You are here: Home NEWS မိုးမိတ် - ရွှေညောင်ပင်ရွာသား နှစ်ဦးအား လက်ဘက်ခြံအတွင်းလက် နက်ကြီး ကျည် ဆံတွေ့ရှိမှုမှ ၀ိုင်းဝန်းကန်ကျောက် ရိုက်နှက်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

မိုးမိတ် - ရွှေညောင်ပင်ရွာသား နှစ်ဦးအား လက်ဘက်ခြံအတွင်းလက် နက်ကြီး ကျည် ဆံတွေ့ရှိမှုမှ ၀ိုင်းဝန်းကန်ကျောက် ရိုက်နှက်

E-mail Print PDF

မိုးမိတ်မြို့နယ်လွယ်ဆာ ကျေးရွာအုပ်စု ရွှေညောင်ပင် တအာင်း(ပလောင်) ကျေးရွာတွင် မြန်မာ့ တပ်မ တော်အစိုးရ၏ စစ်ကြောင်းမှ ဒေသခံ အရပ်သားများအပေါ်မတရား စွပ်စွဲပြီး ဥပဒေ နှင့်မညီညွတ် သောရိုက နှက်စစ်ဆေးမှုများ ကြုံခဲ့ရကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်က ရွှေညောင်ပင် တအာင်း(ပလောင်)ရွာအတွင်းတွင်  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှစစ်ကြောင်းများ နှင့်အတူ တပ်မ(၇၇) မှ စစ်ကြောင်းမှလည်းပါဝင်နေပြီး မိုးမိတ် အခြေစိုက် စခန်းသစ် တပ်စခန်းမှ မြန်မာအစိုးရတပ်များဖြင့် စုဖွဲ့ ထားသော ပူးပေါင်းအင်အား ၄၀၀ ခန့်တို့ကနယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့်လာရောက်ခဲ့ကြခြင်းလည်းဖြစ်သည်။ယင်းတို့နှင့်အတူ လက်နက် အာရုံခံ ကိရိယာ အပြည့်အစုံ သယ်ဆောင်၍ မြေမြုပ်မိုင်း စမ်းသပ်စစ်ဆေးခြင်းအပြင် လက်နက်ကြီး လက်နက် ငယ် များကိုပါပြည့်ပြည့်စုံစုံသယ်ဆောင်လျက် စိတ်ထင်ရာ မှန်း၍ ကျေးရွာအနီးရှိ လဘက်ခြံတဲတစ်လုံးအား ၀ိုင်းဝန်းပစ်ခတ်ခဲ့ကြသည်။


ယင်းလက်ဘက်ခြံရှိ နေအိမ်တဲတွင် ဦးမြမောင် အသက် (၅၀)နှစ်၊ ဦးစောမောင် အသက်(၅၄) နှစ် ရှိ ရွှေညောင်ပင် ကျေးရွာခံနှစ်ဦးရှိနေစဉ်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကာ သူပုန်အား အားပေး ထောက်ခံခြင်း၊ မတရားအသင်းအား ဆက်သွယ်ခြင်း၊ထောက်ပံ့ခြင်းများ  ပြုလုပ်ပေး နေသည် ဟူသောစွပ်စွဲချက်ဖြင့် ကန်ကျောက် ရိုက်နှက်ကာ အတင်းအကျပ်စစ်ဆေးမေးမြန်းခြင်းများကိုပါခံခဲ့ရကြောင်း ဒေသခံ အမျိုး သမီး ပြောပြချက်အရ သိရှိရ သည်။


