You are here: Home NEWS ကွတ်ခိုင်တအာင်းလူငယ်များမှ ဒေသတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

ကွတ်ခိုင်တအာင်းလူငယ်များမှ ဒေသတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်

E-mail Print PDF

၂၀၁၄ခုနှစ်၊စက်တင်ဘာလ(၁၄)ရက်နေ့ညတွင် ကွတ်ခိုင်တအာင်းလူငယ်များမှဦးဆောင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောင်းကား သူများအား စတင်ဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရသည်။

 

စက်တင်ဘာလ(၁၄)ရက်နေ့ညတွင် အင်အား(၃၀)ကျော်သော တအာင်းလူငယ်များက နမ့်ဟူးဒါင်းကျေးရွာတွင်း ၀င်ရောက်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးရောင်းသူ (၅)ဦးကို ပစ္စည်းနှင့်တကွ ဖမ်းမိခဲ့သည်။

“ ကျနော်တို့ လူငယ်တွေအနေနဲ့ ကျေးရွာတိုင်းကွင်းဆင်းပြီးတော့ မူးယစ်ဆေးဝါးရောင်းတဲ့သူတို့ကို စကားပြောခဲ့ပြီးပါပြီ ဆက်လက်မရောင်းဖို့ သူတို့ကိုအရင်ဆွေးနွေးတယ်.. ဒါပေမယ့်သူတို့က ဆက်ရောင်းနေတာပဲ.. အထက်အာဏာပိုင်တွေလည်း ဒါတွေကိုသိသိကြီးနဲ့လွတ်ထားပေးတယ်.. ဒါကြောင့် ကျနော်တို့လူငယ်အားနဲ့ပဲ ကိုယ်ထူကိုယ်ထ ဖမ်းပြီးအပ်ပေးရတော့တယ်’’ဟုလူငယ်တစ်ဦးမှပြောပြခဲ့သည်။

နမ့်ဟူးကျေးရွာတွင် ကျေးရွာသူကြီး ဦးအိုက်ဒုတ်ကိုယ်တိုင် ရောင်းဝယ်သုံးစွဲနေကာ လူငယ်တွေရဲ့စာရင်းကောက်ယူမှုအရ ကျန်(၁၁)မိသားစုလည်း ရောင်းဝယ်နေကြောင်း သိရသည်။

၎င်းတို့မှာ ဦးအိုက်ခေါင့်၊ ဒေါ်မာကာကျော်၊ ဒေါ်ယာပန်လော့၊ ဒေါ်မာနွယ်၊ ဦးအိုက်ဘောင်အောင်၊ ဦးကွန်ကြာကြန်၊ ဦးအိုက်လောဝ့်၊ ဦးလှကျော်နှင့် ဒေါ်အေးအောင်တို့ ဖြစ်သည်။

ပထမဦးဆုံးဝင်ရောက်ရှာဖွေရာ ဒေါ်ယာပန်လော့၊ဦးကွန်ကြာကြန်၊ဦးအိုက်လောဝ့်နှင့်ဇနီး၊ဒေါ်အေးအောင်တို့အား ယာမ၊ဘိန်းဖြူအပြင်အသုံးအဆောင်ပစ္စည်းများဖြစ်သောဆေးထိုးအပ်များပါ လက်ပူးလက်ကြပ်ဖမ်းမိခဲ့သည်။

ဆက်လက်ပြီး ဒုတိယကြိမ်အဖြစ် စက်တင်ဘာ(၁၅)ရက်နေ့ညတွင် အထက်လွယ်အွမ်ကျေးရွာအား ၀င်ရောက်ရှာဖွေရာ ဦးအိုက်လေဲဝ်၊ဦးအိုက်ကလားနှင့်ဒေါ်လွက်တို့အား မူယစ်းဆေးဝါးနှင့်တကွ ထပ်မံဖမ်းဆီးမိခဲ့သည်။

ဖမ်းမိသူများအားလုံးကို တအာင်းလူငယ်များမှပစ္စည်းနှင့်တကွ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံ လွဲပေးလိုက်ကြောင်းသိရသည်။

ကွတ်ခိုင်တအာင်းလူငယ်များအနေဖြင့် လက်ရှိဒေသတွင်း မူးယစ်ဆေးဝါးပြဿနာကို တတ်နိုင်သည့်ဘက်က ပါဝင်တိုက်ဖျက်နိုင်ရန်အတွက် ပြီးခဲ့သည့် တအာင်းလူငယ်နှစ်ပတ်လည်အစည်းအဝေး၌ကျေးရွာအုပ်စုအလိုက် တအာင်းလူငယ်ကွန်ယက်အဖွဲ့များဖွဲ့စည်းကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို စတင်အကောင် အထည် ဖော်နေခြင်းဖြစ်သည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links