You are here: Home ဆက်သွယ်ရန်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

လားရှိုးခရိုင်တရားရုံးတွင် အမှန်တရားဘက်ကို ရပ်တည်ပေးသည့် တရားသူကြီးပေါ်လာပြီ

ဧပြီလ ၁ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် မတရားဖမ်းဆီးခံရသော တအာင်းလူငယ် မိုင်းညီအေးအား လားရှိုးခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်ခင်စန်းမြင့်မှ ပြည်သူနှင့် အမှန်တရားဘက်ကို ရဲရဲဝံ့ဝံ့ရပ်တည်ကာ ဥပဒေနှင့်အညီ လွှတ်ပေးခဲ့သည်ဟု သတင်းရရှိပါသည်။

မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်းမှုကြောင့် စစ်ဘေးရှောင်မိဘပြည်သူများ ပိုမိုများပြားလာ

မြန်မာ့တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်း PSLF/TNLA လှုပ်ရှားနယ်မြေသို့ စစ်အင်အား အဆမတန်း ပို့ဆောင်ပြီး ထိုးစစ်ဆင်းမှုကြောင့် TNLA နှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားကာ မတ်လ ၉ ရက်နေ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာနှင့် မိုင်းယုလေးတွင် စစ်ဘေးရှောင် တအာင...

မြန်မာ့တပ်မတော်မှ ဒေသခံရွာသားကို ရက်စက်စွာ ဖမ်းဆီးနှိပ်စက်

မြန်မာ့တပ်မတော် တပ်မ ၃၃၊ ၉၉ တို့မှ အပြစ်မဲ့ရွာသား တားကူန်စောကို TNLA နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ရက်စက်စွာ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု သိရပါသည်။

လက်ဖက်ခြံလုပ်သားတစ်ဦး အလုပ်လုပ်နေစဉ် မိုင်းနင်းမိပြီး လက်တဖက်ဆုံးရှုံး

ဖေဖေါ်ဝါရီ ၈ရက်။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ပိန်လုံကျေးရွာနေ အသက် ၁၅ နှစ်ရှိ ဦးလှရွှေ နှင့် ဒေါ်ယု၏ သား မိုင်းကျော်လင်းသည် ၁၁ နာရီခွဲခန့်အချိန် လက်ဖက်ခြံတွင် အလုပ်လုပ်နေစဉ် မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ယောက် သေဆုံး

ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ ငေါငါ;ကျေးရွာမှာနေ အသက် (၅) နှစ်အရွယ် ယောင်္ကျားလေး အနိုင် ခေါ် ကလေးတယောက်က နိုဝင်ဘာလ၊ ၁၉ ရက် ၂၀၁၅ နံနက် ၁၀း၃၀ အချိန်တွင် ဗုံးပေါက်ကွဲမှုကြောင်း ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း သတင်းရရှိသည်။

မန်တုန်-နမ္မတူ ကားလမ်းမကြီး ပိတ်ဆို့ထားကြောင်းကြေညာ

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ-မန်တုံ ကားလမ်းမကြီး တလျောက်လုံးကို ၂၆-ရက်နေ့ နံနက် ၁-နာရီစနေနေ့ မှစ၍ အကန့်အသတ် မရှိ ပိတ်ဆို့ထားလိုက်ကြောင်း (KIA)မှကြေညာလိုက်သည်ဟု သိရသည်။

အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် နယ်မြေဖြစ်နေသည့်အတွက် တိုက်ပွဲကြောင့် ပြည်သူလူထုများကို မထိခိုက်စေလိုသဖြင့် ပိတ်လိုက်ရသည်ဟု ကြေညာချက်တွင်ပါဝင်သည်။

 ''မနေ့ကတည်းက ဂိတ်ကို စာရောက်လာတယ်၊ ၂၅ရက် ည၁၂နာရီကျော်ပြီးနောက်ပိုင်း လမ်းတွေကို ရက် အကန့်အသတ်မရှိ ပိတ်လိုက်တယ်၊ ယာဉ်ကြီး ယာဉ်ငယ်မကျန် ဒီလမ်းကိုအသုံးမပြုကြဖို့ ညွန်ကြားထားပြီး အကယ်၍လမ်းကို အသုံးပြုပြီးတော့ မမျော်လင့်တဲ့ ဖြစ်ရပ်မျိုးကြုံလာခဲ့မယ်ဆိုရင်လည်း အဖွဲ့အစည်းမှ တာဝန်ယူနိုင်မည် မဟုတ်ကြောင်းကို ပေးပို့လာတဲ့စာထဲမှာတွေ့ရပါတယ်''လို့ မန်တုံမြို့ မှလာရှိုးသို့ ပြေးနေသော ကားဂိတ်ပိုင်ရှင် တစ်ဦးမှ အတည်ပြုပြောဆိုခဲ့သည်။

ဤလမ်းကြောင်းသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နှင့် နမ္မတူ-လာရှိုးမြို့ကြီးများသို့ ဆက်သွယ်ထားသည့် လူထုအများအားထားနေသော လမ်းကြောင်းဖြစ်သည်။ နေ့စဉ်နေ့တိုင်း ခရီးသည်တင်ကားများ၊ မော်တော်ဆိုင်ကယ်များ အမြဲတမ်းအသုံးပြုနေရသည့်လမ်းလည်းဖြစ်သည်။

''ကေအိုင်အေအဖွဲ့အစည်းကနေ ပေးပို့လာတဲ့စာက ကားဂိတ်ကိုပဲ ပို့တာဆိုပေမယ့် အစိုးရဌာနဆိုင်ရာ အားလုံးနှင့်ဒေသခံအားလုံးထံ အသိပေးတာဖြစ်ပုံရတယ်၊ မသွားကြဖို့ တားမြစ်ထားတဲ့အထဲကနေ သွားမယ် ဆိုရင်ဖြစ်လာတဲ့ ပြသာနာတွေကို ကိုယ်တိုင်ပဲ တာဝန်ယူရမယ်ဆိုတဲ့သဘော ရောက်တယ်” ဟုမန်တုံမြို့ခံတစ်ဦးမှ ပြောဆိုခဲ့သည်။

လမ်းပိတ်ရသည့်အကြောင်းရင်းမှာ ကေအိုင်အေမှ တိုက်ပွဲနယ်မြေ ဖြစ်ကြောင်းကြေညာလိုက်တာဖြစ်သလို မိုးမိတ်ဘက်မှ အစိုးရတပ်ရင်းထပ်မံတိုးချဲ့သွားဖို့ရှိတဲ့ကိစ္စကို မဖြစ်အောင် ခုခံကာကွယ်တာလည်း ဖြစ်နိုင်ကြောင်းဟု တပ်နှင့်နီးစပ်သူ တစ်ဦးက မှတ်ချက်ပေးပြောဆိုခဲ့သေးသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links