ကန္တာရသဲပြင်ကအိုအေစစ် လုပ်ငန်းဒါနကြီး။

ဦးဆောင်သူတို့တွေကိုကြည့်ရတာသန့်သန့်ပြန့်ပြန့် တကယ့်စိတ်ရင်းစေတနာဖြူဖြူစင်စင်ရှိတဲ့ သူတွေပါပဲ။ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တောင်ပေါ်ဒေသကကလေးတွေကိုကူညီကယ်ဆယ်ဖေးမတဲ့စေတနာရှင်တွေ… တကယ်ကို ကြည်နူးပီတိဖြစ်စရာပါ။

သူတို့လုပ်ငန်းကိုမုဒိတာပွားလို့ကောင်းပေမဲ့ ခရီးဆက်ရမှာမို့ ကားရှိရာကိုထွက်လာရင်းအဲဒီ Light Truck ကားလေးတွေအနားသွားရင်းကလေးတွေကိုစူးစမ်းကြည့်မိတယ်။

ကလေးတွေကငိုသူငို၊ စကားပွားသူပွားသေသေချာချာနားစွင့်လိုက်မှပဲအားပါးပါး… ကလေးတွေအားလုံးကကိုယ့်အမျိုးတွေပါလား။ ရူမှာည်းစကားတွေပြောနေလိုက်ကြတာ။တို့ တအာင်းမျိုးဆက်သစ်တွေ။

(၂)လူကတော့ ကားနဲ့အတူပါသွားပေမဲ့ စိတ်ကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့ အပြစ်ကင်းတဲ့ ကလေးငယ်တွေဆီရောက်နေတယ်။ ပြီးတော့ “ဟယ်အဲနံန်ဟောဝ်၊ နံန်ပျောလော၊ ဟယ်မားအော” လို့ပြောနေတဲ့ ကလေးအသံကနားထဲကနေမထွက်ဘူး။

အခုကလေးခြောက်ဆယ်ကျော်ကတော့နိမ့်ကျမှုဒါဏ်ကလွတ်မြောက်နိုင်မဲ့ ပညာသင်တဲ့အခွင့်အရေးရရှိသွားပြီ။ ဒါပေမဲ့ နိမ့်ကျခေါင်းပါးရာတအာင်းဒေသမှာကျန်နေတဲ့ ကလေးလူငယ်အများစုကိုဘယ်သူကူမှာလဲ။

ခေတ်အဆက်ဆက်စစ်ပွဲဒဏ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးမှုနောက်ကျတဲ့ဒဏ်၊ မူးယစ်ဆေးဝါးဒဏ်တွေကြောင့် ဒေသခံမိဘပြည်သူတွေ နလံမထူနိုင်အောင်နိမ့်ကျနေရတယ်။ ကလေးတွေရဲ့အနာဂတ်ဟာဘယ်ဆီမှာလဲဖြေဖို့ခက်နေပြီ။ စီးပွားရေးကျပ်တည်းလို့ လူငယ်လူရွယ်အများစုကလည်းတဘက်နိုင်ငံမှာရွှေ့ပြောင်းအလုပ်လုပ်တာကအများစု။ တချို့ရွာဆိုရင် လူပျို၊ အပျို အရွယ်ကောင်းတွေ မရှိသလောက်နဲကုန်ပြီ။

ကျနော်တို့ မျိုးဆက်တွေကိုကျနော်တို့ဘယ်လိုမွေးမြူမလဲ၊ ပြုစုပျိုးထောင်ပေးမလဲ။ ကျနော်တို့ တအာင်းလူငယ်မျိုးဆက်တွေ နတလကျောင်း၊ ရဲညွန့်ကျောင်း၊ ပရဟိတနဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ ရှင်သန်နေရတာဆယ်စုနှစ်ပေါင်းအတော်ဖြတ်သန်းပြီးပြီ။ အခုထက်ထိတအာင်းမျိုးဆက်သစ်အနာဂတ်အတွက် လုံခြုံစိတ်ချရမဲ့ လေ့ကျင့်ပြုစုပျိုးထောင်ရာဌာနေ၊ ကျောင်းသီးသန့် တိတိကျကျမရှိသေးဘူး။ မလုပ်နိုင်သေးဘူး။

