You are here: Home

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

မြန်မာတပ်မတော်မှ တအာင်းရွာတွင် လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဖမ်းဆီးနှိပ်စက်နေခြင်း

E-mail Print PDF

၂၀၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၇ မှ ၁၉ ရက်နေ့ထိ မြန်မာတပ်မတော်နှင့် PSLF/TNLA တို့ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ မြန်မာတပ်မတော်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် မိဘပြည်သူများ၏ ပစ္စည်းအိုးအိမ်ပျက်စီးခြင်း၊ မတရားဖမ်းဆီး နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။

 

၂၀၁၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် မြန်မာတပ်မတော် တပ်မ ၉၉ မှ လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့နယ်၊ ငေါင့ါကျေးရွာ အိမ် ၄ လုံးပျက်စီးကာ အခြားအသုံးအဆောင် ပစ္စည်းများစွာ ပျက်စီးဆုံးမှုများ ရှိနေပါသည်။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် မြန်မာတပ်မတော် တပ်ရင်းအမှတ် ၁၀၃ မှ ကွတ်ခိုင်မြို့နယ်၊ လော့ခုမ်ကျေးရွာအုပ်စု၊ ဟိုမော်ကျေးရွာနေ မိုင်းယိုင်ပိုမ်အား ဖမ်းဆီးကာ ဟိုမော်-ကောင်းလော့ ကျေးရွာသို့ လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့သည်။

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် မြန်မာတပ်မတော် တပ်ရင်းအမှတ် ၁၃၀ မှ အပြစ်မဲ့ ဟိုမော်ရွာသားဖြစ်သော မိုင်းယိုင်နောင်၊ ကွန်ယိုင်နောင်၊ ကွန်နွယ်၊ ကွန်ဆွေ၊ ကွန်စောနှင့် လွေးအီစော တို့ ၆ ဦးအား ထပ်မံဖမ်းဆီးသွားခဲ့သည်။ မိုင်းယို်င်နောင်ကို လိုက်လံရှာဖွေရာ ရွာအနီးဝန်းကျင်တနေရာတွင် အသက်ရှင်လျှက် လည်ပင်ထိ မြေမြှုပ်ထားသည်ကို ရွာသားများမှ တွေ့ရှိသဖြင့် ကယ်ထုတ်နိုင်ခဲ့သည်။ ရွာသား ၃ ဦးကို ပြင်းထန်စွာ ရိုက်နှက်ထားသည့် ဒဏ်ရာရရှိကာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီးဖြစ်သည်။ ကျန် ၃ ဦးကို ၃ ရက်ချုပ်နှောင်ထားပြီး ယနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် လွှတ်ပေးခဲ့ပါသည်။

၂၀၁၅-ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ ယနေ့အချိန်ထိ RCSS/SSA၊ မြန်မာတပ်မတော်နှင့် PSLF/TNLA တို့ တိုက်ပွဲပိုမိုပြင်းထန်ကာ ဒေသခံတအာင်းမိဘပြည်သူများမှ မတရားဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ အိုးအိမ်ပစ္စည်း များပျက်စီးခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်နေရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခါးသီးစွာ ခံစားနေရဆဲဖြစ်သည်။

Last Updated ( Thursday, 25 February 2016 13:09 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links