You are here: Home NEWS ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေနှင့်တစ်ပြည်လုံးအပစ်ရပ်ရေးစာချုပ် ထိုးရန် သင့် မသင့် သဘောထားကို လူထုထံချပြခြင်းနှင့် ဆန္ဒတောင်းယူ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေနှင့်တစ်ပြည်လုံးအပစ်ရပ်ရေးစာချုပ် ထိုးရန် သင့် မသင့် သဘောထားကို လူထုထံချပြခြင်းနှင့် ဆန္ဒတောင်းယူ

E-mail Print PDF

မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မန်ပူးကျေးရွာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သဘောထား တောင်း ခံသည့် လူထုတွေ့ဆုံပွဲ တစ်ရပ်ကျင်းပခဲ့ကြောင်းသိရှိရသည်။

လူထုတွေ့ဆုံပွဲ ဆိုသည်ထက် လူထုဆန္ဒ ခံယူပွဲဟုလည်း အမည်တပ်နိုင်ကြောင်း အခမ်း အနားတက်ရောက်သူ လူငယ်များ၏ ပြောဆိုချက်အရလည်း လေ့လာသိရှိရပါသည်။ ၂၃ ရက် နေ့ သြဂုတ်လတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်း အမျိုးသား လွတ် မြောက် ရေးတပ်မတော် ၏ စစ်ဗျူဟာ အမှတ်(၄) နှင့် အမှတ်(၅) တို့ မှ ဗျူဟာမှူး တာရောဘတ်နှင့် တာမိုးကောင်း နှစ်ဦးတို့၏ ဦးဆောင်မှုဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းအခြေစိုက် တပ်ရင်း (၂၂၃) တပ်ရင်းမှူး တာလွယ်ကျော့ က စီစဉ်ပေးခဲ့ခြင်း လည်းဖြစ်သည်။ဆွေးနွေးပွဲတွင်လက်ရှိ အချိန်တွင် အစိုးရ၏ငြိမ်းချမ်း ရေး အကျိုးဆောင်ကိုယ်စားလှယ်များနှင့်မဟာမိတ် တိုင်းရင်းသားအင်အားစု ကိုယ်စား တစ်ပြည်လုံး အပစ်ခတ်ရပ်ဆိုင်းရေးညှိနိုင်းရေးအဖွဲ့  အန်စီစီတီ အဖွဲ့ တို့ ဆွေးနွေးနေသည့် ငြိမ်းချမ်း ရေးဖြစ်စဉ် အပေါ်သုံးသပ်ခြင်း၊ အဖွဲ့၏ငြိမ်း ချမ်းရေး အပေါ်ယုံကြည်ထားသည့် ဆန္ဒများကိုချပြခြင်း၊ သဘောထား တောင်းယူခြင်း များကို အရေးပေးကာ အခမ်းအနား ပြုလုပ်ခဲ့ပြီး၊ ဒေသတွင်းမူး ယစ်ဆေးဝါးကင်းစင်မှုအ ခြေ အနေအား ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂါတ်နိုင်ငံရေးအတွက် လူထုပါဝင်မှုအခန်း ကဏ္ဍ ပိုမိုတိုး တက်လာ ရေးကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ကတိ က၀တ်များပြုခဲ့ကြောင်း အစည်းအဝေး တက် ရောက်ခဲ့သူ ဂျီတီစီ ကျောင်းသားတစ်ဦးက ပြောပြသည်။

" လူထုဆန္ဒခံယူတဲ့ ပုံစံမျိုးလုပ်သွားတာပေါ့နော်..လက်ရှိ တအာင်းတပ်မတော် အင်အား အခြေအနေ မဟာမိတ်အခြေအနေ၊လှုပ်ရှားဆောင်ရွက်နေသည့်လုပ်ငန်း၊ တအာင်းတပ်မတော် ၏တအာင်းလူထုနှင့် ဆက်ဆံရေး ပေါ်လစီ အသစ်များ၊ စစ်ဥပဒေအသစ်များ အနာဂါတ်မျှော်မှန်းချက်များကို ချပြခဲ့ ပြီး လတ်တ လောတွင်ဆွေးနွေးပြီးခဲ့သည့်မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကိစ္စတွေကို ပြန် ရှင်းပြတာပေါ့ ။လူထုက အရမ်းစိတ်ဝင်စားကြတယ်ရော..တောထဲမှာ တီဗီလည်းမရှိဘူးလေ သူတို့ ချပြမှ သိရတာလေ.. အားလည်းတက်ကြတယ် ၊ ကြောက်စိတ်တွေလည်းနည်းလာကြတာတွေ့ရတယ်။ သူများကြား မှာနေပေမဲ့ ကိုယ့်အားကိုယ်ကိုးတတ်မှ ကိုယ်ပိုင် ပြဌာန်းခွင့်တွေရ၊ ကိုယ်ပိုင်ပြည်နယ်တွေရရင် ကောင်းကောင်းမွန်မွန်စီမံခန့်ခွဲတတ်ကြမယ်ဖြစ်တဲ့အကြောင်းတွေဆွေးနွေးဖြစ်တယ်ပေါ့ဗျာ… သူများလူမျိုးကို အထင်မကြီးဖို့၊ အားမကိုးဖို့ တိုက်တွန်းတာလည်းပါတယ်ဗျ…နောက်ဆုံးအခမ်းအနားပြီးချိန်မှာလည်း တအာင်းပြည်နယ် ရရှိရမယ် ဆိုတဲ့ ကြွေး ကြော်သံတွေလည်း ညံလို့ ပါဘဲ " ဟု နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက ဖြည့်စွက်ပြောပြသည်။

အစည်းအဝေးသို့ ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံ လူထုအင်အား ၄၀၀ ကျော် တက်ရောက်ကာ ၊ တပ်အင်အား ၁၀၀ခန့် ချီတက်စုဝေးမှုကိုလည်း အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြကြောင်းသိရသည်။ လူထု ဘက်မှ လည်း တအာင်းပြည်နယ် မရမချင်း အပစ်အခတ်ရပ်ဆဲရေး လုံးဝ မလုပ်သင့်သေးကြောင်း တအာင်းပြည်နယ်ရပြီးမှသာ အပစ်အခတ်ရပ်ဆဲရေး သဘောတူပြီး နိုင်ငံရေးအရ ဆက်လက် ဆွေးနွေး သင့်ကြောင်း တအာင်းအမျိုးသားနိုင်ငံရေးကို ဦးဆောင်စေလိုကြောင်း နှင့် တအာင်းလက်နက် ကို တအာင်းတပ်မတော်မှ စွဲစွဲမြဲမြဲ ဆက်လက် ဆုပ်ကိုင် ထားသင့်ကြောင်း ဒေသခံရပ်မိရပ်ဖများက တအာင်းတပ်မတော်အား မင်္ဂလာ  ဆုတောင်းအပြင် အားပေးခြင်းတိုက်တွန်းစကားပါ ချီးမွမ်းပြောဆို ခဲ့ကြကြောင်းလည်းသိရှိရသည်။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links