မြန်မာပြည်အောက်ပိုင်းအနယ်နယ်အရပ်ရပ်ကဘုန်းကြီးကျောင်းတွေမှာကျနော်တို့ တအာင်းလူငယ်တွေကိုဆက်တိုက်ပို့လာတာ တနှစ်ကိုရာကြီးပိုင်းထောင်ဂဏာန်းနဲ့။ဆယ်စုနှစ် နှစ်စုကျော်ကာလအတွင်းပေါင်းလိုက်ရင် လူငယ် တသောင်းမလျော့နိုင်ပါဘူး။ ဓမ္မစရိယကျမ်းအောင် စာတတ်ပေတတ်ပါရဂူဘွဲ့ရ ရဟန်းတွေတော့ ထွက်ပေါ်လာပါရဲ့။ ဒါပေမဲ့ ရွာကိုစွန့်ပြီးထွက်လာတဲ့ အရေအတွက်နဲ့စာရင် အတော်နဲတယ်လို့ ပြောနိုင်တယ်။ အတော်နဲတဲ့ စာတတ်ပုဂ္ဂိုလ်ရဟာန်းတော်တွေ တက်တက်ကြွကြွနဲ့ အမျိုးသားရေး၊ စာပေအရေး ၀ိုင်းလုပ်ကြတာတော့ တကယ့်ဂုဏ်ယူစရာပါ။

ရွာကနေထွက်ပြီးဘုန်းကြီးကျောင်းအမှီအခိုနဲ့ နည်းအမျိုးမျိုးပညာရှာကြတဲ့ လူငယ်အရေအတွက်နဲ့ လက်တွေ့ ပြန်အကျိုးပြုနိုင်တဲ့ လူငယ်လုပ်အားကို ပြန်တွက်ကြည့်ရင်တော့ အားမရစရာပါ။ ဘုန်းကြီးကျောင်းနေပြီး စာဝါ ဆက်မတက်နိုင်လို့ လူပျံတော်လုပ်သူတွေ၊ နဂိုကတည်းကဘုန်းကြီးကျောင်းမှီပြီးကျောင်းတက်တဲ့လူငယ်တွေ တကယ့် အမျိုးသားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်မှာထိထိရောက်ရောက် စိုးမိုးဦးဆောင်နိုင်စွမ်းရှိတဲ့ ကျနော်တို့လူငယ်တွေဘယ်နှယောက်ထွက်ပေါ်လာသလဲ။ ကိုယ့်မွေးရပ်မြေဒေသအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပြန်ဦးဆောင်နေကြသလဲ။

ကျနော်တို့ အသေအချာစမ်းစစ်တွက်ချက်ကြည့်မယ်ဆိုရင် ပမာဏအင်မတန်နဲပါတယ်။ နှစ်စဉ် ရွာကနေထွက်ပြီးပညာဥစ္စာရှာဖွေရုန်းကန်တဲ့အရေအတွက်နဲ့ ကျနော်တို့ ပြန်ရတဲ့အကျိုးသက်ရောက်မှုကအဆမတန်ကွာပါတယ်။ ဒါပေမဲ့ ကျနော်တို့တအာင်းလူငယ်တွေဖွံ့ဖြိုးတိုးတက်ဖို့ ဘုန်းကြီးကျောင်းအခန်းကဏ္ဍကလည်းမရှိမဖြစ်အရေးကြီးတာသေချာပါတယ်။

