You are here: မူလစာမျက်နှာ အစီရင်ခံစာ “ပြောင်းလဲခြင်းအတွက်အသံများ” အစီရင်ခံစာ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

“ပြောင်းလဲခြင်းအတွက်အသံများ” အစီရင်ခံစာ

E-mail Print PDF
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသရှိ ထိပ်လန့်ဖွယ်ဖြစ်ပွားနေသော အိမ်တွင်းအကြမ်းဖက်မများကို ဖွင့်ထုတ်လိုက်ခြင်း အမျိုးသမီးများအပေါ်အကြမ်းမများရပ်တန့်ရေးနေ့ PWOမှ ထုတ်ပြန်လိုက်သော “ပြောင်းလဲခြင်းအတွက်အသံများ” အစီရင်ခံစာတွင်ပလောင်အမျိုးသမီး ၉၀ ရာခိုင်နန်းမှာ အိမ်တွင်းအကြမ်းဖက်မဒါဏ်ကို ထိခိုက်ခံစားနေရကြောင်း ခိုင်မာစွာ ဖော်ထုတ်ထားပါသည်။ PWO မှ မြို့နယ်လေးခုရှိ ဒေသခံပြည်သူ ၆၀၀ ကျော်ကို တွေ့ဆုံ စစ်တမ်းကောက်ခံတွေရှိချက်များအရ ဇနီးမောင်နှံနှင့် မိသားစုများအကြားတွင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မများ ပုံမှန်ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရပါသည်။ “ကျမတို့ မိသားစုကိစ္စကို တစ်ခါမှ ကောင်းကောင်းဆွေးနွေးလို့မရဘူး။ သူက အရမ်းစိတ်ဆိုးပြီးဒေါသဖြစ်လွယ်တယ်။ ကျမတို့ အငြင်းအခုန် ဖြစ်တိုင်း ကျမကိုလည်းရိုက်တယ်။ တခါတလေ ကျမကိုရိုက်တာ အရမ်းဆိုးတယ် ဆေးကုရတဲ့အထိပဲ။ သူမိဘတွေ ရှေ့မှာလည်း ရိုက်လေ့ရှိတယ်၊ ဘယ်သူမှ သူ့ကိုထိန်းလို့မရဘူး။” ပလောင်အမျိုးသမီးတဦး၊ နမ့်ဆန်မြို့နယ်။ အိမ်တွင်းအကြမ်းဖက်မသည် လူပုဂ္ဂိုလ်တဦးချင်းမှ ပတ်ဝန်းကျင်ရှိလူထုအားလုံးအပေါ် ဆိုးရွားသည့်အကျိုးသက်ရောက်မရှိ စေပြီး၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးထိခိုက်ခံစားကြရကာ ပတ်ဝန်းကျင်လူမဘ၀မှ အထီးကျန်စေပါသည်။ ပလောင် အမျိုးသမီးများသည် ယင်းတို့၏ဘ၀အစိပ်အပိုင်းတိုင်းတွင် ကြီးမားသည့် လိင်ကွဲပြားမအပေါ်အခြေခံသည့်ခွဲခြားဆက်ဆံခြင်းကို ခံကြရသည်။ ထိုအခြေ အနေတွင်ပင် ကျားမ တန်းတူမမရှိခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မများကို ပလောင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းယဉ်ကျေးမနှင့် နေထိုင်မဘ၀များတွင် များစွာမြင်တွေ့နေရသည်က္စို္တဥ မှ ရှာဖွေတွေ့ရှိခဲ့ပါသည်။ “ကျမတို့ဒေသပါမက မြန်မာပြည်တ၀ှမ်းလုံးမှာ အိမ်တွင်းအကြမ်းဖက်မနဲ့လိင်ကွဲပြားမအပေါ်အခြေခံတဲ့ခွဲခြားဆက်ဆံမဟာ တကယ်ကြီး မားတဲ့ပြဿနာဖြစ်နေပါတယ်။ အိမ်တွင်းအကြမ်းဖက်မနဲ့ပတ်သက်ပြီး အခုချိန်ထိ ဘယ်သူမှ ဆွေးနွေးကြတာ မရှိသေးဘူး။ အကြမ်းဖက် မစရိုက်ဟာ ပုံမှန်အခြေအနေပဲလို့ လူအများကထင်မြင်ယူဆနေကြတယ်။ ကိုယ်တိုင်အကြမ်းဖက်မှု အတွေ့အကြုံ ခံစားဖူးတဲ့ လူတွေတောင် အဲဒီလိုပဲယူဆနေသေးတယ်။” စစ်တမ်းသုတေသန ဦးဆောင်သူ- လွေးမိုးခမ်း။ ကြမ်းတမ်းရက်စက်သည့်မြန်မာစစ်တပ်၏အကြမ်းဖက်မကို ပလောင်လူထုတို့ခံစားခဲ့ရသည်မှာ နှစ်ပေါင်းငါးဆယ်ကျော်ရှိပြီဖြစ်သည်။ မြန်မာပြည်၏ နိုင်ငံတော်အဆင့် အကြမ်းဖက်သည့်ယဉ်ကျေးမအောက်တွင် အိမ်တွင်းအကြမ်းဖက်မမှာ ပုံမှန် (သို့) လက်ခံနိုင်စွမ်း အခြေအနေအဖြစ်မြင်တွေ့ရပြီး၊ ပလောင်ဒေသတွင် အိမ်တွင်းအကြမ်းဖက်မများ ပိုမိုဖြစ်ပွားလာစေရန် တိုက်ရိုက်အကျိုး သက်ရောက် စေသည်ဟ္စု္တဥ မှ တွေ့ရှိခဲ့ပါသည်။ အရက်သေစာနှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ စီးပွားရေးကျပ်တည်းမ၏ နောက်ဆက်တွဲ ဆိုးကျိုး တို့မှာ ပလောင်ဒေသ၏အိမ်တွင်းအကြမ်းဖက်မနန်းကို မြင့်မားစေသည်ဟု ဒေသခံများကပြောပြသည်။ စစ်တပ်ကျောထောက်နောက်ခံမြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများအပေါ် အကြမ်းဖက်တိုက်ခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေမများကို ရပ်တန့်ရန်နှင့် ကျေးလက်တိုင်းရင်းသူအမျိုးသမီးများ၏လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ဃနီဗ္တ စီဒေါတွင်လိုက်နာရန်တာဝန်ရှိသည့်အချက်များကို ပြည့်မှီစွာဆောင်ရွက်ရန်္စ္တဥမှ တိုက်တွန်းတောင်းဆိုလိုက်ပါသည်။ မိမိတို့အနေဖြင့် ဤပြဿနာကိစ္စရပ်များအပေါ် ဒေသခံပြည်သူများနှင့်အတူ ကိုင်တွယ်ဖြေရှင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းနှင့်ပြည်ပတို့၏ ထိရောက်သည့်ကူညီထောက်ပံ့မများလိုအပ်နေကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ဤအစီရင်ခံစာကိုwww.palaungwomen.com နှင့် www.palaungand.org တွင် ရယူ ဖတ်ရနိုင်ပါသည်။ ပြောင်းလဲခြင်းအတွက် အသံများ၏ အစီရင်ခံစာ ရယူရန် (မြန်မာ အပိုင်း နှင့် အင်္ဂလိပ်အပိုင်း) ဆက်သွယ်ရန် လွေးမိုးခမ်း - (၆၆) ၈၃ ၃၃၀ ၂၃၀၄၊ လွေးနွေနှောင်း - (၆၆) ၈၂ ၁၆၄ ၈၁၁၅
 

တွေ့ဆုံမေးမြန်းခန်း

 
တအာင်းစာပေနှင့်ယဉ်ကျေးမှုနေ့အခမ်းအနား

အခြားသတင်းလင့်များ


လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း

လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း
 
Burmese Version | English Version

 


“ပိုက်လိုင်းအိပ်မက်ဆိုး”

မြန်မာအင်္ဂလိပ် 

ခြံမြေများ အဓမ္မသိမ်းပိုက်ခြင်း

ခြံမြေများ အဓမ္မသိမ်းပိုက်ခြင်း
 
Burmese Version | English Version

ထိန်းချုပ်မှုအောက်က မြစ်ရွှေလီ

 
Burmese Version | English Version

ပဋိပက္ခလောင်စာများ

ပဋိပက္ခလောင်စာများ
 
Burmese Version English Version