You are here: Home NEWS ဝမ်းနည်းကြောင်းသဝဏ်လွှာ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

ဝမ်းနည်းကြောင်းသဝဏ်လွှာ

E-mail Print PDF

၂၀၁၄ခုနှစ်၊နိုဝင်ဘာလ(၂၁)ရက်။

၂၀၁၄ခုနှစ်၊နိုဝင်ဘာလ(၁၉ )ရက်နေ့ မွန်းလွဲ(၁၂း၃၆)ချိန်တွင် မြန်မာတပ်မတော်ခြေမြန်တပ်ရင်း(၃၈၉ )တပ်ဖွဲ့မှ ရည်ရွယ်ချက်ရှိရှိဖြင့် ကချင်ပြည်နယ်လွတ်မြောက်ရေးအစည်းအရုံး-KIO ကြီးမှူးဖွင့်လှစ်သော အရာရှိလောင်း သင်တန်းကျောင်းအား လက်နက်ကြီး(၁၀၅)မမဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA ၏ အရာရှိလောင်း (၁၁)ဦး၊ မဟာမိတ် တပ်ဖွဲ့ဝင်အရာရှိလောင်းများ(၁၂)ဦး တို့ကျဆုံးခြင်း၊ ကျန်အရာရှိလောင်းများနှင့်သင်တန်းနည်းပြများ(၂၀)ဦး အပြင်းအထန်းဒဏ်ရာရရှိခဲ့မှုအပေါ် မိမိတို့ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး-TSYO မှ အလွန်ပင်ကြေကွဲဝမ်းနည်းရပါသည်။


ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ယုံကြည်မှုအပြန်အလှန်တည်ဆောက်နေချိန်တွင် ယင်းတိုက်ခိုက်မှုသည် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကြီးအကျယ်ထိခိုက်နစ်နာစေနိုင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုလည်း အဟန့်အတားကြီးမားစွာ ဖြစ်စေကြောင်း တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးမှ ရှုမြင်သုံးသပ်မိပါသည်။

မိမိတို့ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးအနေဖြင့် တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေခြင်း၊ သွေးချောင်းစီးတိုက်ပွဲများဖြစ်ပေါ်နေခြင်းတို့အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပြီး အမှန်တကယ် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပေါ်လာရေးကိုသာ အားပေးထောက်ခံသွားးမည်ဖြစ်သည်။

ထို့ကြောင့်အမျိုးသားရေးအတွက် အသက်ပေးလှူခဲ့သော တအာင်းအမျိုးသားရေးလွတ်မြောက်ရေးတပ်မတော်မှ အရာရှိလောင်းများနှင့်အတူ တိုင်းရင်းသားအရာရှိလောင်းများအား ရုဏ်ပြုရင်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်လိုက်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
www.palaungland.org

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links