You are here: Home

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

Mar23

ကွတ်ခိုင်ဒေသတွင် KIA တပ်မှူးများမှ ဘာသာရေးပွဲတော်လည်းဖျက် စစ်သားဖမ်းဆီးစုဆောင်းခြင်းပါ တစ်ပါတည်းအတင်းအကျပ်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် အတွင်းရှိ တာမိုးညဲမြို့နယ်ခွဲ ဒေသတွင် အတင်းအဓမ္မ စစ်သားစုခံ နေရကြောင့် ဒေသခံများ သတင်းပေးပို့ချက်အရ သိရှိရပါသည်။ ထိုကဲ့သို့  စစ်သားစုဆောင်း ရာတွင်လည်း ဘာသာရေးအပေါ် ဆိုးကျိုးသက်ရောက်စေခြင်း နှင့် သဘောထား ကွဲလွဲမှုများ မကျေနပ်ချက်များဖြင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းခေါ်သွားခြင်းလည်း ဖြစ်ကြောင်း ကြားသိရပါသည်။ ဒေသခံ တအာင်းလူငယ်များကို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ မကြာခဏဆိုသကဲ့သို့ဖမ်းဆီးမှုများ ဆက် တိုက်ကြား နေရကြောင်းလည်း စုံစမ်းသိရှိရပါသည်။

Read more...
 
Mar11

နမ္မတူတွင် မြန်မာစစ်တပ်မှ မူးယစ်ဆေးဝါး ပြန့်ပွားရေး အားပေးနေ

ကျောက်မဲခရိုင် နမ္မတူမြို့နယ် ပန်ဟိုက် ရပ်ကွက် (၈) တံတားတစ်ဘက်ကမ်းအနီးတွင် နမ္မတူမြို့နယ် အခြေစိုက် တပ်ရင်းအမှတ် ၄၈၁ နှင့် တပ်မ(၇၇)တို့  ပူးပေါင်းပြီး ဒေသတွင်း မူးယစ်ကုန်သည်များ နှင့် တွဲဘက်၍ မူးယစ်ဆေးဝါး ရောင်းချခြင်း ကူညီ၍ ကူးသန်းဖောက်ကားခြင်းကို ၂၀၁၅ နှစ်စမှ ယခုလ မတ်လ ၁၁ ရက်နေ့အထိ သိသာ ထင်ရှားစွာဖြင့် ပေါ်ပေါ်တင်တင် ရောင်းချနေကြကြောင်း ကြားသိရသည်။

Read more...
 
Mar03

မိုင်းကိုင်မြို့နယ်တွင် RCSS/SSA အဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းသည့်အပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

မိုင်းကိုင်မြို့နယ်တွင် RCSS/SSA အဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းသည့်အပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

 

နေ့စွဲ။    ။ ၂၀၁၅-ခုနှစ်၊ မတ်လ (၃)ရက်နေ့

၁။ ၂၀၁၄-ခုနှစ် နှစ်ကုန်ပိုင်းမှ ယနေ့ထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် – RCSS/SSA လက်အောက်ခံ မိုင်းကိုင်မြို့နယ်အခြေစိုက် တပ်မ ၃၃၇၊ ထိန်းချုပ်နယ်မြေ အမှတ်- ၉ ဦးဆောင်သူ စ၀်ဟန်ကျန်မှ တအာင်းရွာအပါအ၀င် အခြားတိုင်းရင်းသားရွာများကို တပ်သားသစ် အတင်းအကျပ်စုဆောင်းမှုကြောင့် ကျေးရွာ ပေါင်း ၈၀ ၀န်းကျင် လူငယ်လူလတ်အရွယ် ၂၀၀၀ ကျော် မိမိနီးစပ်ရာ နေရာဒေသတွင် ထွက်ပြေးတိမ်ရှောင် နေရကြောင်း သိရှိရသဖြင့် အလွန်ပင် စိုးရိမ်မိပါသည်။

Read more...
 
Mar03

နမ့်ခမ်းမြို့နယ်တွင် ဒေသခံလူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် လွယ်ရိုင်ကျေးရွာ အုပ်စု လွယ်ရိုင်ကျေးရွာပိုင် ရွာဟောင်းအကျော်တွင် ဒေသခံတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ အရေးပေါ်ဆေးရုံတင်ထားရကာ အတွင်းလူနာအဖြစ် ခွဲစိပ်ကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

Read more...
 
More Articles...
Page 7 of 81

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links