" ကျမတို့လည်းရှိပါတယ် အဲ့သည်ဘေးကခြံမှာပေါ့.ခြံချင်းက ကပ်လျက်ပါ..သူတို့ မေးမြန်းတဲ့ ပုံက ဇွတ်အတင်းဝန်ခံခိုင်းသလိုမျိုးဖြစ်နေတာရယ် သူတို့ ခွင့်ပြုလို့ တောတွင်းလက်နက်ကိုင်တွေက လုပ်ရဲမှာ ဖြစ်နိုင် တယ်ဆိုတဲ့ဟာကတစ်ခုရယ် သူတို့ မသိရင်လည်း ဘာလို့ သိအောင်မလုပ် ရသလဲဆို တာ တွေ ရော ပေါ့…နောက်တစ်ခုက သည်အနီးအနားကလူတွေ စစ်ဖြစ်က တည်း ကခြံထဲ ဘယ်သူမှ ဆင်းရဲတော့တာ မဟုတ်ကြ ဘူးလေ..လေယာဉ်အသံတွေ ဒုံးကျည်ပစ် လွတ်သံ တွေ..အောက်ကလက် နက်ကြီး ပစ်ခွဲ တဲ့အသံ တွေက နားထဲမှာ ကြားနေတုန်း ရှိနေတုန်းလေ..သည်နှစ်မှာဖြစ်လိုက်တဲ့စစ်ပွဲကလည်း ကမ္ဘာပျက်နေသလားထင်ရတယ် ထိတ်လန့်နေကြတုန်းလေ"
အင်အား ၄၀၀ ခန့်ရှိသော မြန်မာစစ်ကြောင်းသည် အုပ်စု နှစ်စု ခွဲ၍ ကျေးရွာ အုပ်စု နယ်နမိတ် အတွင်းပိုင်နက်အတွင်းသို့ တောနင်းကာ တစ်ဖွဲ့မှာတောင်ထိပ်နေရာများတွင် တပ်စွဲ ရန် အတွက် ပြင် ဆင်နေကြပြီး နောက်တစ်ဖွဲ့မှာ မိုးမိတ် မိုးကုတ်နယ်နိမိတ်အစပ်ဖြစ်သည့် ရွှေသာယာ စခန်း သစ် တွင် တပ်စွဲရန်အတွက်ထွက်ခွာသွားကြကြောင်းသိရသည်။

ယင်းတို့ နှင့်အတူ ရဲဝန်ထမ်းများအင်အား ၅၀ခန့် ကိုလည်း ခေတ်မှီလက်နက်များကိုင်ဆောင်ထားသည်ကိုတွေ့ခဲ့ ကြကြောင်းပြောဆိုထားသည်။ကျေးရွာသား နှစ်ဦးအား ရိုက်နှက်သွားခဲ့သည့်အပေါ် ကျေးရွာသားများ တစ်စုံတစ်ရာ တာဝန်ယူမဖြေရှင်းသဖြင့် ကျေနပ်မှု မရှိကြောင်းလည်းသိရသည်။


ယင်းပစ်ခတ်မှု မဖြစ်မှီ အချိန်ကတည်းက ယင်းတို့ နှင့်ပါလာသော ကိရိယာဖြင့် ရှာဖွေရရှိခဲ့သော လက်နက်ကြီး ကျည်ဆံကြောင့်လည်း ဒေါသပိုဖြစ်ဖွယ်ရှိကြောင်းသိရသည်။ ထိုနေရာသည် လွန်ခဲ့သည့် ရက်တ္တစ်ပါတ် အနည်းငယ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာအစိုးရစစ်တပ်တို့ အကြား အပြင်း အထန်တိုက်ပွဲဖြစ်ပွားခဲ့ကာ၂၀၁၅ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တိုက်လေယာဉ်ဖြင့် စတင်ပစ် ခတ်တိုက်ခိုက်ခဲ့သော နေရာလည်းဖြစ်နေပါသည်။လက်နက်ကြီးကျည်ဆံမှာ လက်ဘက်ခြံ အတွင်း မြုပ် ထားခြင်းကြောင့်လည်း အကြောင်းအရာ မသိသော ခြံပိုင်ရှင်များ စစ်ဆေးမေးမြန်း ကန်ကျောက် ခံရခြင်း လည်းဖြစ်သည်။ကန်ကျောက် ရိုက်နှက်ခံရသည့် နှစ်ဦးစလုံးမှာ ဦးခေါင်းနှင့်မျက်နှာများတွင် ပေါက်ပြဲဒဏ်ရာများ ရခဲ့ပြီး တစ်ဦးမှာ သွေးထွက်လွန်သွားသဖြင့် သတိမေ့သွားခဲ့ရကာ ဆေးရုံ တက် ရန် အခက်အခဲရှိသဖြင့် ကျေး ရွာ မှ ကျန်းမာရေး ၀န်ထမ်းများကုသပေးနေရကြောင်းလည်းသိရသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links