You are here: Home NEWS တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

E-mail Print PDF

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

ဦးအိုက်ကျမ်သည် အရပ်သား တစ်ဦး ဖြစ်ပြီး ပန်လောရွာမှ နာဆိုင်းရွာ (လားရှိုး-နမ္မတူ လမ်းမပေါ်) ကို ဈေးဝယ်အပြန်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဆိုင်ကယ်နှင့် ဝယ်လာသော ခေါက်ဆွဲခြောက်၊ ဖိနပ် စသည့် ပစ္စည်းများကို သိမ်းယူသွားပြီး ရိုက်နှပ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးက ပြောပါသည်။

ထို့အပြင် ၂၁ ရက်နေ့တွင်လည်း လွယ်ပြေးအုပ်စု၊ နမ့်လင်းခန်ကျေးရွာမှာ RCSS အဖွဲ့မှ ဈေးဆိုင်တစ်ဆိုင်ကို ဝင်ရောက်မွှေနောက်ပြီး ဆန် ၁၀ အိတ်နှင့် ပစ္စည်း (၃-သိန်းတန်ဘိုးရှိ) လုယူသည့်အပြင် အိမ်မွေး ဝက် ၂ ကောင်လည်း သတ်စားလိုက်ကြောင်း သိရပါသည်။

ဦးအိုက်ကျမ် မိသားစုက နာဆိုင်းရွာ အုပ်ချုပ်ရေးမှူးကို စုံစမ်းရန် အကူအညီ တောင်းထားသော်လည်း ဦးအိုက်ကျမ်ကို မည်သည့်တပ်ရင်း၊ မည်သည့်နေရာ ဖမ်းဆီးခေါ် ဆောင်သွားပြီး ထိန်းသိမ်းထားခြင်းကို မသိ ကြောင်းပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် ဆိုင်ကယ်ပေါ်မှ ကန်ချပြီး ဦးအိုက်ကျမ်းကို ရိုက်နှပ်ဖမ်းဆီးသွားသောကြောင့် လက်ရှိအချိန်တွင် သေလား ရှင်လားမသိဘဲ စိတ်ပူနေရကြောင်း ၎င်း၏ မိသားစုနှင့် ဆွေးမျိုးများက ပြောပါသည်။

RCSS အဖွဲ့သည် NCA ကို လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်သော်လည်း မကြာခဏဆိုသလို အရပ်သားများကို ဖမ်းဆီး ရိုက်နှပ်နေခြင်း၊ မြောက်ပိုင်းတွင် စစ်အင်အား တိုးချဲ့၍ လှုပ်ရှားလာသဖြင့် TNLA လက်နက်ကိုင်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်နေခြင်းမှာ ဒေသငြိမ်းချမ်းမှုအတွက် အလွန်ပင် စိုးရိမ်နေရသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links