You are here: Home NEWS မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ နှင့် အတွင်းရေးမှူးကို RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်သွား

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ နှင့် အတွင်းရေးမှူးကို RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်သွား

E-mail Print PDF

ဇွန်လ ၂၀ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ နှင့် အတွင်းရေးမှူး (၂) ဦးစလုံးကို ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့သာ မဟုတ်ဘဲ ဒေသခံအစိုးရအာဏာပိုင်များလည်း ပါဝင်ပါက်သက် ကူညီမှုကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းလည်း ကြားသိရပါသည်။

မိုင်းကိုင်မြို့နယ်၊ လွယ်လင်ခရိုင် တအာင်း(ပလောင်) အမျိုးသားပါတီ ရုံးဖွင့်ပွဲတွင် တွေ့ရသည့်ပုံ


ဇွန်လ ၂၀ရက် နနံက် ၈နာရီ အချိန်တွင် မိုင်းကိုင်မြို့ ရပ်ကွက်(၁) ဥက္ကဌ မှ ပါတီမှ တာဝန်ရှိသူများကို တွေ့ဆုံလိုကြောင်း နေအိမ်သို့ ဖုန်းဖြင့်ဆက်သွယ်လာခြင်း၊ နုတ်ဖြင့် လူကြုံအသုံးပြု၍  ရပ်ကွက်ရုံးသို့လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခြင်း ခံခဲ့ရပြီး ရပ်ကွက်ရုံးသို့ ရောက်ရှိပြီးမှသာ အရပ်ဝတ် လက်နက်ကိုင်အဖွဲ့များမှ မေးမြန်းဆွေးနွေးခြင်း မပြုဘဲ ပန်ကွဲရွာ အထိ ဆိုင်ကယ်ဖြင့် ဆက်လက်ခေါ်ဆောင်သွားကြောင်း ကြားသိရသည်။
ပန်ကွဲရွာသို့ ရောက်မှသာ ယူနီဖောင်းဝတ် ရှမ်းပြည်တပ်မတော်လက်နက်ကိုင်အဖွဲ့မှ ဥက္ကဌဖြစ်သူ မိုင်းအောင်ခမ်းနှင့် အတွင်းရေးမှူး တာဝန်ယူထားသူ မိုင်းကျမ်ဆာ တို့ (၂)ဦးစလုံးကို နောက်ပြန်ကျော ကြိုးတုပ်ချည်နှောင်၍ ခေါ်ဆောင်သွားကြောင်း သိရပါသည်။

ဖမ်းဆီးခေါ်ဆောင်သောအဖွဲ့၏ ဦးဆောင်သူအမည်မှာ တပ်ရင်း(၃၃၇)မှ ဒုရင်းမှူးအဆင့်ရှိသူ စ၀်ကျိန်ဟန် ဖြစ်ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ စ၀်ရွက်ဆစ် လက်အောက်ခံ တပ်ရင်း တစ်ခုလည်း ဖြစ်သည်။

မည်သည့်ကိစ္စကြောင့်ဖမ်းဆီးသွားသည်ကို ဒေသခံများ နှင့် မိသားစုများမှ တိတိကျကျ သိမထားသော်လည်း ဖမ်းဆီးခေါ်ဆောင် သွားချိန်သည် ပါတီတွင်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ (၃)ရက်တာ ဆွေးနွေးမှူစကားက၀ိုင်း တက်ရောက်နေချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ ပါတီဆိုက်မှ ရွေးကောင်ပွဲကာလ တရားမျှတမှု ဖြစ်စေရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေချိန်လည်း ဖြစ်ပါသည်။

