You are here: Home NEWS နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက် အတွင်း မီးလောင်မှုဖြစ်ပွား

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက် အတွင်း မီးလောင်မှုဖြစ်ပွား

E-mail Print PDF

မူဆယ်ခရိုင် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂ လုံး လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ ၁၅ ရက် မွန်းတည့်၁၂ ရီခန့်တွင် စတင်လောင်ကျွမ်းရာ ၁၂ နာရီခွဲတွင် ရပ်ကွက်သူ ရပ်ကွက်သားများ ၀ိုင်းဝန်းကူညီ ငြိမ်းသတ်ကြသဖြင့် မီးဆက်မကူး နိုင်တော့ကြောင်းလည်း သိရသည်။

မီးငြိမ်းသတ်ရာတွင် ပုဂ္ဂလိက ရေတင်ကားများ အသုံးပြုခဲ့ပြီး မြို့နယ်မီးသတ်ကားမှာ မီးညွန့်ကျိုး၍ ငြိမ်းသတ်ပြီးမှာ သာ ရောက်ရှိလာကြောင်း သိရသည်။

ပျက်စီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းကို မသိသေးသော်လည်း အချို့အိမ်များမှာ မီးကူးမည် စိုးရိမ်စိတ်ကြောင့် နေအိမ်များ ဖြိုဖျက်ခဲ့ရသည် ဟုလည်း သိရသည်။

မီးစလောင်သည့်အိမ် အိမ်ပိုင်ရှင်ဖြစ်သည့် တာထွန်းအောင် နှင့် အတူ သားတစ်ဦးကိုလည်း မီးလောင်မှုအတွက် စစ်ဆေးရန်အတွက် မြို့မရဲစခန်း မှ ခေါ်ဆောင်သွား ကြောင်းလည်း သိရသည်။

ဝါယာရှော့ကြောင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပြီး မီးငြိမ်းသတ်စဉ် ဒဏ်ရာ ရရှိသူ ၄ဦး ရှိသည်ဟု သတင်း ရရှိ ထားပါသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links