You are here: Home NEWS မိုးကုတ်၊ မိုးမိတ် တိုက်ပွဲနောက်ပိုင်း ရွာသားများ ရိုက်နှက် နှိပ်စက်ခံ နေရဆဲ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

မိုးကုတ်၊ မိုးမိတ် တိုက်ပွဲနောက်ပိုင်း ရွာသားများ ရိုက်နှက် နှိပ်စက်ခံ နေရဆဲ

E-mail Print PDF

မြန်မာ့စစ်တပ် တပ်ရင်း (၂၂၃၊ ၄၃၈) ပူးပေါင်းစစ်ကြောင်းမှ မိုးမိတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ နေထိုင်သော ရွာသား (၂) ဦးကို ညှင်းပန်း ရိုက်နှက် ခဲ့ကြောင်း သိရှိရပါသည်။


ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ညအချိန်တွင် တောင်ယာမှ ပြန်လာသော ရွှေညောင်ပင်ရွာသား (၂)ဦးဖြစ်သည့် ဦးစောမောင် (သက် - ၅၂ နှစ်)၊ ဦးမြမောင် (သက် - ၅၀နှစ်) တို့ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သဖြင့် ရွာသူ/ ရွာသားများ ကြောက်လန့်ကာ ရွာသူ၊ သားများအချို့ ရွာထဲမနေရဲ ကြတော့ဘဲ နီးစပ်ရာ ရွာသို့ ထွက်ပြေးတိမ် နေကြရသည်။

ဖေဖေါ်ဝါရီလ ပထမပတ် မိုးကုတ်၊ မိုးမိတ်မြို့နယ်အစပ်တွင် တအာင်းတပ် TNLA နှင့် မြန်မာ့စစ်တပ်တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ဘက်မှ စစ်တိုက်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် ထိုနားတ၀ိုက်ရှိ ကျေးရွာပေါင်း ၈ ထက်မနည်း မိုးကုတ်၊ မိုးမိတ်မြို့သို့  ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင် ခဲ့ကြသည်။

ထိုစဉ်တွင် မြန်မာ့ တပ်မတော်၏ လက်ကြီးသုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသူ/သား ၄ ဦး သေဆုံးခဲ့ ကြရပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြကာ ရွှေညောင်ပင်နှင့် ဆိုင်လိန်ကျေးရွာတွင် နေထိုင်သူများကို တိမ်ရှောင်ခွင့် မပေးဘဲ ပိတ်ပင်ခဲ့ပါသည်။

တိုက်ပွဲငြိမ်သက်ပြီးနောက် စစ်ဘေးရှောင်ရွာသူ၊ သားများသည် မိမိနေရပ် ကျေးရွာများကို ပြန်သွား အလုပ်လုပ်ခဲ့ ကြပြီး မကြာမီ မြန်မာ့ တပ်မတော်ဘက်မှ ဖေဖေါ်ဝါရီလ ၂၂ နှင့် ၂၃ နေ့တွင် စစ်အင်အား အလုံးအရင်း တိုးချဲ့ပို့ဆောင်ကာ ရွာသူ၊ သားများကို အမျိုးမျိုး ခြိမ်းခြောက် ညှင်းပန်းနှိပ်စက်မှုများ ရှိနေသဖြင့် ရွာထဲမနေရဲ ကြတော့ဘဲ နောက်ထပ်တစ်ကြိမ် ထွက်ပြေးတိမ်ရှောင် နေခြင်းဖြစ်သည်။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links