မိုင်းကိုင် ဒေသခံရှမ်းအမျိုးသား တစ်ဦးက သူ၏အမြင်ကိုပြောပြရာတွင် "အရင်တုန်းကတည်းက ပါတီတွေနိုင်ငံရေးတွေ ပါဝင်ပါက်သက်တာ မလုပ်ရဘူး၊ လုပ်တာမကြိုက်ဘူး မလုပ်ရဘူးဆိုပြီး စစ်တပ်အသိုင်းအ၀န်းကနေ အကြိမ်ကြိမ် သတိပေးတာမျိုးတော့ ကြားတာဘဲလေ အသေးစိပ်တော့မသိဘူးပေါ့" ဟု သူ၏ ထင်မြင်ကြားသိသမျှကို ပြောပြခဲ့သည်။

ဒေသခံ ဆေးပေးခန်းဆရာမ တစ်ဦးအားမေးကြည့်ရာတွင်လည်း သူ၏အမြင်အား ပြောပြချက်တွင် " အရင်တုန်းက တအာင်း(ပလောင်)ဆိုရင် လူနေမှုပုံစံတွေ အသိအမြင်တွေဆိုတာ အဘက်ဘက်က ပိတ်ဆို့ ခံထားရတာလေ.. ဘာမှမသိလေ ကြိုက်လေပေါ့… ပါတီထူထောင် ခါစတုန်းက ဆိုင်းဘုတ်ထောင်တဲ့ ကာလက ဆိုရင် ခြိမ်းခြောက်တာတောင် လုပ်သေးတယ်..  တိုးတက် ဖို့ မဟုတ်ဘူး အသက်တိုဖို့ ဘဲရှိမယ်ဆိုပြီးတော့ပေါ့လေ.. ယနေ့ခေတ်မှာတော့ တစ်ပါတီ အာဏာရှင်စနစ်တွေ၊ လူမျိုးတစ်မျိုးရဲ့ အုပ်ချုပ်မှုအောက်ကနေ ဘဲ အသက်ရှင် ရပ်တည်ရေး ဆိုတာတွေက တော်တော်ချည်း ခေတ်နောက်ကျနေပြီလေ.. လူမျိုးကြီးဝါဒ.. အာဏာရှင်ဝါဒ ဆိုတာက မွေးမြူသင့်တဲ့ ကိစ္စမှ မဟုတ်ဘဲ "…ဆိုပြီး ဖြည့်စွက်ပေးခဲ့ ပါသည်။

 

မိုင်းကိုင်မြို့နယ်၊ လွယ်လင်ခရိုင် တအာင်း(ပလောင်) အမျိုးသားပါတီ ရုံးဖွင့်ပွဲတွင် တွေ့ရသည့်ပုံ

 

ဖမ်းဆီးခေါ်ဆောင်သည့်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်တုံ့ပြန်ပြောဆိုမှုမှ မရရှိသေးကြောင်းနှင့် အခြေအနေ တင်းမာလာပါက သက်ဆိုင်ရာတာဝန်ရှိသူများအလိုက် ဆက်လက် တင်ပြ ၍ တာဝန်ယူရမည့် ကိစ္စများကို မဖြစ်မနေတာဝန် ယူရန် လည်း လုပ်ဆောင်လိုကြောင်း နီးစပ်ရာပတ်ဝန်းကျင်မှ ဆွေမျိုးများက ဆန္ဒရှိနေကြပါသည်။

မည်သို့ပင်ဆိုစေ ကာယကံရှင်များ၏  မိဘများမှာ အဆက်အသွယ် လုံးဝမရသဖြင့် အသက် အန္တာရာယ်အတွက် စိုးရိမ်မကင်း ဖြစ်နေကြောင်း.. လူကြီးဆန်ဆန် တွေ့ဆုံဆွေးနွေးရန် ဆင့်ခေါ်သော်လည်း လမ်းခုလတ်တွင် ကြိုးတုပ်ဖမ်းဆီးခံရမှုမှာ ပုံစံမကျသလို ခံစားမိကြောင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ခြွင်းချက်မရှိ အမြန်လွတ်ပေးစေလိုကြောင်း ကြားသိရပါသည်။


 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links