You are here: Home NEWS နမ္မတူတွင် မြန်မာစစ်တပ်မှ မူးယစ်ဆေးဝါး ပြန့်ပွားရေး အားပေးနေ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

နမ္မတူတွင် မြန်မာစစ်တပ်မှ မူးယစ်ဆေးဝါး ပြန့်ပွားရေး အားပေးနေ

E-mail Print PDF

ကျောက်မဲခရိုင် နမ္မတူမြို့နယ် ပန်ဟိုက် ရပ်ကွက် (၈) တံတားတစ်ဘက်ကမ်းအနီးတွင် နမ္မတူမြို့နယ် အခြေစိုက် တပ်ရင်းအမှတ် ၄၈၁ နှင့် တပ်မ(၇၇)တို့  ပူးပေါင်းပြီး ဒေသတွင်း မူးယစ်ကုန်သည်များ နှင့် တွဲဘက်၍ မူးယစ်ဆေးဝါး ရောင်းချခြင်း ကူညီ၍ ကူးသန်းဖောက်ကားခြင်းကို ၂၀၁၅ နှစ်စမှ ယခုလ မတ်လ ၁၁ ရက်နေ့အထိ သိသာ ထင်ရှားစွာဖြင့် ပေါ်ပေါ်တင်တင် ရောင်းချနေကြကြောင်း ကြားသိရသည်။

ထိုကဲ့သို့ ဘိန်းမဲ၊ ရာဘနှင့် ဘိန်းဖြူ များရောင်းချနေချိန်တွင် TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဝတ်စုံ ယူနီဖောင်းကိုပါ ၀တ်ဆင်ထားကြပြီး တအာင်းအမျိုးသား တပ်မတော်၏ ဂုသိက္ခာကိုပါ ရည်ရွယ်ချက်ရှိရှိ ဖျက်စီးနေကြကြောင်းလည်း စုံစမ်းသိရှိရသည်။


တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခန်းကဏ္ဍကို အင်အားဖြင့် အရှိန်မြင့် ကြိုးစားဆောင်ရွက် နေမှုကြောင့် ရရှိလာသော လူထုထောက်ခံမှုကို တမင်တကာ တိုက်ခိုက်လိုသော ဆန္ဒဖြင့် လုပ်နိုင်သည်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။


တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်သည် မူးယစ်ဆေးဝါး စိုက်ပျိုးသူ၊ ရောင်းချသူ၊ ဖြန့်ချိသူများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ၍ ပညာပေးအဆင့် သတိပေးအဆင့် ခံဝန်ကတိ စာချုပ် ချုပ်ဆိုခြင်းအပြင် ပစ်ဒဏ်စနစ်များဖြင့် အဆင့်ဆင့်လုပ်ဆောင်နေချိန်တွင် မြန်မာ့တပ်မတော်မှ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်အား သောင်းကျန်သူ သူပုန်အသွင်ဖြင့် ၀ါဒ ဖြန့်ချိနေယုံမျှမကဘဲ အရှင်ဖမ်းနိုင်ရန်အတွက် စနစ်တစ်ကျ အကွက်ချ ထောင်ချောက်ဆင် ထားဟန်ရှိကြောင်း ရပ်ကွက်(၈) နေထိုင်သူ လူငယ်တစ်ဦးက ထောက်ပြသည်။


တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ဒေသတွင်း နေထိုင်သည့် ဘိန်းကုန်သည်များ ချမှတ်ထားသည့် စည်းကမ်း၊ ခံဝန်ကတိကို ချိုးဖောက်ခြင်းနှင့် သဘောတူညီချက်ကိုဆန့်ကျင်ကာ တရားလက်လွတ် ဘောင်ကျော်လျက် မူးယစ်ဆေးဝါး ရောင်းချနေချိန် သွားရောက်ဖမ်းဆီးပါက စစ်တပ်၏ အကူအညီဖြင့် TNLA အရပ်ဝတ်များအား ပိတ်ဆို့ဖမ်းယူရန် ကြိုးစားနေခဲ့ကြောင်းကိုလည်း မျက်မြင်များက အတည်ပြုပြောသည်။


နမ္မတူမြို့နယ်အတွင်းတွင် မူးယစ်ဆေးဝါးစိုက်ပျိုးမှု သိသိသာသာ ကျဆင်းနေပြီ ဖြစ်သော်လည်း ရောင်းဝယ်ဖောက်ကားမှု ကိစ္စရပ်မှာ ယခင်ကထက်ပင် လွတ်လပ်ပွင့်လင်းစွာ ဖြင့် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းကာ အကြောက်အလန့်မရှိ လုပ်ကိုင်နေလျက် ရှိနေသေးကြောင်းလည်း သိရသည်။


မြန်မာ့တပ်မတော် စစ်ကြောင်းသည် ထင်မှတ်မထားနိုင်သည့် နည်းလမ်းများ အသုံးပြုနေခြင်း တအာင်းတပ် အားမနာလိုမှု အမုန်းတရားများကြောင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာနေကြောင်းကို ယခုနှစ်အတွင်း မကြာခဏ ကြုံတွေ့နေရပြီး ပြဿနာအရင်းခံတိုင်းမှာလည်း မူးယစ်ဆေးဝါး ပြဿနာက ထိပ်ဆုံးတွင်ရှိကာ ဒုတိယ အများဆုံးမှာ အာဏာပိုင်များ လာဘ်စားမှု ဖြစ်ကြောင်းလည်း ကြားသိရပါသည်။


ဒေသခံများအနေဖြင့် အမုန်းတရား ဖြစ်ပွားစေမည့် ကိစ္စရပ်များ လူမျိုးရေးဆန်ဆန် တိုက်ခိုက်နေမှုများသည် စနစ်တစ်ကျ ဖြစ်တည်လွန်းနေသဖြင့် အမြန်ရပ်တန့်စေလိုကြောင်းနှင့် ထောက်ချောက်ဆင် ၍ အရှင်ဖမ်းရန် ကြိုးစားနေမှုမှာလည်း ပြဿနာဖြေရှင်းနည်း မဟုတ်ဘဲ ပိုမိုကြီးထွားလာနိုင်ချေရှိသော အလုပ်ဖြစ်ပြီး အစိုးရဆန်ဆန် ပြုမူသည့် ပုံစံနှင့် လုံးဝကွာခြားနေကြောင်း အပြင် ဒေသတွင်းပြဿနာနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပေးနေကြသည်။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links