You are here: Home NEWS အစိုးရစစ်ကြောင်းတပ်မ(၈၈) နှင့် တအာင်းအမျိုးသားရေးတပ်မတော်တို့ တိုက်ပွဲကြောင့် ရွာသား(၁)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန် ရရှိ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

အစိုးရစစ်ကြောင်းတပ်မ(၈၈) နှင့် တအာင်းအမျိုးသားရေးတပ်မတော်တို့ တိုက်ပွဲကြောင့် ရွာသား(၁)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန် ရရှိ

E-mail Print PDF

၂၀၁၄ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၉)နာရီ မိနစ်(၂၀)ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာ နှင့် မန်စပ်ကျေးရွာကြား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁၁၂)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) တို့နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှုအပြီးတွင် အွယ်လောကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာသားဖြစ်သူ မိုင်းညီနိုင်ဂျားနှင့် မိုင်းယိုင်သန်းထွန်း တို့နှစ်ဦး နမ့်ခမ်းမြိုသို့ အလှူပစ္စည်းဝယ်ရန်သွားစဉ် ဗုံးလက်နက် ဒဏ်သင့်ပြီး တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။

ြ ဖြစ်စဉ်မှာ မန်ကောင်းကျေးရွာဘုန်းကြီးကျောင်း ဥပုဒ်သည်များအတွက် လိုအပ်သောပစ္စည်းများ ဝယ်ရန်အတွက် ညီနိုင်ဂျားနှင့် ယိုင်သန်းထွန်း တို့နှစ်ဦးသည် ဆိုင်ကယ်ဖြင့် နမ့်ခမ်းဈေးသို့သွားရာ တပ်မ (၈၈) စစ်ကြောင်းရှိရာအနီးတွင် ဗုံးပေါက်ကွဲ ထိမှန်ခြင်းဖြစ်သည်။ တပ်မ(၈၈)စစ်ကြောင်းမှ ဗုံးထိမှန်သည့် ၄င်းတို့နှစ်ဦးအား တအာင်းလက်နက်ကိုင်ဆိုပြီး သံသယဖြင့် လက်ထိပ်ခတ်ကာ ခေတ္တဖမ်းဆီးထားသည်ဟု သိရသည်။

" ဗုံးပေါက်ပွဲပြီးတဲ့နောက်မှာ မြန်မာစစ်တပ်က သူတို့နှစ်ယောက်ကို တအာင်းလက်နက်ကိုင် ဘက်ကဆိုပြီး လက်ထိပ်ခတ်ထားလိုက်သေးတယ်.. သူတို့သေချာ စစ်ဆေးကြည့်လိုက်တော့ ရွာသားဖြစ်နေတဲ့အပြင် ဒဏ်ရာကလည်း အရမ်းပြင်းထန်နေလို့ နမ့်ခမ်းဘက်ကလာတဲ့ ဆိုင်ကယ်တစ်စီးကို ထားပြီး သူတို့နှစ်ယောက်စလုံးကို နမ့်ခမ်းဆေးရုံပို့ခိုင်းတယ် ဒါပေမယ့် မိုင်းညီနိုင်ဂျားကတော့ နမ့်ခမ်းမှာပဲဆုံးသွားတယ်"ဟု မိသားစုအသိုင်းအဝိုင်း ကဆိုသည်။

ယင်းတိုက်ပွဲဖြစ်စဉ် တပ်မ (၈၈)ဘက် မှ လမ်းပြ အဖြစ်ခေါ်ဆောင်လာသော: ဟိုနားကျေးရွာသား မိုင်းလိုမ်အွေး (၂၁နှစ်) သည်လည်း တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရရှိသဖြင့် တပ်မတော်စစ်ကြောင်းဘက်ကပင် နမ့်ခမ်းဆေးရုံမှတဆင့် ထိခိုက်ဒဏ်ရာ ပိုမိုပြင်းထန်သည်အတွက် မူဆယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မိုင်းညီနိုင်ဂျားနှင့် မိုင်းယိုင်သန်းထွန်း နှစ်ဦးစလုံးအတွက်မူ ဘာမှလုပ်ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။

နမ့်ခမ်းဆေးရုံမှ တစ်ဆင့် မူဆယ်ဆေးရုံသို့ လွဲပြောင်းပြီး အသက်ရှင်ကျန်ရစ်သည့် မိုင်းယိုင်သန်းထွန်းအား မူဆယ်ဆေးရုံမှ ၀မ်းဗိုက်အလယ်၊ ပေါင်တနေရာ၊ ညာဘက်လက်ချောင်း နေရာများအား ဗုံးစများ ခွဲစိပ်ထုတ်ယူပြီးသော်လည်း ၀ဲဘက် မျက်ခုံးစွန်း ဦးခေါင်းဒဏ်ရာအတွက်မူ စိုးရိမ်ဖွယ်ရာ အခြေအနေရှိသဖြင့် လားရှိုးဆေးရုံသို့ ဆက်လက်လွဲပြောင်း ပို့ဆောင်ထားကြောင်း သိရသည်။

မိုင်းယိုင်သန်းထွန်း အသက် (၂၃)သည် ကလေး တစ်ယောက်ဖခင်ဖြစ်ပြီး ဇနီးဖြစ်သူလွေးအိနန်းချောနှင့် အတူနေထိုင်ကာ ဦးတင်အောင် ဒေါ်အောင်မီးတို့၏သားလည်းဖြစ်သည်။ ထိုကိစ္စရပ်အတွက် မြန်မာ့တပ်မတော်ဘက်မှ ယခုအချိန်ထိ အသက်ရှင်ကျန်ရစ်သူ အတွက် နှင့် သေဆုံးသူမိသားစုများအတွက် မည်သည့်တာဝန်ယူမှုမျိုးကိုမှ လုပ်ဆောင်မပေးထား သေးကြောင်းလည်းသိရှိရသည်။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links