You are here: Home NEWS ကျောက်မဲခရိုင်တွင် တိုက်ပွဲကြောင့် လက်ဘက်လုပ်ငန်းများ ရပ်ဆိုင်ထားရ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

ကျောက်မဲခရိုင်တွင် တိုက်ပွဲကြောင့် လက်ဘက်လုပ်ငန်းများ ရပ်ဆိုင်ထားရ

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ကွင်းဆလန်း ကျေးရွာအုပ်စု ကျောက်ဖြူရွာ အနောက်ဘက်ပိုင်းတွင် ၂၃ ရက် မတ်လ တစ်ရက်တည်း၌ပင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခတ် နေကြသဖြင့် ကျေးရွာဒေသခံများ လုပ်ငန်းခွင် မဆင်းနိုင်ဘဲ အခက်အခဲတွေ့ နေရကြောင်း သိရသည်။


ထိုဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်းအမှတ် (၉၈၇)နှင့် မြန်မာ့တပ်မတော်ဘက်မှ တပ်မ (၇၇) တို့  ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်။

ရှမ်းမြောက်တစ်ဝှမ်းတွင် စစ်တပ်အင်အားများကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက် စစ်ဗျူဟာတပ်များ နှင့် တပ်မ (၇၇) ၊ တပ်မ(၈၈)အပြင် ရဲများ နှင့် ပြည်သူ့စစ်အဖွဲ့များ ၊ (သကစဖ) အမည်ရသော သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့များ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး လုပ်ရန် လာကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်မဲ ခရိုင် တအာင်းလူမျိုးများနေထိုင်ရာ ဒေသဖြစ်သော မိုင်းငေါ့ မြို့နယ်ခွဲ၊ မိုင်းလုံမြို့နယ်ခွဲ နှင့် ပြင်ဦးလွင်၊ မိုးမိတ် အဆက်အထိ စစ်သားများ ဖြန့်ကျက်နေကြောင်းလည်း အမည်မဖော်လိုသူ ရဲဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

ယခုတိုက်ပွဲသည် မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိ ကျောက်ဖြူကျေးရွာ အပြင် ပန်လော့ကျေးရွာ နှင့် ပန်လုံးကျေးရွာ များအထိပါ ကူးစက်သွားခဲ့ပြီး နံနက် ၉ နာရီ ၅ မိနစ် မှည ၉နာရီ မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး ညနေခင်း ၂ နာရီမှ ညနေ၄ နာရီခွဲအထိ ပစ်ခတ်တိုက်ခိုက်သံများ ကြားနေရသေးကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရှိရသည် ။

နေ့စဉ်ရက်ဆက် ဆိုသကဲ့သို့ မြန်မာ့တပ်မတော် ဘက်မှ ထိုးစစ်များ ပြင်းပြင်းထန်ထန် ရှိနေကြောင်းလည်း ဒေသခံ လူငယ်များက ပိုမိုသတိထား မိလာကြကြောင်းနှင့် လမ်းသွားလမ်းလာ အချိန်များတွင်လည်း စစ်ဆေးမေးမြန်းမှုများကို အချိန်ဆွဲ ရမယ်ရှာတတ်ကြောင်းလည်း ဒေသခံလူငယ်များ ပြောပြချက်အရ သိရှိရသည်။

လက်ဘက်ခူးချိန် လက်ဘက်ရာသီ ဖြစ်နေသဖြင့် လက်ဘက်ခြံအတွင်း လုပ်ငန်းခွင်ထဲ မဆင်းရဲသည့်အပြင် ကျေးရွာ   ၄ ရွာခန့် မှ သက်ကြီးရွယ်အိုများ  ကျောင်းသားကလေးငယ်များ လက်နက်ကြီး ဒဏ် သင့်မည် စိုးရိမ်နေကြသဖြင့် ရွာ ပြင်ဘက်မထွက်ရဲ ကြကြောင်းလည်း သိရသည်။

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links