You are here: Home NEWS ကွတ်ခိုင်ဒေသတွင် KIA တပ်မှူးများမှ ဘာသာရေးပွဲတော်လည်းဖျက် စစ်သားဖမ်းဆီးစုဆောင်းခြင်းပါ တစ်ပါတည်းအတင်းအကျပ်ပြု

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

ကွတ်ခိုင်ဒေသတွင် KIA တပ်မှူးများမှ ဘာသာရေးပွဲတော်လည်းဖျက် စစ်သားဖမ်းဆီးစုဆောင်းခြင်းပါ တစ်ပါတည်းအတင်းအကျပ်ပြု

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် အတွင်းရှိ တာမိုးညဲမြို့နယ်ခွဲ ဒေသတွင် အတင်းအဓမ္မ စစ်သားစုခံ နေရကြောင့် ဒေသခံများ သတင်းပေးပို့ချက်အရ သိရှိရပါသည်။ ထိုကဲ့သို့  စစ်သားစုဆောင်း ရာတွင်လည်း ဘာသာရေးအပေါ် ဆိုးကျိုးသက်ရောက်စေခြင်း နှင့် သဘောထား ကွဲလွဲမှုများ မကျေနပ်ချက်များဖြင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းခေါ်သွားခြင်းလည်း ဖြစ်ကြောင်း ကြားသိရပါသည်။ ဒေသခံ တအာင်းလူငယ်များကို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ မကြာခဏဆိုသကဲ့သို့ဖမ်းဆီးမှုများ ဆက် တိုက်ကြား နေရကြောင်းလည်း စုံစမ်းသိရှိရပါသည်။

 

တာမိုးညဲ မြို့နယ်ခွဲအတွင်းရှိ ပန်ဖိတ်ကျေးရွာအုပ်စု မန်ဝိန်းကျေးရွာ သီရိမင်္ဂလာကျောင်းတိုက် သိမ်ရေစက် ချပွဲနှင့် သိမ်သမုဒ်ပွဲ ကျင်းပချိန်တွင် ပွဲတော်ကျင်းပရာအချိန်အတွင်း ၌ပင် အကြောက်အလန့်မရှိ ခြင်း၊ တစ်ခြား ဘာသာ များအပေါ်မထီမဲ့မြင် ပြုခြင်းများ နှင့် အနုကြမ်းစီးသကဲ့သို့ ကျေးရွာသားများအား စစ်မှုထမ်းရန် ၀င်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများပြောပြချက်အရသိရှိရပါသည်။

 

၁၈ ရက် မတ်လ ၂၀၁၅ တစ်ရက်တည်းပင်လျင် နံနက် ၇ နာရီ ဘာသာရေးအာရုံပြု ကုသိုလ်ကောင်း မှုပြုလုပ် နေချိန် တွင် ကျောင်းဝင်းအတွင်း၌ တစ်ဦး ကျေးရွာအတွင်း (၆)ဦး စုစုပေါင်း (၇) ဦး အား ခေါ်ဆောင် သွားခြင်း လည်းဖြစ်သည်။ စစ်သားစုဆောင်းရေးတွင် ဦးဆောင်သူမှာ အောင်လွဏ်း ဒုဗိုလ်ကြီး အဆင့်ရှိသူ လည်းဖြစ် သည်။ ယင်းကချင်လွတ်မြောက်ရေးအဖွဲ့(KIA) အဖွဲ့တွင် တပ်ကြပ်ကြီးအဆင့်ရှိသူ ဖော်ယမ်ထွန်း နှင့် နော်အောင်ဆိုသူ နှစ်ဦးလည်းပါဝင်ကူညီခဲ့သေးကြောင်းသိရှိရသည်။

 

ဘုန်းတော်ကြီးကျောင်းအတွင်း လက်နက်များကိုင်ဆောင်လျက် ၀င်ရောက်လာခဲ့ပြီး အလိုရှိသော လူငယ်များကို ရရှိရေး ခြိမ်းခြောက် ဖမ်းဆီးနေသဖြင့် ဘုန်းတော်ကြီးများမှ ၀င်ရောက် မေတ္တာရပ်ခံရာ လက်မခံဘဲ အတင်းဖမ်းဆီးသွားခဲ့ကြောင်းလည်းသိရသည်။ ဒေသခံ ကျေးရွာလူငယ်ခေါင်းဆောင်များ နှင့် သံဃာတော်များ ပူးပေါင်း၍ ညတွင်းချင်း  တပ်စခန်းရှိရာသို့ လိုက်သွားကြပြီး ကျေးရွာလူငယ်များမှာ သွားရောက်ညှိနိုင်းဆွေးနွေးခဲ့ရာ ၁၉ ရက်နေ့မနက်ပိုင်းတွင် ၆ ဦးပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ကျန်တစ်ဦးဖြစ်သူမိုင်းအိုက်ဆိုင်မှာ ယခုချိန်ထိ ပြန်လည်လွတ်ပေးသေးခြင်းမရှိကြောင်းလည်းကြားသိရသည်။

 

ရွာဦးကျောင်းထိုင် ဆရာတော်  ဦးအိန္ဒာစာရ (တောင်းတန်းသာသနာပြု) မှ ယင်းကိစ္စအပေါ် သူ၏အမြင်များကို မိန့်ခဲ့ပါသည်။ "အခုလို မတရားလာပြီးဖမ်းဆီးတာက မသင့်တော်တဲ့အလုပ်ပါ၊ သိမ်သမုဒ်ပွဲ မကျင်းပမီ အချိန် တုန်း ကတည်းက ဘုန်းကြီးသို့ ညှိနိုင်းထားတာရှိပါတယ် ဘုရားပွဲအတွင်းမှာ စစ်သားလာမကောက်ဖို့ ပေါ့ ပြီးတော့ သူတို့ ကိုယ်တိုင်လည်း ပွဲကို မနှောင့်ယှက်ပါဘူးလို့ ကတိပေးထားပြီးသားဘဲလေ..အဲ့လို သဘော တရား လေးတွေ ရှိထားပေမဲ့ ပွဲတောင်ရေစက်မချရသေးဘူး ဒီလိုလုပ်တော့ပွဲလည်း ပျက်သွားတယ်၊ သိမ် ကျောင်း လည်း ရေစက်မချလိုက်ရဘူး၊ အဲ့သည်ကိစ္စကို ဘယ်သူမှ မသိဖို့ မပေါက်ကြားဖို့  အကြောင်းကြား တာတွေမလုပ်ရဘူးလို့ လည်း ခြိမ်းခြောက်လိုက်သေးတယ် ဒကာလေးရေ " ဟု စိတ်ရှည်စွာ အကျိုးအကြောင်း ကို ချပြ ပြောဆိုခဲ့ပါသည်။

 

မန်ဝိန်းကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော် ရှိပြီး တအာင်းတိုင်းရင်းသားများ အများစု နေထိုင် ကြောင်း ကြား သိ ရသည်။ကွတ်ခိုင်မြို့နယ်တွင် အခြားတိုင်းရင်းသားလူငယ်များ စိတ်အနှောင့် အယှက် မရှိ ပညာသင်ယူနေချိန် နှစ်စဉ်နှစ်တိုင်းလိုလိုပင်  တအာင်းတိုင်း ရင်းသားလူငယ်များကို တရုတ်ပြည်သူ့စစ် ၊ကချင်ပြည်သူ့စစ်၊ မြန်မာ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့မှ စစ်သားကောက်ယူ စုဆောင်း ခံနေ ရကြောင်း လည်းသိရသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links