You are here: Home NEWS ကျောက်မဲမြို့အနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

ကျောက်မဲမြို့အနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ရှိ နမ့်တွေအုပ်စု လွယ်ဂျက် ကျေးရွာအထက်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။

 

နံနက်ပိုင်း ၃နာရီခန့်မှ နံနက် နာရီခွဲ အထိ ယခင် မိုးမိတ်မြို့နယ်ခွဲမှ မိုင်းငေါ့မြို့နယ်ခွဲ သို့ ပြောင်းထဲ့လိုက်သည့် ခွန်ခါကျေးရွာအတွင်းတွင်လည်း တပ်မ (၇၇)နှင့် တအာင်းတပ် ၅၂၇ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ သေးကြောင်းလည်း ကြားသိရသည်။ ခွန်ခါ ကျေးရွာသားအချို့ ကျေးရွာမှ ဘေးလွတ်ရာသို့ တိမ်းရှောင် ထွက်ပြေး နေရကြောင်းလည်း သိရပါသည်။ လွယ်ဂျက်ကျေးရွာ နှင့် ၂ဖာလုံမျှသာ အကွာအဝေးရှိသော တောင်ဂမု အထက်တွင် နံနက် နာ ရီ မိနစ် ၄၀ ခန့်မှ စတင်ပစ်ခတ် နေကြပြီး ကျေးရွာနှင့် လွန်စွာ နီးကပ်နေသဖြင့် ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေကြ ကြောင်းလည်း သိရပါသည်။

မြန်မာ့တပ်မတော်ဘက် မှ လက်နက်ကြီး ဆယ်လုံးကျော်ဖြင့် ပစ်လွတ်ခဲ့သေးကြောင်း နှင့် ယင်းတိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက် မှ တပ်မ (၇၇)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်ရင်း(၉၈၇) တို့ ပစ်ခတ်တိုက်ခတ်ကြခဲ့ခြင်း လည်းဖြစ်သည်။ တအာင်းတပ်မတော်မှ ကာကွယ် ထိန်းသိမ်း စောင့်ရှောက်သည့် သတ်မှတ်ထားသော နယ်မြေအတွင်းသို မြန်မာ့တပ်မတော် ဘက်မှ နေ့ရောညပါ အင်အားသုံး ထိုးဖောက်ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရပါသည်။ ၂၄ရက် ညဦးယံ အချိန် မိုင်းငေါ့မြို့ပေါ်တွင်လည်း တပ်မ (၇၇)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် တပ်ရင်း (၂၅၆) တို ပစ်ခတ်မှုများ ရှိခဲ့ကြောင်း မိုင်းငေါ့မြို့ခံများ ပြောပြချက်အရ သိရှိရပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်တွင် နယ်မြေစိုးမိုးရန် နှင့် နယ်မြေရှင်းလင်းရေး အတွက် အင်အားအလုံးအရင်းဖြင့် တအာင်းကျေးရွာများ၊ တောတောင်များအထိ ကျူးကျော်ရောက်ရှိ လာကြောင်းနှင့် တိုက်ပွဲဖန်တီးမှုများ ဒေသတွင်း မငြိမ်မသက်မှုများကို ပို၍စိုးရွားလာနေသည့် အခြေအနေကို ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရကြောင်း လည်းဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။

" လက်ဘက် ရာသီလည်း ဖြစ်တယ်.. တစ်နှစ်လုံးမှာမှ သည်အချိန်ဘဲ လုပ်ငန်းက ပိုက်ဆံရတဲ့ အချိန်လေ.. ငွေစ၀င်တယ်ပြောလို့ ရတာပေါ့ ကျန်တဲ့ အချိန်က လူငှားပြီး ပိုက်ဆံတွေ တစ်အားကုန်ထားရတာလေ ရွှေဖိချိန်ကိုမှ ချိန်ပြီးတော့ တိုင်းပြည် မငြိမ်းချမ်းအောင် တမင်လုပ်နေကြ တာလားမသိဘူးပေါ့.. တစ်ချို့ လက်ဘက်ခူး သမားတွေ ပြန်ကုန်ကြပြီရေဒီယို နားထောင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးနေ ကြတယ်ဆို .. ဒီမှာတွေ့တာတော့ နေ့တိုင်း တိုက်ပွဲဘဲ ဖြစ်နေတယ်ရော.. ဗမာစစ်သားတွေ များတောင် များလာသေးတယ်။"

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links