You are here: Home NEWS အစိုးရစစ်ကြောင်းမှ ဖဒဲန်ရွာတွင်း ဝင်ရောက်ရှာဖွေမွေနှောက်ပြီး ရွာပိုင်ပစ္စည်းများသိမ်းယူ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

အစိုးရစစ်ကြောင်းမှ ဖဒဲန်ရွာတွင်း ဝင်ရောက်ရှာဖွေမွေနှောက်ပြီး ရွာပိုင်ပစ္စည်းများသိမ်းယူ

E-mail Print PDF

၂၀၁၄ခုနှစ်၊အောက်တိုဘာလ(၂၇)ရက်နေ့ နံနက် (၉)နာရီခန့်တွင် နမ့်ခမ်းမြို့နယ်၊ဖဒဲန်ကျေးရွာတွင်း အစိုးရစစ်ကြောင်းတပ်မ (၈၈)မှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရွာတွင်းရှိသည်ဟု အကြောင်းပြကာ ရွာတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်ရှာဖွေစစ်ဆေးကာ ရွာသားများ၏ အိမ်သုံး ဖုန်း(၅)လုံးသိမ်းယူလိုက်ကြောင်းသိရသည်။

“ ဒီမနက် အင်အား(၃၀)လောက်ရှိတဲ့ မြန်မာစစ်ကြောင်းတွေက ရွာထဲဝင်လာတယ်.. စစ်ယူနီဖောင်းအပြည်အစုံလည်းမပါဘူး.တစ်ချို့ဆို အပေါ်ပိုင်းကတော့ စစ်အင်္ကျီပဲဝတ်ထားတယ် .ပြီးတော့ ရွာထဲမှာ တအာင်းစစ်သားတွေရှိတယ်ဆိုပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်ရှာတယ်.. ရွာကလူတွေကိုလည်း ရွာပြင်ထွက်ခွင့်မပေးဘူး.. ဘာမှမတွေ့တော့ သူများအိမ်က အသုံးပြုနေတဲ့ အထိုင်ဖုန်းငါးလုံးယူသွားတယ်.’’ ဟု ဖဒဲန်ရွာသားတစ်ဦးကဆိုသည်။ ယခုချိန်ထိ အစိုးရစစ်ကြောင်းတပ်မ(၈၈)သည် ဖဒဲန်ရွားတွင်းရှိနေပြီး အခြားဘာပစ္စည်းတွေ ဆက်ပျောက်မလဲတော့ မသိရသေးကြောင်း၎င်းကဆက်ပြောသည်။

အောက်တိုဘာလ ၂၄ ရက်မှစပြီး မြန်မာစစ်တပ်မှ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်အား ပိတ်ဆို့တိုက်ခိုက်ပြီး နောက်ပိုင်းတွင် နမ့်ခမ်းမြို့အနီး ကောင်းဝိုင်း၊ နမ့်ဆရီး၊ နမ့်ဟောမ်၊ ငေါခါးရွာ နေရာအနှံ့အပြားတွင် တိုက်ပွဲငယ်မျာ ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်မှ ဒေါသထွတ်ကာ အနီးရှိရွာသားများ လမ်းပိတ်၍ စစ်ဆေး မေးမြန်းခြင်း၊ သေနတ်ဖြင့် ချိန်ပြီး ခြိမ်းခြောက်ခြင်းများ နေရာအနှံ့အပြား လုပ်ဆောင်နေကြောင်းသိရသည်။

မှတ်ချက်၊၊ ။နောက်ဆက်တွဲများဆက်လက်ဖော်ပြသွားမည်။

 

Last Updated ( Monday, 27 October 2014 04:34 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links