You are here: Home NEWS သိန္နီမြို့၊ အထ (၂) ၆၉ တပ်ကျောင်းမှာ အသက် ၅ နှစ် ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

သိန္နီမြို့၊ အထ (၂) ၆၉ တပ်ကျောင်းမှာ အသက် ၅ နှစ် ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရ

E-mail Print PDF

၂၀၁၇ ခုနှစ်၊ ဇန္န၀ါရီလ (၃၁) ရက်

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက် မွန်းလွဲပိုင်း ၁း၀၀ နာရီ အချိန်တွင် သိန္နီမြို့၊ အထ (၂)၆၉ တပ်ကျောင်း မှ ကျောင်းစောင့် ဦးဝင်းညွန့်က ကောင်းလက်ကျေးရွာအုပ်စု၊ ကောင်းလောက်စောက် ကျေးရွာနေ  အသက် ၅ နှစ်အရွယ် လွေး….. ကို မုန့်နှင့် အချိုရည် တိုက်ကျွေးမည်ဆိုကာ သူ့နေအိမ်သို့ လိမ်လည် ခေါ်ဆောင်သွားပြီး   သားမယားဖြစ် ပြုကျင့်လိုက် ကြောင်း ဒေသခံများထံမှ စုံးစမ်းသိရှိရသည်။

"မွန်းလွဲ ၁း၀၀ နာရီမှာ ကလေးမကို လိမ်ပြီးခေါ်သွားတယ်။ ညနေ ၃း၃၀ နာရီချိန်မှာ လွေး..ကို ရှာမတွေ့တော့ အတန်းဖော် လွေးအေးလီ (အသက် ၁၂ နှစ်)က ရှာကြည့်တော့ ဦးဝင်ညွန့်အိမ်ထဲမှာ လွေး.. လက်ကို နိုင်လွန်ကြိုးနဲ့တုတ်ထားပြီး ပါးစပ်ကို ၀ါယာတိပ်နဲ့ ချည်ထားကာ ပလပ်စတစ်ခုံပေါ်မှာ ထိုင်နေတာ တွေ့ရတယ်” ဟု ပြောကြားခဲ့ပါသည်။

ဦးဝင်းညွန့်သည် အိမ်ထောင်သည်ဖြစ်ပြီး သိန္နီမြို့ အထ(၂) ၆၉ တပ်ကျောင်း၊ ၄င်းကျောင်းစောင့်သည် လွေး..ကို လက်ဖြင့်လည်းကောင်း ၊ လိင်အင်္ဂါဖြင့်လည်းကောင်း သားမယား ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း လွေးနှင့် နီးစပ်သူတစ်ဦးမှ သိရပါသည်။

ဦးဝင်းညွန့်ကို သိန္နီရဲစခန်းမှ ချုပ်နှောင်ထားပြီး ပုဒ်မ (၃၇၆)၊ (၃၄၂)နှင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိ ရှိရသည်။

လွေး… အား ဆေးစစ်ဆေးမှုများ နှင့် ဆီးစစ်ဆေးမှု ပြုလုပ်ခြင်း မရှိသေးကြောင်းနှင့် ဆီးစစ်ဆေးမှုကို မန္တလေးသို့ ပို့ရမည်ဟု ဆရာဝန်မှ ပြောကြောင်း သိရပါသည်။

ဦးဝင်းညွန့်သည် သက်ငယ်မုဒိမ်းမှုကို ကျူးလွန်နေခြင်းဖြစ်သဖြင့် တာဝန်ရှိရဲများအား အမှုမှန်ကို နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ အမြန်ဆုံး အမှုမှန် ဖော်ထုတ်ပေးဖို့ နှင့် ကလေး၏ ဘ၀ ပြန်လည်ထူထောင်ခြင်းများ ပြုလုပ်သင့်ကြောင်း တအာင်းအရပ်ဖက်လူမှု အဖွဲ့အစည်းက ပြောပါသည်။

"အမှုမှန်ကို နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးဖော်ထုတ်ဖို့ လိုပါတယ်။ ဥပဒေအတိုင်း အရေးယူမှုတွေ ပြုလုပ်ဖို့လိုပါတယ်။ ဒါမှသာလျှင် အနာဂတ် သက်ငယ် မုဒိမ်းမှုများ တားဆီးနိုင်မှာ ဖြစ်ပါတယ်..” ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ အထွေထွေအတွင်းရေးမှူး မိုင်းဆါည်ရံက်က ပြောပါသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links