ဖောင်တော်ဦးပရဟိတကျောင်းလိုမျိုးလည်းကျနော်တို့ တအာင်းလူငယ်အတွက်တကယ်အားထားစရာပါ။ ဒါပေမဲ့ အဲသလိုပရဟိတဌာနေတွေ ကျနော်တို့အတွက် သိပ်နည်းနေပါသေးတယ်။ နည်းတဲ့အပြင် တကယ့်ကိုတအာင်းအမျိုးသားတရပ်လုံးကိုဦးဆောင်ပေးနိုင်မဲ့ ခေါင်းဆောင်ကောင်းတွေ မွေးဖွားပေးနိုင်တဲ့ရာခိုင်နှုန်းက တကယ်အားရကျေနပ်မှု မရှိနိုင်သေးပါဘူး။

(၃)အစိုးရကလုပ်တဲ့ နတလ၊ စစ်ကိုင်းတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး၊ ရဲညွန့်ကျောင်းဒါတွေကကောကျနော်တို့လူငယ်တွေအတွက် ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိသလဲ။ ဆယ်စုနှစ်ကျော်ကာလအတွင်းကျနော်တို့လူငယ်တွေ အနဲဆုံးထောင်ဂဏာန်းကျော်တော့ အဲဒီဌာနေတွေမှာပညာဆည်းပူးခဲ့ပါပြီ။

ပညာတော်သူတွေကိုတသီးပုဂ္ဂလတဦးချင်းစီတွက်ချက်ကြည့်ရင်တော့ သူတို့ဘဝအတွက်တော့ အဆင်ပြေမှု အတိုင်းအတာတစုံတရာအာမခံမှုရသွားကြပါပြီ။ ကျောင်းဆရာ၊ စစ်ဗိုလ်၊ စည်ပင်ဦးစီးမှူး စသဖြင့် နယ်ပယ် အသီးသီးမှာသူတို့အလုပ်တွေရသွားကြပါပြီ။

ဒါပေမဲ့ အဲသလိုဖြစ်မြောက်လာတဲ့ အရေအတွက်ကဘယ်လောက်ရှိသလဲ။ အရေအတွက် ရာဂဏာန်းတော့ မရှိသေးဘူးထင်ပါတယ်။ အဲဒီရာဂဏာန်းထဲမှာမှ ကိုယ့်ရပ်ရွာဖွံ့ဖြိုးဖို့အမျိုးသားရေးတိုးတက်ဖို့ ဘယ် နှစ်ယောက်ပြန်လုပ်နိုင်သလဲ။ သူတို့က နိုင်ငံ့ဝန်ထမ်းတွေဖြစ်တာမို့ ကျရာတာဝန် ကျရာဒေသမှာအမှုထမ်းနေရတာဆိုတော့ ကျနော်တို့မျှော်မှန်းသလို ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းအတော်နဲပါတယ်။ ပြီးတော့ ကျနော်တို့မှာတိကျခိုင်မာတဲ့ အဖွဲ့အစည်းတရပ်မရှိသေးတာကြောင့် အဲဒီလူငယ်တွေကို ပြန်စည်းရုံးသိမ်းသွင်းနေရာပေး နိုင်တဲ့ အနေအထားမရှိတာကလည်းတကယ့်နစ်နာမှုတရပ်ပါ။

ဒီတော့ဆယ်နှစ်ကျော် မြန်မာကျောင်းမှာပညာသင်၊ မြန်မာစကားပြော၊ မြန်မာအထာကျနေတဲ့ ကျနော်တို့ရဲ့ အဲဒီတအာင်းလူငယ်တွေ ကျောင်းပြီးအလုပ်ရ၊ အခြားနယ်မြေဒေသတွေမှာတာဝန်ကျရင်းအခြားလူမျိုးတွေနဲ့ အိမ်ထောင်ကျတာကအများစုပါ။ သူတို့အတွက် တအာင်းမျိုးဆက်က သူတို့ဘ၀လက်ထက်မှာမျိုးဆက်ပြတ်သွားမှာတောင် စိုးရိမ်ရတဲ့အနေအထားပါ။ သူတို့အများစုကတအာင်းစကားသိပ်မပြောတော့ပါဘူး။ သူတို့ကနေပေါက်ဖွားလာတဲ့ သားသမီးတွေဆိုရင်တော့ တအာင်းစကား… ဘာစကားလဲလို့ မေးမိနေမလားပဲ။

