You are here: Home NEWS နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

E-mail Print PDF

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

ဇွန်လ ၂၄ ရက်နေ့ နေ့လယ် (၁၁) နာရီမှ ညနေ (၃း၃၀) အချန်ထိ တိုက်ပွဲ ဖြစ်ပြီး  ညနေ (၄း၃၀) နာရီခန့်တွင် မြန်မာ့ တပ်မတော်မှ မန်လန်းကျေးရွာ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ပြီး ဆဲဆိုကြိမ်းမောင်းကာ ဘွတ်ဖိနပ်စီးပြီး ဘုန်းကြီးကျောင်းတွင် သံဃာတော်များ၏ အိပ်ခန်းထဲ ဝင်ရောက်ရှာဖွေ ပြုလုပ်ခဲ့ပါသည်။  ရွာသူ/သားများကို ဘုန်းကြီးကျောင်းသို့ ခေါ်ယူ စစ်ဆေးကာ မသင်္ကာသည့် ရွာသား (၆)ဦး ဖမ်ဆီးပြီး ရွာသား ၅ ဦးကို သွေးထွက်သံယို ဖြစ်သည့်အထိ ဖမ်းဆီး ရိုက်နှပ်  ချုပ်နှောင် ထားသည်။ ရွာသားများအား မည်သူမှ ရွာပြင်မထွက်ရဟု အမိန့် ထုတ်ထားပြီး အမျိုးသမီး တစ်ဦးကိုလည်း ရိုက်နှပ် စစ်ဆေး မေးမြန်းခဲ့ပါသည်။

၂၅ ရက်နေ့ မနက် (၉း၀၀) နာရီမှ နေ့လယ် (၁၂း၀၀) နာရီအထိ အမျိုးသားများကို ဘုန်းကြီးကျောင်းဝန်းတွင် နေပူလှမ်း တန်းစီခိုင်းပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့သည်။ ထိုဖမ်းဆီး ချုပ်နှောင် ထားခံရသော ရွာသား (၆)ဦးကို ရွာခန်းမဆောင် အောက်ထပ်တွင်း စစ်ကြောရေး စခန်းကဲ့သို့ သွေးထွက်သံယို ဖြစ်သည်အထိ ကြိုးသုတ်ပြီး ညှင်းပမ်းနှိပ်စက်ခဲ့ပါသည်။ ထိုနောက်တွင် ကြောချင်းကပ် ကြိုးသုတ်၍ နေပူလှန်းခဲ့ပါသည်။

၂၆ ရက်နေ့ မနက် (၇) နာရီတွင် တပ်ရင်းမှူးမှ " ဘာမေးမေး ဘူးဘဲခံတယ် အဖြေမရဘူး (၁၀) နာရီအထိ အချိန်ပေးမယ် အဖြေမရရင် သတ်သင့်တဲ့သူ သတ်မယ် ရိုက်သင့်တဲ့သူ ရိုက်မယ် " ဟု ရပ်မိရပ်ဖ (၃) ဦးနှင့် ရွာဥက္ကဌကို ခေါ်ယူ ကျိန်းပြောခဲ့ပါသည်။ ထိုနေ့တွင် ရွာသား (၂၇) ဦးကို ဖမ်းချုပ်ထားပြီး (၁၅) ဦးကို နည်းမျိုးစုံဖြင့် ညုင်းပမ်း နှိပ်စက်ခဲ့သောကြောင်း ရွာသား (၆) ဦးမှ အပြင်းအထန် ဒဏ်ရာရပြီး ၄င်းတို့ ရိုက်နှပ်မှုကြောင့် ရွာသား (၁) ဦး  သေဆုံး ခဲ့ပါသည်။

၂၇ ရက်နေ့တွင် ဖမ်းဆီးထားသော ရွာသားများအနက် (၁၄) ဦးကို စစ်ကြောင်း ဆုတ်ခွာနေချိန်တွင် နမ့်ဆန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ကာ ရွာသား (၅) ဦးကို နမ့်လင်းရွာနှင့် အထက်မန်လွယ်ရွာကြားတွင် တအာင်းတပ်မတော် TNLA ဝတ်စုံဝတ်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင် သွားသည်။ အပြင်းအထန် ရိုက်နှပ်၍  သေဆုံးသွားသည့် ရွာသားတစ်ဦးသည် နမ့်လင်းရွာ နှင့် မန်လန်းရွာအစပ်တွင် အလောင်းကို TNLA ဝတ်စုံ ဝတ်ပေးကာ ပစ်ထားခဲ့ပါသည်။

မန်လန်းရွာ တိုက်ပွဲဖြစ်ပွားချိန်အတွင်း ရွာထဲရှိ ဈေးဆိုင်နှင့် အိမ်များကို ဝင်ရောက်မွှေနောက်ကာ အိမ်တွင်း ပစ္စည်းများ ဖျက်ဆီးခြင်း နှင့် ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဆုံးရှုံးသွားသော ပစ္စည်း၏ ခန့်မှန်း တန်ဘိုးမှာ သိန်း (၁၀၀) ကျော် ဖြစ်ပါသည်။

ညှင်းပမ်းနှိပ်စက် ခံရသူများသည် အများအားဖြင့် ဗမာစကား မအူမလည် ဖြစ်သည့်အတွက် စစ်ဆေးမေးမြန်းချိန် သဘောမပေါက်သူများ နှင့် ရူးသွပ်သူလည်း ပါဝင်သည်ကို တွေ့ရှိရပါသည်။

အသေးစိတ် သိလိုပါက -၀၉ ၄၄၈ ၅၅၅ ၂၈၆ ဆက်သွယ်နိုင်ပါသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links