You are here: Home NEWS နမ္မတူ-လားရှိုးပြေးဆွဲသည့် “ငွေရတနာမန်း”ခရီးသည်ယာဉ်နှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

နမ္မတူ-လားရှိုးပြေးဆွဲသည့် “ငွေရတနာမန်း”ခရီးသည်ယာဉ်နှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး

E-mail Print PDF

၂၀၁၄ခုနှစ်၊အောက်တိုဘာလ(၇)ရက်နေ့ သတင်းကျွတ်လပြည့်အဖိတ်ညနေ(၄း၃၀)နာရီခန့်တွင်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်နမ္မတူမြို့နယ်အတွင်းရှိ နားမတ်ကျေးရွာနှင့် လုပ်လေကျေးရွာ အကြားတွင် "ငွေရတနာမန်း" ခရီးသည်တင် မှန်လုံကား (၈စ/၇၆၄၃)နှင့် ဆိုင်ကယ် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးသည်နောက် ဆိုင်ကယ်မောင်းနှင်သူ မန်မိုင်-ဂူလတ်ရွာသား မိုင်းအိုက်ဆွေ အသက်(၂၅) နှစ်မှာ ဘယ်ဘက်နားထင်နှင့်လက်ဖျံရိုးဒဏ်ရာရကာ နမ္မတူဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူနေကြောင်းသိရသည်။ သို့သော် ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်သူ နမ့်ယမ်ရွာသား မိုင်းအိုက်ကစ်(၃၅နှစ်)မှာ ဦးခေါင်းတွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့မှုကြောင့် နမ္မတူဆေးရုံမှတဆင့် လားရှိုးဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့သော်လည်း အသက်ဆုံးပါးသွားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ငွေရတနာမန်းခရီးတင်ယာဉ်မောင်းဆရာမှ ၄င်း၏ကားနှင့်ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်မှာ မှန်ကန်သော်လည်း အမှုရှုပ်ထွေးမှာကို စိုးရိမ်သောကြောင့် မိမိဘာသာ မတော်တဆဆိုင်ကယ်မှောက်ကြောင်း ထွက်ဆိုပေးရန်တောင်းဆိုထားသည်ဟု လူနာရှင်ဘက်မှမိသားစုဝင်များပြောပြချက်အရသိရသည်။ ထိုပေမဲ့ ယခုအချိန်ထိ သေဆုံးသူ၏မိသားစုနှင့်ဒဏ်ရရသူထံ လာရောက်ကာ လူသားချင်းစာနာသည့်တွေ့ဆုံညှိနှိုင်းခြင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားသည့်ကားဆရာ ၊ကားပိုင်ရှင်ဘက်မှ ဆေးဝါးကုသစားရိတ်တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

"ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း တာဝန်ယူရမှာကြောက်လို့ ကိုယ့်ဘာသာဆိုင်ကယ်မှောက်တယ်လို့ ဝန်ခံပြီးပြောရမယ်တဲ့၊ ပြီးတော့ ဆေးရုံတင်စားရိတ်တွေလည်းဘာမှမပေးသေးဘူး ၊လူလူချင်းဖြစ်တာတောင် ကိုယ်ချင်းစာစိတ်မရှိဘူးဗျာ လူတစ်ယောက်လုံးတောင်သေပြီးသွားပြီ အခုထက်ထိ လာတောင်မကြည့်သေးဘူး တစ်ခြားလူဆိုရင် တရားစွဲပြီးလောက်ပြီ..ငွေရတနာမန်းကားဆိုတာက ကျနော်တို့ တအာင်းတွေ တော်တော်လေး စီးတဲ့ကားပါ ၊အခုလို တာဝန်ယူမှုမဲ့နေတာ တာဝန်ခံမှု မရှိတာတွေ့ရတော့ ကျနော်တို့ ရဲ့ နားလည်မှု စိတ်ရှည်သီးခံမှုကို စော်ကားတာနဲ့ အတူတူပဲ ကျနော်ကတော့ မိသားစုဝင်တွေကို တရားရုံးတက်ဖို တိုက်တွန်းထားပါတယ်" ဟု ဒေသခံတစ်ဦး ကဆိုသည်။

မိသားစုများအနေဖြင့်လည်း ယာဉ်ပိုင်ရှင်များဘက်မှ လာရောက်တွေ့ ဆုံညှိနိုင်းမှုကို ပြုလုပ်ရန်ဆန္ဒရှိကြောင်း၊အကယ်၍ မသိကျေးကျွန်ပြုလျစ်လျူရှုနေပါက ဥပကြောင်းအရ ဆက်လက် အမှုဖွင့်တရားစွဲဆိုရန် အစီအစဉ်ရှိကြောင်း ကြားသိရသည်။

 

Last Updated ( Friday, 10 October 2014 05:04 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links