You are here: Home NEWS သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းခြင်းကဏ္ဍတွင် ကျေးရွာဒေသခံများ ထဲထဲဝင်ဝင်ပါဝင်လာ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းခြင်းကဏ္ဍတွင် ကျေးရွာဒေသခံများ ထဲထဲဝင်ဝင်ပါဝင်လာ

E-mail Print PDF

လားရှိုးမြို့ တွင် ရှေးအကျဆုံး ကျေးရွာဖြစ်သော နမ့်ကျန်(နမ့်စမ်) ကျေးရွာ ရေထွက်ဦးတွင် ဒေသခံ တအာင်း(ပလောင်)များ ဒုတိယအကြိမ် နှစ်ရှည်ပင်များ ထပ်မံစိုက်ပျိုးခြင်းကို သြဂုတ်လ၂၀ ရက်နေ့က လူအင်အား ၂၀၀ ကျော်ဖြင့် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ကြကြောင်းသိရပါသည်။

နမ့်ကျန်ကျေးရွာ " မျိုးဆက်မြစ် " (ဘံင်ဆီုပ်ခြိုဝ်း) လူငယ်များ ဦးဆောင်ကာ လှုပ်ရှားခြင်းဖြစ်ပြီး ကျေးရွာခံ ရပ်မိရပ်ဖများ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြကြောင်းသိရသည်။ ယခု လုပ်ရှားမှုသည် ယခုနှစ်အတွင်း ဒုတိယအကြိမ် စိုက်ပျိုးခြင်းဖြစ်သည်။ ယခင်နှစ်များက သစ်တော မှ လာရောက် စိုက် ပျိုးသော်လည်း ယခုနှစ်အတွင်းတွင် ကိုယ့်အားကိုယ်ကိုယ်း စိုက်ပျိုးခြင်းဖြစ်ကာ အပင်ပေါင်း ၂၅၀၀ ကျော် စိုက်ပျိုးခဲ့သည်။ စိုက်ပျိုးခဲ့သည့် သစ်ပင်အမျိုးအစားများမှာ ကျွန်း၊ ပိတောက်၊ သစ်မာ၊ စွယ်တော်၊ ငုဝါ၊ အင်ဂျင်းအမျိုးအစားများဖြစ်သည်။ စိုက်ပျိုးသည့် နေရာ အဖြစ် ကျေးရွာရေထွက်ဦး ကီလိုမီတာ ၇၀၀ ပါတ်လည်တွင် ၆ ပေစီခြား၍စိုက်ပျိုးခဲ့ ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း အပင်ပေါင်း တစ် ထောင်ကျော် ကို တစ်နေရာတည်း၌ ပင် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ထို့ ကြောင့် ယခု တစ်ခေါက်သည် ၂၀၁၄ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် စိုက်ပျိုးခြင်းဖြစ်သည်။ ကျေးရွာအတွက်းမှ လူကြီးလူငယ်များ ပါဝင် ကြကာ အဟာရနှင့် ဖျော်ရည် တိုက်ခြင်း ကုသိုလ်ယူသူများနှင့် စည်စည်ကားကား ရှိခဲ့ ပါသည်။

လားရှိုးမြို့ သည် နှစ်စဉ် ချောင်းရေ များ ခမ်းခြောက်ခြင်း၊ ရေတွင်းများ ရေ ကုန်ခမ်းခြင်း၊ သုံးရေ အခက်အခဲပြဿနာ ကို နှစ်စဉ် ရင်ဆိုင်နေရသည့် မြို့ကြီးလည်းဖြစ်သည်။ စည်ပင်သာယာမှ ရေဖြန့် ဖြူး ပေးဝေရေးဌာန ဖြစ်သည့်  ရေကန်တောင် ၊ ဟိုးမူဆည်၊ကောင်ကွေ့ ဆည် စသည့် ရေသိုလောင် ကန်ကြီး များမှ ရေပေးဝေလျက်ရှိသော်လည်း သဘာဝ ပါတ်ဝန်းကျင်များ အလွန် ဆုတ်ယုတ်ပျက်စီးနေမှု ၊သစ် တောပြုံးတီးမှု၊ လမ်း စီမံကိန်း များ ဆက်တိုက် ဖြစ်ပေါ်လာမှုကြောင့် ရေသိုလောင်ကန်များမှ ရေများ အကျမြန်ကာ၊ စောစီးစွာ ရေခမ်းလွယ်သည့် ပြသနာ ကို ကြုံတွေ့ ရင်ဆိုင်ရသည်လည်းဖြစ်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်အောင်သန်းထွဋ် ကပင် နမ့်ကျန်ကျေးရွာရှိ လယ်မြေ နှင့်တောတောင်များ သိမ်းကာ နမ့်ကျန်ဆည်ကိုလည်း တည်ဆောက်ခဲ့ပေးကာ ရေအခက်အခဲကို ဖြေရှင်းပေးခဲ့ဖူးသည်။ သို့ သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ညီဘဲ ကျေးရွာခံများ၏ လည်မြေများသာ ဆည်အောက်နှစ်မြုပ်ခဲ့ရပြီး သစ်တော ပြုံးတီးမှုတစ်ခုတည်းကြောင့်ပင် ရေများ ခမ်းခြောက် နေသည်လည်း ဖြစ်သည်။သစ်တောဦးစီးမှ သစ်ပင်လာရောက်စိုက်ပျိုးသော်လည်း လာရောက် ပြုစုသည်ကို မ တွေ့  ရ ကြောင်းသိရသည်။

ကျေးရွာလူငယ် တစ်ဦးကလည်း ပင်မရေအရင်းအမြစ်ကို ထိန်းသိမ်းခြင်းဖြင့် မြို့သူမြို့သားများရေ ဒုက္ခရောက်ခြင်းမှ နည်းလာမည်ဖြစ်ကြောင်းနှင့်  မိမိတို့ တတ်နိုင်သည့်အားဖြင့် ကျေးရွာအတွက်လည်းဖြစ် လားရှိုး တစ်မြို့လုံး ရေအလုံအလောက်ရရှိရေးအတွက် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကာ၊ စိုက်ပျိုး သစ်ပင် များ ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်နှင့် ကော်မတီတစ်ရပ်လည်း ဖွဲ့ထားကြောင်း သိရှိ ရပါသည်။ သစ်ပင်များကို ယခင်က ၀ယ်ယူစိုက်ပျိုးခဲ့ ရသော်လည်း ယခုနှစ်တွင် သစ်တော ဦးစီးမှ အပင် များ ထုတ်ပေးကြောင်းသိရှိရပါသည်။ ထိုမျှမက..ရေထွက်ဦးတွင် သန့် ရှင်းမှုနှင့် ကာကွယ်ထိန်းသိမ်းမှု အစကနဦး အဖြစ် ရေသိုလောင်ကန်ငယ်တစ်ခုပါ တည်ဆောက်လိုသည့်ဆန္ဒရှိကြောင်း ဖြည့်စွက် ပြောပြ ချက်အရသိရပါသည်။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links