You are here: Home NEWS ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

သိန္နီမြို့၊ အထ (၂) ၆၉ တပ်ကျောင်းမှာ အသက် ၅ နှစ် ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရ

၂၀၁၇ ခုနှစ်၊ ဇန္န၀ါရီလ (၃၁) ရက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက် မွန်းလွဲပိုင်း ၁း၀၀ နာရီ အချိန်တွင် သိန္နီမြို့၊ အထ (၂)၆၉ တပ်ကျောင်း မှ ကျောင်းစောင့် ဦးဝင်းညွန့်က ကောင်းလက်ကျေးရွာအုပ်စု၊ ကောင်းလောက်စောက် ကျေးရွာနေ  အသက် ၅ နှစ်အရွယ် လွေး….. ကို မုန့်န...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်မွေးတိရိစ္ဆာန် ကျွဲနှင့် နွားများ၏ ၁၀ ကောင် အထိ သေဆုံးသည်ဟု ရွာသားများ ပြောပြချက်အရ သိရှိရသည်။

သေဆုံးသူများသည် အသက် (၄၂) နှစ် ဒေါ်မာဆာအောင် နှင့် အိမ်နီးချင်း အသက် (၅) နှစ် အရွယ် လွေယေလွတ် ဖြစ်ကြာင်းဖြစ်ပြီး ရွာအတွင်းတွင် ကျရောက်ပေါက်ကွဲသည့် ၁၂၀ မမ ဗုံးဆများ ရွာမှာ ရှိနေသေးကြောင်း ရွားသားများ ပြောပြပါသည်။

ယနေ့မနက်တွင် တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် နှင့် မြန်မာ့တပ်မတော် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲအပြီးတွင် မြန်မာ့တပ်မတော်မှာ မဆင်မခြင် ပစ်ခက်မှုကြောင့် ရွာသားများ ထိခိုက်သွားသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး သတင်းထုတ်ပြန်ချက်မှ ရေးသားထာပါသည်။

နမ့်ခုမ်းရွာသည် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာတပ် နှင့် ၂မိုင် အကွာအဝေးသာ တည်ရှိသည်။

၎င်းမနက်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ တိုက်နယ်တွင်လည်း ပစ်ခက်မှုများ ဖြစ်ကြပြီး လူနေအိမ်တွင် လက်နက်ကြီးများ ကျရောက်ထိမှန်ခဲ့သော်လည်း မပေါက်ကွဲသေးကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links