You are here: Home NEWS တပ်မ(၇၇)မှ မန်တုံမြို့နယ် ဂျုံဂျ ကျေးရွာအတွင်း ငွေကြေးတောင်းခံခြင်း နှင့် ပေါ်တာဆွဲခြင်း

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ(၇၇)မှ မန်တုံမြို့နယ် ဂျုံဂျ ကျေးရွာအတွင်း ငွေကြေးတောင်းခံခြင်း နှင့် ပေါ်တာဆွဲခြင်း

E-mail Print PDF

ကျောက်မဲခရိုင် မန်တုံမြို့နယ် ဂျုံဂျကျေးရွာ အတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်များ ထိမှန်ပျက်စီးရသည့် အပြင် ပေါ်တာဆွဲခြင်း ဒေသခံများ၏ ပစ္စည်း လုယူသွားခြင်း နှင့် ငွေကြေးများ ယူဆောင် သွားခြင်း ဒေသခံများထံ သတင်းရရှိ ထားပါသည်။

တအာင်းကျေးရွာ အတွင်းတွင် မြင်တွေ့ရသော မြန်မာတပ်မတော်

တအာင်းရပ်ရွာအတွင်း မြင်တွေ့ရသော မြန်မာ့တပ်မတော်

မြန်မာအစိုးရ တပ်မတော်စစ်ကြောင်းမှ တပ်မ (၇၇) နှင့် ကွန်မန်ဒို တပ်ရင်းအမှတ် (၂) တို့ မှ ပူးပေါင်း၍ နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ နှင့် တိုက်ဆိုင်စွာပင် ဂျုံဂျကျေးရွာ အတွင်းသို့  လက်နက်ကြီးများ ရှေ့ပြေး လမ်းရှင်း ပစ်ခွင်ခဲ့ပြီး ကျေးရွာ အတွင်းသို့ ရောက်ရှိစဉ် ကျေးရွာ ဥက္ကဌ အိမ်တွင် အခြေချကာ လွယ်မွန်းရွာ ဘက်သို့ ဆက်လက် ထွက်ခွာရန် အတွက် ပေါ်တာ ၁၉ ဦး ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

ကျေးရွာရံပုံငွေ ၁၃ သိန်းနှင့် ကျေးရွာပိုင်ဖုန်း (၁)လုံး ကို လမ်းကြောင်း အသုံးပြုရန် ရှာဖွေပေးဆောင်ခိုင်းပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)မှ ကျပ်ငွေ (၃)သိန်း နှင့် ဖုန်း(၁)လုံး သိမ်းဆည်း သွားကြောင်း သိရသည်။

ထို့အပြင် ပေါ်တာအတွက် WFP မှ ၀န်ထမ်း(၁)ဦး၊ ကျေးရွာတွင် သက်တမ်း ၁၀ နှစ် ကျော်ရှိပြီဖြစ်သော ကျန်မာရေး လာရောက်ကုသ ပေးနေသော နယ်စည်းမခြား ကျန်မာရေးအဖွဲ့ (နယ်လှည့် ကျောပိုးအိတ်) လုပ်သားများ (၂) ဦး အပါအ၀င် ကျေးရွာ ရပ်မိရပ်ဖများ လူဦးရေ (၁၆) ဦ့း ကို ပေါ်တာ ထမ်းရန် ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

နေအိမ်များကို ရှာဖွေစစ်ဆေး ရာတွင်လည်း ခွင့်ပြုချက် များမရယူသည့်အပြင် အိမ်ရှင်များကို အိမ်ပြင်သို့ နှင်ထုတ်၍ မွှေနှောက်သွား ကြောင်းလည်း သိရှိရပါသည်။ ကျေးရွာရှိ ဖွင့်ထားသော ကုန်စုံဆိုင်များမှ ကုန်ခြောက်များ ကိုလည်း ရိက္ခာအဖြစ် ဆိုင်ရှင် သဘောဆန္ဒ မပါဘဲ ယူဆောင်သွားကြောင်း ကြားသိရ ပါသည်။

ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် လူနေအိမ် ထိမှန်ခဲ့ပြီး စိုးရိမ်စရာ အနေအထား မရှိကြောင်းလည်း သိရသည်။

ဒေသခံများ အနေဖြင့် လက်ရှိ ခြေကုပ်ယူထားသော တပ်မများပင် မရွှေ့ပြောင်းသေးသဖြင့် ဒေသတွင်း အေးချမ်းမှုကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်သည့်အပြင် ကျောင်းများကိုပင် ပိတ်ထား ရပါသည်။

ကျေးရွာအတွင်း သို့ရောက်ရှိစဉ် လူငယ်များ တောထဲသို့  ပုန်းခိုခဲ့ကြရပြီး ကျေးရွာ သူကြီးနှင့် တွေ့ဆုံစဉ် တွင် တပ်ရင်း (၂) ရင်းထပ်မံတိုးရန် ရှိကြောင်းနှင့် လေယာဉ် ပစ်ကူမှုများနှင့် နယ်မြေရှင်းလင်းရေး လုပ်လိမ့်မည် သတိပေး ပြောသွားခဲ့ကြောင်း သိရပါသည်။

ပေါ်တာဆွဲခံရသူ ကျေးရွာ ရပ်မိရပ်ဖများ၊ WFP ၀န်ထမ်းများ နှင့် ကျန်မာရေး လာရောက်ကုသ ပေးနေသော နယ်စည်းမခြား ကျန်မာရေးအဖွဲ့ (နယ်လှည့် ကျောပိုးအိတ်) လုပ်သားများ ၂၀ရက်နေ့တွင် ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links