You are here: Home NEWS မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအနီး စစ်ရဟတ်ယာဉ်(၄)စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံ များအား ထိခိုက်ကာ အတွင်းလူနာအဖြစ် အရေးပေါ်ဆေးရုံတင်ထားရ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအနီး စစ်ရဟတ်ယာဉ်(၄)စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံ များအား ထိခိုက်ကာ အတွင်းလူနာအဖြစ် အရေးပေါ်ဆေးရုံတင်ထားရ

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် လွယ်ဆာရွာနှင့် အံ့ဖွယ်တောင်အကြား မြန်မာ့တပ်မ တော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံ များ သတင်းပေးပို့ချက်အရ သိရှိရပါသည်။


ဖေဖော်ဝါရီလ ၂ရက် ၂၀၁၅ တွင် နံနက်(၈)နာရီ မှ (၈)နာရီ မိနစ်(၂၀)ခန့် တစ်ကြိမ် ညနေ (၃) နာရီမှ (၅) နာရီထိ တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ဖောဖော်ဝါရီလ ၃ရက်၂၀၁၅ တွင်မူ နံနက် (၁၀) နာရီ မှ ညနေ (၂)နာရီ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး (၃) ရက်နေ့တွင်မူ စစ်ရဟတ်ယာဉ်ကြီးများဖြင့်ရောကတ် ဒုံးကျည် (၁၅)လုံး ပစ်ခတ်ပြီး မြေပြင်နှင့် ဝေဟင် ပူးပေါင်းစစ်ကြောင်းဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်းကြားသိရသည်။

မြန်မာ့တပ်မတော်ဘက်မှ တပ်မ နှစ်ခုပေါင်း ထားခြင်းဖြစ်ပြီး တပ်မ(၈၈) နှင့် တပ်မ(၇၇) နှစ်ခုစလုံး မိုးမိတ် အခြေစိုက် တအာင်းတပ်မတော်နှင့် ပစ်ခတ်မှုဖြစ်ပွားနေခြင်းလည်းဖြစ်သည်။ မန္တလေး အခြေစိုက် မြန်မာ့စစ်ကြောင်း ဘက်မှလည်း ၀င်ရောက် ကူညီအင်အားဖြည့်ခဲ့သေးကြောင်း ကြားသိရကာ စစ်ရဟတ်ယာဉ် (၄) စီးခန့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး၊ ခြေလျင်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် တစ်ရပ်စပ် ပစ်ခတ်နေကြောင်း ကြားသိရသည်။ ယခုအချိန်တွင်မိုးမိတ် လေယာဉ်ကွင်းအတွင်း ဂျက်လေယာဉ် (၃)စီးလည်း အရံသင့်ရပ်နားထားကြောင်းလည်းသိရသည်။

ယင်းပစ်ခတ်မှုကြောင့်မိုးကုတ် ပြည်သူ့ဆေးရုံတွင်လွယ်ဆာကျေးရွာမှ တအာင်းမိသားစု တစ်စု ထိခိုက်ခဲ့ပြီး မိခင်ဖခင်နှင့် ကလေး အပါ သားအမိ၊သားအဖ (၃) ဦး ထိခိုက်ခဲ့ခြင်းလည်းဖြစ်သည်။ လွယ်ဆာကျေးရွာမှ ဒေသခံ (၅၈) ဦးခန့်လည်း ကျေးရွာအပြင်ရောက်နေသဖြင့် လက်နက်ကြီးဘေးဒဏ်မှ လွတ်မြောက်ရန်အတွက် မိုးကုတ်မြို့ဘက်သို့ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံနေရကြောင်းလည်းကြားသိရသည်။
ထို့အပြင် လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ညနေ ၆ နာရီခန့်ဝန်းကျင်၌ စစ်အင်အား နှင့်လက်နက်အင်အားဖြည့်တင်းရန်အတွက်အရေးပေါ် ဆင်းသက်၍ ဆက်လက် ထွက်ခွာသွားကြောင်း လည်းသိရသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ရဟတ်ယာဉ် အချို့လည်း ထက်မံအင်အားဖြည့် လိုက်ပါသွားဟန် ရှိသဖြင့် စစ်တပ်သုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်အတော်များများ ညနေ (၇) နာခွဲ ထိ ဆက်လက်ပျံသန်းနေဆဲဖြစ်သည်။

ဒေသခံ လုံခြုံရေး အခြေအနေစိုးရိမ်နေရပြီး လွယ်ဆာကျေးရွာအတွင်း၊ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများ ကိုအရေးပေါ် ရှာဖွေကြကာ ဘေးလွတ်ရာနှင့် လုံခြုံရာသို့ရွှေ့ပြောင်းထားရကြောင်းကြားသိရ သည်။ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတွင် ရှိသောနှစ်ဘက် တပ်မှ ထိခိုက်ကျဆုံးမှုသတင်းကိုမူ ယခုထိ မသိရှိရ သေးပါ။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links