You are here: Home NEWS ကျောက်မဲဒေသတွင် တအာင်းသမိုင်းအမွေအနှစ်တစ်ခုဖြစ်သည့် စည်တော်ကြီးဖျက်စီးခံရ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

ကျောက်မဲဒေသတွင် တအာင်းသမိုင်းအမွေအနှစ်တစ်ခုဖြစ်သည့် စည်တော်ကြီးဖျက်စီးခံရ

E-mail Print PDF

ကျောက်မဲခရိုင် လွယ်အန်ကျေးရွာအုပ်စု မန်စပ်ကျေးရွာဂေါပကပိုင် ၂ လုံးတည်းသော ထမင်းစားအိုးစည်အနက် တစ်လုံးမှာ ရှမ်းတပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦးက ဖျက်စီးလိုက်ခြင်းကြောင့် ပျက်စီးသွားရကြောင်း ကြားသိရသည်။

မန်စပ်ကျေးရွာသည် အိမ်ခြေ ၆၀ ကျော်ရှိကာ၊ဗုဒ္ဓဘာသာဝင်များဖြစ်ကြကာ ဗုဒ္ဓဘာသာများ၏ သီတင်းသီလဆောက်တည်သည့် ဥပုဒ်နေ့ ရောက်တိုင်း တရားအားထုတ်သူများအား နိဗာန်ဆော်အဖြစ် ထိုစည်တော်ကြီးကို တီးခတ်ခြင်းဖြစ်သည့်အပြင် လူငယ်လူရွယ်များ မှ သီလယူသူ ဘိုးဘွားများအတွက် အဟာရအတွက် ပြင်ဆင်ခြင်း ကာယ ဒါနလုပ်ငန်းအလှူတွင် ပါဝင်နိုင်ရေးနိုးဆော်ခြင်းလည်းဖြစ်သည်။ အခါကြီး ရက်ကြီးများ ပွဲလမ်းသဘင် ကျင်းပချိန်တွင် လည်းတီးခတ်လေ့ရှိသော သမိုင်းအစဉ်အလာ ရှိသော စည်တော်ကြီးလည်း ဖြစ်သည်။ ရေသောက်စည်တော်၊ မြေစားစည်တော်၊ ထမင်းစားစည်တော် ရှိရာတွင် ထမင်းစားစည်မှာ သမိုင်းအမွေအနှစ်တစ်ခု ဖြစ်သည်။

အချင်း ၂၀ လက်မ ပါတ်လည်ရှိကာ အရှည် ၃ ပေခွဲ ရှိသည်။ တအာင်းလူမျိုးများ၏ အလေးအမြတ်ထားသည့် ရိုးရာအဖြစ် ပုံမှန်တီးခတ်ရသည့် ထမင်းစားအိုးစည်ကြီး ၂ လုံးစလုံးမှာ နှစ်ရှည်လများစွာ ကြာမြင့်နေပြီဖြစ်သဖြင့် သရေများဆွေးမြေ့ခြင်းကြောင့် သရေ အသစ်လဲယူချိန်တွင် ဖျက်ဆီးခံရခြင်းလည်းဖြစ်သည်။ သြဂုတ်လ ၁၆ရက် အဖိတ်ရက်နေ့ အကြို နေ့ လည် ၁၂ နာရီခန့် ၌ ဘုရားကျောင်း ဂေါပက အဖွဲ့ များက အိုးစည်မှ သရေအသစ်အား တပ်ဆင်ပြီး ကြိုးညှိထားကာ နေပူ လှန်းထားချိန်တွင် အမှတ်(၆၂၁)တပ်ရင်း ရှမ်းပြည်တပ်မတော်မှ နယ်လည့်စစ်ကြောင်း တစ်ကြောင်းဖြစ်သည့် စ၀်ကိန်ပန် ဦးဆောင်စစ်ကြောင်းအဖွဲ့ မှ တပ်ကြပ်ကြီးတာဝန်ရှိသူသည် အိုးစည်အား အကြောင်းမရှိဘဲ ရေဖြင့်လောင်းကာ အိုးစည်အလည် ဗဟိုကို လည်း သံချွန်ပါသော တောင်ဝှေးဖြင့် ရိုက်ဖောက်ခဲ့သဖြင့် သရေမှာ ပေါက်ပြဲသွားပြီး အသုံးမ၀င်တော့ကြောင်း ကြားသိရသည်။

ထိုအခြေအနေတွင် ပြစ်မှုကျူးလွန်သူ တပ်ကြပ်ကြီးမှာ အရေးမကြီးကြောင်းနှင့် မိမိအနေဖြင့်လည်းတာဝန်မရှိပါ ကြောင်း ငြင်းဆိုခြင်းပြုသည့်အပြင်၊ လျော်ကြေးလည်းမလိုအပ် တောင်းပန်စရာ ကိစ္စမဟုတ်ဟု ပြောကာ စစ်ကြောင်းနှင့်အတူ တစ်ခြားတစ်နေရာသို့ရှောင်ထွက်သွားကြောင်းကြားသိရသည်။ ယင်းကိစ္စရပ်အတွက် နယ်ခံ ဆရာတော်မှ ပြန်လည်တာဝန်ယူပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း ဆရာတော်နှင့် ဂေါပကအဖွဲ့များ ရပ်မိရပ်ဖများရှေ့မောက်တွင် မချေမငံ ဆက်ဆံသွားခဲ့သေးကြောင်းလည်း သိရသည်။

ထိုကိစ္စရပ်အတွက်လည်း ဆရာတော်နှင့်ရပ်မိရပ်ဖများ မှ မကျေမနပ်ဖြစ်နေကြပြီး သူတစ်ပါး၏ ရိုးရာဓလေ့ကို လွယ်လွယ်နှင့် ဖျက်ဆီး ခြင်းအတွက် တာဝန်ယူ ရန်လ အပ်ကြောင်းနှင့် နောင်ဖြစ်လာပါက တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီအထိ တိုင်ကြားမည်ဖြစ်ပြီး ထိရောက်စွာ အရေးယူခြင်းပြုလုပ်မည့်အပြင် ရွာအတွင်း ၀င်ခွင့် လည်းပိတ် ပင်မည်ဖြစ် ကြောင်းသိရသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links