You are here: Home NEWS မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကုမ္ပဏီသိမ်းထားသောမြေကို ဖိအားပေးသဘောတူခိုင်း

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကုမ္ပဏီသိမ်းထားသောမြေကို ဖိအားပေးသဘောတူခိုင်း

E-mail Print PDF

နမ့်ဆန်မြို့နယ်၊ မန်လွယ်ကျေးရွာတွင် ၀ိသူရိယကုမ္ပဏီ (နဂါးပျံလက်ဖက်ခြောက်စက်ရုံ)မှ သိမ်းထားသော မြေဧက ၅၀၀ ကို မန်လွယ်ရွာသူ/သားများအား ဖိအားပေးသဘောတူ လက်ခံစေသည်ဟု သတင်းရရှိပါသည်။

ကုမ္ပဏီသိမ်းထားသော မြေနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းလိုသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်မှ မန်လွယ်ရွာ မြေပိုင်ရှင်များနှင့် တွေ့ဆုံရန် ဆင့်ခေါ်ချက်အရ မန်လွယ်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် ၅ ဦး ဒီဇင်ဘာလ ၁၃ ရက်နေ့ လွယ်ဆမ်ဆစ်ခန်းမတွင် သွားရောက်တွေ့ဆုံခဲ့သည်။ 

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျနော်တို့ကို “နင်တို့ သဘောမတူလို့မရဘူး၊ နင်တို့ဆီမှာ မြေပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းလည်းမရှိဘူး၊ ဒါကြောင့် လျှော်ကြေးလည်းမပေးနိုင်ဘူး၊ သဘာမတူလည်း ကုမ္ပဏီက ဆက်လုပ်မှာဘဲတဲ့ အတင်းအဓမ္မသဘောတူခိုင်းတဲ့ ပုံစံမျိုးတော့ဖြစ်တယ်” ဟု အစည်းအဝေးတက်ရောက်သူတစ်ဦးမှ ပြန်လည်ပြောပါသည်။

မြေပိုင်ရှင်ရွာသား တစ်ဦးတော့ “ကျနော်တို့ ပိုင်ဆိုင်မှုက ဒါဘဲရှိတယ်၊ ဒီအပေါ်မှာဘဲ မီခိုလုပ်ကိုင်စားသောက်ရတယ်၊ ဒီမြေကို သိမ်းရင်တော့ ကျနော်တို့ အခက်အခဲအများကြီးတွေ့နိုင်တယ်၊ ဒါကြောင့် ကျနော်တို့ ဘယ်လိုဖြစ်ဖြစ် သဘောမတူနိုင်ဘူး၊ နမ့်ဆန်မြို့နယ်မှာတခုလုံးမှာ ဘယ်သူမှ မြေ၊ လက်ဖက်ခြံ ပိုင်ဆိုင်ကြောင်း အထောက်အထားမရှိပါဘူး၊ ကြားလည်းမကြားဖူးဘူး၊ အခုမှ အထောက်အထားမရှိလို့ သိမ်းလို့ရတယ်ဆိုတော့ မဖြစ်သင့်ဘူးလေ၊ ဒါကြောင့် မြေသိမ်းမိန့်ကို ရုပ်သိမ်းပေးဖို့ဘဲ တောင်းဆိုချင်ပါတယ်” ဟု ပြောသွားပါသည်။

၂၀၁၂-ခုနှစ်ကတုန်းကတည်းက မြေသိမ်းမိန့်စာရွက်နှင့်အတူ ရွာသားကို ဒီမြေတွေကို ကုမ္ပဏီမှ သိမ်းပြီးဖြစ်ကြောင်း လာရောက်အသိပေးခဲ့ပြီး မြေပိုင်ရှင်ရွာသူ/သားများက သဘောတူခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဋ္ဌ ဦးမောင်ကျော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန် အဆင့်ဆင့်စာတင်ခဲ့သည်။ ယခုတစ်ကြိမ် ဆင်ခေါ်တွေ့ဆုံခြင်းသည် သမ္မတထံတင်ထားသည့်စာအရ ဖြေရှင်းပေးရန်ဖြစ်သည်။

မနက်ဖြန် (ဒီဇင်ဘာ ၁၆) ရက်နေ့တွင်လည်း မြေပိုင်ရှင်နှင့် ရွာသားများ နမ့်ဆန်မြို့သို့ သဘောမတူကြောင်း သွားရောက် တင်ပြပြောဆိုမည်ဟုလည်း သိရသည်။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links