လူအများစုနဲ့တွက်ကြည့်သုံးသပ်မိတာပါ။ အရေအတွက်နဲနဲတကယ့်မျိုးချစ်စိတ်ရှိသူတွေကတော့ တတ်နိုင် သလောက်ထိန်းနိုင်ပါသေးတယ်။ တအာင်းအစုအဖွဲ့တွေနဲ့လည်းထိတွေ့ဆက်ဆံကြပါတယ်။ ဒါပေမဲ့ သိပ်နဲပါတယ်။

ဒီလိုပုံစံနဲ့ အစိုးရရဲ့ ဖွံ့ဖြိုးမှုအစီအစဉ်အတိုင်းတာ ဆက်လက်ခံနေမယ်ဆိုရင်တော့ နောက် နှစ်သုံးဆယ်၊ နှစ်ငါးဆယ်၊ နှစ်တရာ ကျနော်တို့ တအာင်းလူမျိုးတွေ ဘာလဲ?ဘယ်လဲ?

လောလောလတ်လတ် တွေ့လိုက်ရတဲ့ နတလကျောင်းတက်မဲ့ ကျနော်တို့မျိုးဆက်သစ်ကလေးတွေရယ်… သူတို့တတွေကောအနာဂတ်ကဘာလဲ? ဘယ်လဲ?

(၄)အခုဆိုရင် ပြည်တွင်းစစ်ဒါဏ်ကမလွတ်မြောက်နိုင်သေးတာမို့ တအာင်း၊ ကချင်၊ တောင်ရှမ်း၊ မြောက်ရှမ်းလက်နက်ကိုင်တော်လှန်ရေးထဲ ဘ၀ပေးနေရတဲ့ကျနော်တို့ တအာင်းလူငယ်တွေ …

ကံကြမ္မာအလှည့်အပြောင်းအမျိုးမျိုးသောအခြေအနေတွေကြောင့် ဗမာတပ်မှာစစ်မှုထမ်းပြီး၊ အစိုးရရဲ့ဝန်ထမ်းလုပ်ပြီးတိုင်းရင်းသားဖိနှိပ်တဲ့ယန္တရားမှာ ပါဝင်နေရတဲ့ တအာင်းလူငယ်တွေ…

စီးပွားရေးကျပ်တည်းနိမ့်ကျမှုကြောင့် တရပ်တကျေးနဲ့ ပြည်ပတိုင်းပြည်ကိုထွက် အစေခံ၊ အလုပ်သမားအဖြစ် ဦးနှောက်၊ သွေးသားရင်းနှီးပြီးအလုပ်ထွက်ရှာနေကြရတဲ့ တအာင်းလူငယ်တွေ …

လူမျိုးစုငယ်ပပျောက်ရေးစီမံချက်အတွက် မူးယစ်ဆေးဝါးသုံးစွဲ ယစ်မူးပျက်စီးရေးကို မြန်မာလူမျိုးကြီးဝါဒီတစုက စနစ်တကျလုပ်နေတာကြောင့် မူးယစ်ဆေးဝါးကျေးကျွန် ဖြစ်နေတဲ့ တအာင်းလူငယ်တွေ …

ငါးကျင်းဆီနဲ့ ငါးကျင်းကိုပြန်ကြော်ပြီးအရသာရှိရှိထိုင်စားမဲ့ မဟာလူမျိုးကြီးတွေရဲ့ နတလပညာရေးစီမံချက်မှာအကြောင်းမျိုးစုံကြောင့် လည်စင်းခံပေးဆပ်နေရတဲ့ တအာင်းလူငယ်တွေ …

ပြည်တွင်းစစ်၊ မူးယစ်ဆေးဝါး၊ စီးပွားရေးကျဆင်းမှု ဒါဏ်တွေကြောင့် ပညာကောင်းကောင်းမသင်နိုင်တဲ့ စနစ်ဆိုးရဲ့ သားကောင်တွေဖြစ်နေရတဲ့ တအာင်းလူငယ်တွေ …

