You are here: Home NEWS သီပေါတွင် (၇)နှစ်အရွယ်သမီးငယ်အား (၁၄)နှစ်သားမှ အဓမ္မပြုကျင့်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

သီပေါတွင် (၇)နှစ်အရွယ်သမီးငယ်အား (၁၄)နှစ်သားမှ အဓမ္မပြုကျင့်

E-mail Print PDF

၂၀၁၄ခုနှစ်၊စက်တင်ဘာလ(၃)ရက်နေ့ည(၈)နာရီကျော်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ ဆက်စုရပ်ကွက်နေ ဦးဝင်းဦးနှင့်ဒေါ်ခွန်ရှောင်တို့၏သား မောင်အောင်မိုး(၁၄)နှစ်သည် တစ်ရပ်ကွက်နေ ဦးမောင်ခိုင် နှင့်ဒေါ်မျိုးခင်ငြိမ်းဝင်းတို့၏ သမီးဖြစ်သူ မမေသဇင်(၇)နှစ်အရွယ်အား အဓမ္မပြုကျင့်ခဲ့သည်ဟုသိရသည်။

ဖြစ်စဉ်မှာ မမေသဇင်၏မိခင်မှာ လားရှိုးသို့ဈေးရောင်းထွက်ရာကနေ ညတွင်းချင်းပြန်မရောက်လာသေးခင် ည(၈)နာရီ ကျော်တွင် တစ်ရပ်ကွက်တည်းနေ မောင်အောင်မိုးမှ အိမ်တွင်းသို့ဝင်ရောက်လာပြီး မမေသဇင်အား အဓမ္မပြုကျင့်ခဲ့သည်။ မိခင်ဒေါ်မျိုးခင်ငြိမ်းဝင်းအိမ်ပြန်ရောက်လာပြီးနောက် သီပေါရဲစခန်းထံ ချက်ချင်းတိုင်ကြား အမှုဖွင့်ခဲ့သည်။

" ကျမတို့ဘက်က ဖြစ်ဖြစ်ချင်း ရဲစခန်းမှာအမှုသွားဖွင့်တယ် ရဲတွေကနေ သူတို့ဆီငွေ(၂)သိန်းယူတယ် အမှုခဆိုလား ပါလားတော့ သေချာမသိဘူး..ပြီးတော့ ဆက်စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာဘဲ အုပ်ချုပ်ရေးမှုးအပါအဝင် နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးရတယ် ဒီကိစ္စကိုကြေအေးဖို့ပေါ.ပြီးတော့ ကလေးနစ်နာကြေးလျော်ကြေး(၅)သိန်းကို စက်တင်ဘာလ(၁၁) ရက်နေ့မှအပြီးပေးမယ်လို့စာချုပ်ထဲမှာပါတယ် ဒါပေမယ့် သူတို့က ကတိအတိုင်းမလုပ်ပဲနဲ့ တစ်သိန်းခွဲပဲ လာပေးတယ်.. ဒါနဲ့ကျမတို့ကလည်း မယူတော့ပဲ ရဲစခန်းမှာပဲ အမှုထပ်ဖွင့်ဖို့ပြန်သွားတယ်.ရဲတွေက အမှုဖွင့်လို့မရတော့ဘူးပြန်ပြောတယ်" ဟု ကလေးမ မိခင်မှပြောပြခဲ့သည်။

ထို့ကြောင့် ကျူးလွန်ခံရသည့် မိသားစုဘက်မှ သီပေါရဲစခန်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ဆောင်ချက်များကို ကောင်းကောင်းနားမလည်သော်လည်း ၄င်းတို့၏သမီးငယ်လေးအတွက်မူ စစ်မှန်သော တရားမျှတမှုလိုချင်ကြောင်း ပြောသည်။ ကျူးလွန်သူမောင်အောင်မိုးမှာ ယခုပညာသင်နှစ်တွင် (၈)တန်းနှင့်ကျောင်းထွက်ခဲ့သူဖြစ်ပြီး ကျူးလွန်ခံရသူမှာ ပထမတန်းတွင် ပညာဆက်လက်သင်ကြားနေဆဲဖြစ်သည်။

သမီးရှင်ဘက်မှလျော်ကြေးငွေကို လက်မခံပဲ အမှုဆက်လက်ဖွင့်လိုသည့်အတွက် ရဲစခန်းမှယခင် ကျူးလွန်သူ၏မိဘထံ ယူထားသောကျပ်ငွေ(၂)သိန်းကို ပြန်ပေးအပ်လိုက်ကြောင်းကြားသိရသည်။ ပြီးတော့ကျူးလွန်သည့်ဘက်မှ စက်တင်ဘာလ(၁၇)နေ့နောက်ဆုံးထားပြီး အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သမီးရှင် မိသားစုထံ လာရောက်တောင်းပန်ထားကြောင်းသိရသည်။

မှတ်ချက်။ ။ကျူးလွန်ခံရသည့် မမေသဇင်နှင့် ကျူးလွန်သူေ မာင်အောင်မိုးတို့၏ နာမည်မှာ နာမည်အရင်းမဟုတ်ပါ။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links