You are here: Home NEWS နမ့်ခမ်းမြို့နယ်တွင် ဒေသခံလူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

နမ့်ခမ်းမြို့နယ်တွင် ဒေသခံလူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိ

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် လွယ်ရိုင်ကျေးရွာ အုပ်စု လွယ်ရိုင်ကျေးရွာပိုင် ရွာဟောင်းအကျော်တွင် ဒေသခံတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ အရေးပေါ်ဆေးရုံတင်ထားရကာ အတွင်းလူနာအဖြစ် ခွဲစိပ်ကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

 

မြေမြုပ်မိုင်းဒဏ်သင့်သူ မိုင်းအောင်မြင့်ဦးသည် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး အဖ ဦးညီချော အမိဒေါ်အီကော တို့ ၏ သားဖြစ်သည်။ မန်အောင်ရွာ သား သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များနှင့် မီးသွေးဖုတ်ရန် သွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန်တွင် မီးသွေဖိုမှ အထွက် ရှေ့ မျက်နှာစာ ၁၅ ကိုက် အကွာအဝေးတွင် မြေမြုပ်မိုင်း တစ်လုံးနင်းမိပြီး ခန္တာကိုယ်အနှံ ပြင်းထန်သော ဒဏ်ရာအတော်များများ ရရှိခဲ့ကြောင်းလည်း ကြားသိရပါသည်။

သူငယ်ချင်း ၇ ဦး အနက် တစ်ဦးတည်းကသာ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကာ ရရှိသော ဒဏ်ရာများမှာလည်း အသက်အန္ဒာရာယ်အတွက် စိုးရိမ်ရဖွယ်ရှိပါသည်။ ရရှိခဲ့သော ဒဏ်ရာ ဒဏ်ချက်များ ကြည့်ပါက ကျောပြင် တွင် မိုင်းစ ၄ ချက်၊တင်ပါး အထက် တစ်ချက် အစာအိမ်အထိ ထိခိုက်၊ ဆီးအိမ် (၁)ချက်၊ညာဘက်ခြေထောက် ၄ ချက်၊ဘယ်ခြေမျက်စီ ၁ ချက်၊ ဘယ်ဘက်တံဂေါက်ကွေး (၂) ချက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဉ် ဖြစ်ဖြစ်ချင်း သူငယ်ချင်းဖြစ်သူများမှာ နီးစပ်ရာကယ်ဆယ်ရေးယာဉ်များကို ဖုန်းဆက်ခဲ့သော်လည်း ည ၁၁နာရီမှ လာရောက်သယ်ယူနိုင်ခဲ့ပြီး နမ့်ခမ်းဆေးရုံသို့  မတ်လ ၂ ရက် နံနက် ၁ နာရီတွင် ရောက်ရှိခဲ့ပါသည်။ နမ့်ခမ်းဆေးရုံသို့  ရောက်ရှိခဲ့သော်လည်း တာဝန်ကျ ကျန်းမာရေး ၀န်ထမ်းများ အရေးတစ်ယူ လာရောက်မေးမြန်း ခြင်း  တာဝန်ယူ ကုသပေးခြင်းမရှိသည့်အပြင် မိုးလင်းလာသော်လည်း လူနာအား တစ်စိမ်းဆန်ဆန် လျစ်လျှူ ရှုနေသဖြင့် မူဆယ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ရာ နံနက် ၈ နာရီ အချိန်တွင် ရောက်ရှိပြီး အရေးပေါ်ခွဲစိပ်ခန်း သို့  မိုင်းစ များကိုခွဲထုတ်နိုင်ခဲ့ပါသည်။ ညာဘက်တင်ပါး အထက်တွင် ရရှိသော ဒဏ်ရာမှာ နက်သဖြင့် အူမကြီးကိုပါ ထိခိုက်ပျက်စီးစေခဲ့ ပြီး အူမကြီးအထိမိုင်းစ (၂) ချက်ထိကာ အူကိုလည်း ၁၀ ချက်ချုပ်ခဲ့ရသည်ဟု လိုက်ပါပို့ ဆောင်သူ သူငယ်ချင်းဖြစ်သူမှ ပြောပြချက်အရသိရှိရပါသည်။ခြေထောက်မှ မိုင်းစကို ခွဲ ထုတ်ရန်ကျန်ရှိနေသေးသည်ဟုတည်း သိရပါသည်။

မိုင်းအောင်မြင့်ဦးနှင့်သူငယ်ချင်းတစ်စုတို့ မှာ ၂လ ကြာမြင့်သည်အထိထိုနေရာတွင်ပင် မီးသွေးဖုတ်လာခဲ့ကြသော်လည်း မည်သည့်အန္ဒာရာယ်မျှ မကြုံတွေ့ရကြောင်း သူငယ်ချင်းများက အတည်ပြုပြောဆိုပေးသည်။ အခင်းဖြစ်ပွားရာ နယ်မြေတစ်ဝိုက်သည် ရွှေလီရေကာတာအတွက် လုံခြုံရေးယူနေသော မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း အမှတ် (၁၄၄) မှ တာဝန်ယူနေသည့် တပ်ရှိပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့များလည်း အခြေချလှုပ်ရှား ကိုင်တွယ်ကြည့်ရှူသော နယ်မြေဖြစ်ကြောင်းလည်းသိရပါသည်။

ယခုအချိန်အထိ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်နိုင်သည်ကို မသိရှိရသေးသည့်အပြင် အစိုးရဘက်မှလည်း တာဝန်ယူမှု တစ်စုံတစ်ရာမျှ မရှိသေးကြောင်းလည်းသိရပါသည်။ အစိုးရ ၀န်ထမ်းများဖြစ်သော နယ်ထိန်းရဲဝန်ထမ်းများ၊ အထူးသတင်းယူ ရဲဝန်ထမ်း(SP)တို့ မှ အချက်အလက်များ ကို ဆေးရုံသို့ လာရောက်၍ သတင်းရယူသည်မှ အပ မည်သည့်တုံ့ပြန်ပြောဆိုမှုမျိုးကိုမှမရှိသေးကြောင်း မိသားစုများဘက်မှထုတ်ဖော်ပြောဆိုထားပါသည်။

ဤ နှစ်ပါတ်တာ သတင်းပါတ်အတွင်းတွင်ပင် မူဆယ်မြို့အနီးတွင် မိုင်းပေါက်ကွဲမတစ်ခု ဖြစ်ပွားခဲ့သေးသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links