ဒီအရေးကိစ္စရပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့တအာင်းလူငယ်တွေအတွက် ကျနော်တို့ ဘာလုပ်ကြမလဲ။ ရေတိုစီမံချက်အတွက် ဘာလုပ်ဆောင်မလဲ။ ရေရှည်စီမံချက်အတွက် ဘာတွေပြင်ဆင်လုပ်ဆောင်မလဲ။ သေချာတာကတော့ ဒီအတိုင်းပဲကျနော်တို့ တအာင်းမိဘပြည်သူတွေ တင်းတိမ်ရောင့်ရဲလမ်းလွဲကြီးကိုလက်ခံနေအုံးမယ် ဆိုရင်တော့ …

(၅)ကျနော်တို့ တအာင်းလူမျိုးကိုကာကွယ်ရပ်တည်ဖို့ ကျစ်လစ်အားကောင်းပြီးအမြဲရှင်သန်တက်ကြွနေတဲ့ အဖွဲ့အစည်းတရပ် မရှိမဖြစ်လိုအပ်တယ်။

ကျနော်တို့ရဲ့ သဘာဝရေမြေသယံဇာတတွေကိုအကျိုးရှိရှိကာကွယ်ထိန်းသိမ်းအသုံးပြုစံမံခန့်ခွဲနိုင်မဲ့ ခေတ်နဲ့အညီစုစည်းထားတဲ့ တအာင်းအုပ်ချုပ်ရေးအဖွဲ့အစည်းတရပ်လိုမယ်။

တအာင်းလူငယ်နဲ့အမျိုးသမီးဘ၀တွေကို ရေရှည်မြင့်တင်ကာကွယ်ပေးနိုင်မဲ့ တက်ကြွလှုပ်ရှားပြီးစည်းစနစ်ကျတဲ့ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့ လိုမယ်။

အနာဂတ်တအာင်းလူထုတရပ်လုံးကိုဦးဆောင်အလုပ်အကျွေးပြုနိုင်မဲ့ ပညာရပ်တွေလေ့လာဆည်းပူးသင်ယူနိုင်မဲ့ ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် စည်းကမ်းရှိပြီးလူမျိုးရေးဖွံ့ဖြိုးတိုးတက်မှုကိုရှေ့ရှုနိုင်မဲ့ ဘာသာရေးကျောင်း၊ ပရဟိတကျောင်း၊ အခမဲ့ပညာရေးကျောင်းတွေ များများလိုအပ်မယ်။ … … … စသဖြင့် လိုအပ်ချက်တွေအများကြီးရှိပါလိမ့်မယ်။

ဒီလိုအမျိုးသားရေးဖွံ့ဖြိုးတိုးတက်နိုင်မဲ့အခြေခံအဆောက်အအုံလုပ်ငန်းတွေကိုကျနော်တို့ အားလုံး ၀ိုင်းဝန်းစုစည်း လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ … တအာင်းလူငယ်တွေရဲ့ဘ၀ ပိုမြင့်တက်လာမယ်။ ကျနော်တို့ တအာင်းမျိုးဆက်သစ်တွေရဲ့အနာဂတ် ပိုပြီးလုံခြုံ စိတ်ချရမယ်လို့ အခိုင်အမာယုံကြည်ပါတယ်။

ဒါဆိုရင် အခြားသူတွေကကျနော်တို့တအာင်ကလေးငယ်တွေကိုကားအစီးလိုက်တင်ပြီးကာလနှစ်ပေါင်းကြာညောင်းစွာ တဖက်တည်းသောမူပေါ်လစီပညာရပ်တခုတည်းကိုပဲ သင်ရတဲ့ဘ၀ကနေ အမြန်လွတ်မြောက် နိုင်လိမ့်ပါမယ်။

ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)

၂၇၊ မေလ၊ ၂၀၁၃

၁၃း၂၀ နာရီ -တနင်္လာနေ့

 

Last Updated ( Monday, 27 May 2013 10:00 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links