You are here: Home REVOLUTIONARY တအာင်း(ပလောင်) အမျိုးသားရေးလှုပ်ရှားမှုသမိုင်း

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

တအာင်း(ပလောင်) အမျိုးသားရေးလှုပ်ရှားမှုသမိုင်း

E-mail Print PDF

 

ပလောင်အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်

ပလောင်အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်ကို ၁၉၅၆-ခုနှစ် ဖွဲ့စည်းထူထောင်ခဲ့သည်။ တောင်ပိုင်စော် ဘွားကြီးစပ်ခွန်ပန်းစိန်က ဦဆောင်၍ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးဆွဲပြဌာန်းခဲ့သည်။ အဖွဲ့ချုပ်၏ရည်ရွယ်ချက်မှာ ပလောင်အမျိုးသားတို့၏ညီညွတ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အကျင့်ဝတ္တရား ပြုပြင်ရေး၊ကြီး ပွားရေး ပညာရေး၊ကျန်းမာရေးတို့ ဖြစ်သည်။ အဖွဲ့ ချုပ်၏လုပ်ငန်းစဉ်မှာ (၁)ပလောင်အမျိုးသားနှင့် ရှမ်းပြည်ညီညွတ်ရေးများတွင် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ခြင်း (၂)လူတို့၏အဓိက သိအပ်သောကျင့်ဝတ် ၀တ္တရားများကို သင်ကြားပေးခြင်း (၃) စိတ်ဓါတ်၊အကျင့် စာရိတ္တနှင့် အပြုအမှု ကျင့်ဝတ္တရားသုံးပါး ပြုပြင်ပေးခြင်း (၄)တိုင်းသူပြည်သားတို့၏ကြီးပွားရာ ကြီးပွားကြောင်းနည်းလမ်းများကို သင်ကြားပေးခြင်းဟူ၍ဖြစ်သည်။ (၅)ပကတိ ကျန်းမာရေးနှင့် ညီညွတ်ခြင်းရှိစေရန် ကိုယ်လက်လှုပ်ရှားခြင်း ကိုသင်ကြားပေးခြင်းဟူ၍ဖြစ်သည်။ အဖွဲ့ချုပ်၏ တည်ရာဗဟိုဌာနချုပ်ကို နမ့်ဆန်မြို့ တွင်ထားရှိပြီး ဗဟိုဌာနခွဲ၊ဌာနခွဲစသည်တို့ကို အဆင့်ဆင့်ဖွဲ့ စည်းထားရှိခဲ့သည်။ အဖွဲ့ချုပ်၏ပလောင်အမျိုးသားဟူသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ပလောင်၊ ၀၊ လွယ်လ၊ ယင်းနက်၊ တောင်သူတို့ ပါဝင်ဖွဲ့ စည်းထားသည်။ တော်လှန်ရေးကောင်စီစစ်အစိုးရက နိုင်ငံတော်အာဏာကို သိမ်းယူပြီး နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အသင်း အဖွဲ့များ၊ လူမျိုးစုရေးရာအသင်းအဖွဲ့များတို့ ဖျက်သိမ်းခံကြရရာပလောင်အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ချုပ်သည်လည်း ၁၉၆၄-ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရသည်။

 

ပလောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (Pa Laung National League For Democracy)

ပလောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၉-ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးပါတီဖြစ်သည်။ ပလောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုနမ့်ခမ်း၊မူဆယ်၊ကွတ်ခိုင်၊ ကျောက်မဲ၊မိုးကုတ်၊ မန္တလေး၊နမ့်ဆန်မြို့နယ် တို့တွင် မြို့  နယ်ရုံးများ ဖွဲ့ စည်းဖွင့်လှစ်ထားသည်။ ၁၉၉၀-ပြည့်နှစ်၊ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မိုးကုတ်၊ ကျောက်မဲ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊မူဆယ်မြို့ နယ်တို့၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဝင်ရောက် အရွေးခံရာ နမ့်ဆန်နှင့် ကွတ်ခိုင်မြို့နယ်(၂)ခုတွင်၊ ပလောင်အမျိုးသား လူမျိုးစု လွတ်တော်ကိုယ်စားလှယ်(၂)ဦးရရှိခဲ့သည်။ သို့သော် ၁၉၉၂ -ခုနှစ်တွင် တိုင်းရင်း သားနိုင်ငံရေးပါတီများ ဖျက်သိမ်းပစ်ရေး တွင် ပလောင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လည်းဖျက်သိမ်းခြင်းခံရ သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေး

မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းတွင် ၁၉၄၇-ခုနျစ် ပင်လုံညီလာခံကြီးမှ ပြည်နယ်-ပြည်မတိုင်းရင်း သားစည်းလုံး ညီညွတ်ရေးကို အမြင့်ဆုံးသို့ရောက်ရှိစေခဲ့သည်။ သို့သော်ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်တို့ ကျဆုံးရပြီးနောက်ပိုင်းတွင် တိုင်းရင်းသာားစည်းလုံးညီညွတ်မှုသည်လည်း ကျဆုံးသွားရသည်။ ယနေ့တိုင် ပြည်နယ်-ပြည်မတိုင်းရင်းသားလူမျိုးများ တန်းတူရည်တူ အခွင့်အရေးနှင့် တန်းတူရေးကိုအခြေခံ သော စည်းလုံးညီညွတ်မှုပါ ပျက်သုဉ်းရလေသည်။ ၁၉၄၇-ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တို့ သဘောတူချမှတ်ခဲ့သည်။ တန်းတူရေးကို အခြေခံသည့်အချက်ကြီးကို ငြင်းပယ်ဖျက် သိမ်းလိုက်ကြပြီးဖြစ်သည်။ တိုင်းပြည်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့သည်းခြင်းမဟုတ်တော့ပေ။ တစ်ပြည်ထောင်စနစ်ဖြင့် ဖွဲ့စည်းလိုက်ပြီး ဗမာပြည်မကို ပြည်ထောင်စု ဗဟိုအစိုးရနှင့် ပူပေါင်းလိုက်သည်။ ဗမာပြည်မကို ဗဟိုအာဏာပေးအပ်ထားပြီး ပြည်နယ်များကို လက်အောက်ခံနယ်မြေအဖြစ် ထားရှိလိုက် သည်။ ပြည်နယ်-ပြည်မညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တန်းတူရေးအပေါ် အခြေခံမထားဘဲ သိမ်းပိုက်ရေးနည်းလမ်းဖြင့် ဗိုလ်ကျကြီး စိုးလွှမ်းမိုး လုပ်ဆောင်လေတော့သည်။ လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်ပြည်နယ်နှင့် လူမျိုးစုတိုင်းတန်းတူ ညီမျှသော အခွင့်အရေးပြဌာန်းချက်မရှိ၍ နိုင်ငံတော်၏ အဓွန်ရှည်တည်တံ့ခိုင်မြဲရေးအလို့ငှာ ဖွဲ့စည်း အုပ်ချုပ် ပုံအခြေဥပဒေကို ပြင်ဆင်ရန်လိုအပ်သည် ဟူသဖြင့်-ဗမာပြည်နယ်   အပါအ၀င်  ပြည်နယ်မျာ ညီညွတ်ရေးအဖွဲ့ ဖွဲ့ စည်းရေး- * ပြည်ထောင်စုဖွဲ့ စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးဆွဲရေး * ပြည်ထောင်စုအမျိုးသားညီလာခံကျင်းပရေး * မွန်၊ရခိုင်၊ချင်းပြည်နယ်များဖွဲ့ စည်းရေး * နယ်ချဲ့ ဆန့် ကျင်ရေးတို့ကို ချမှတ်အတည်ပြုခဲ့ကြသည်။ ဤတွင် တိုင်းရင်းသားတို့တောင်းဆိုသည့်အချက်တို့ သည် ခွဲထွက်ရေး၊ပြည်ထောင်စုဖြိုခွဲရေး၊ ဗမာလူမျိုးစု မုန်းတီးရေးတို့ ကို ဖန်တီးနေခြင်ဟု အကြောက်အကန်စွပ်စွဲပြုမူလေတော့သည်။ ယနေ့ ထိတိုင် တိုင်းရင်းသား လူမျိုးတို့သည် အဖိနှိပ်ခံရမှု တို့ကိုဒီမိုကရေးစီနည်းလမ်းတို့ဖြင့် ကာကွယ်ခြင်းငှာ မရရှိနိုင်၍ လက်နက်ကိုင် လမ်းစဉ်သို့ လျှောက်လှမ်းကြရလေသည်။ ဤသို့ကြောင့် ၁၉၅၈- ခုနှစ်တွင် ရှမ်းပြည်တော်လှန်ရေးအင်အားစုတို့ပေါ်ပေါက်လာရလေသည်။ ရှမ်းပြည် တော်လှန်ရေး အင်အားစုတို့တွင် ရှမ်းအမျိုးသားများ၊ပလောင်အမျိုးသားများတို့စုစည်းပါဝင်ကြသည်။ ရှမ်းပြည်၏ နစ်နာ ဆုံးရှုံးရမှုကို တစ်ပေါင်းတစ်စည်းတည်း ပါဝင်ဖြေရှင်းရန်နှင့် ရှမ်းပြည်အမျိုးသားလူမျိုးစုတို့၏အခွင့်ရေး၊ အရေးအရာများကို စုစည်းဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ရှမ်း၊ ပလောင်တို့၏ အခွင့်အရေးကို တစ်စုတည်း တစ်တန်း တစ်စားတည်းခံယူ၍ ကြိုးပမ်းလုပ်ဆောင်ကြသည်။ ရှမ်းပြည်တော်လှန်ရေးအင်အားစုသည်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု “ဖွဲ့ စည်းဖြစ်ပေါ်ရေး၊ တန်းတူညီမျှ သော အခြေံခံအဃင့်အရေးဖြင့် ပြည်ထောင်စု မြန်မာာနိုင်ငံတော်ပေါ်ထွန်းရေး၊ မဟာဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး၊ မဟာအမျိုးသားရေးဝါဒဆန့် ကျင်ရေး၊ စစ်မှန်သောအမျိုးသားအခွင့်အရေးအာမခံချက်ရှိရေးကို တောင်းဆိုတိုက်ပွဲ ၀င်ကြသည်။ ၁၉၆၂-ခုနှစ်၊မတ်လ(၂)ရက်နေ့ တွင် ပြည်ထောင်စုပြိုကွဲ မည့်အန္တရာယ်မှ ကယ်တင်ရန်ဟူသော အကြောင်းပြ ချက်ဖြင့်ဗိုလ်နေ၀င်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေသည်။ ထို့ကြောင့်ပြည်နယ်များ၊ လူမျိုးစုအမျိုးသားများတို့တောင်းဆိုသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပေါ်ထွန်းရေး၊ တန်းတူ ညီမျှသော အခြေခွံင့်အရေးရရှိရေးနှင့်အာမခံချက်ရရှိရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတို့လက်လွတ်ဆုံး ရှုံးကြရလေသည်။

ပလောင်အမျိုးသားတပ်ဖွဲ့(Palaung National Froce)

ဤသို့သော မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာခြင်းတို့ကြောင့် မိမိတို့၏ အမျိုးသားလုံခြုံရေးနှင့် ကာ ကွယ်စောင့် ရှောက်ရေး၊ မိမိတို့၏အမျိုးသားအားအသုံးချခံဘ၀သို့မကျရောက်ရေး၊ တန်းတူညီမျှသော အခြေခံ အခွင့်အရေးရရှိရေး၊ မိမိတို့၏အမျိုးသားတစ်ရပ်လုံးကို ဦးဆောင်နိုင်မည့်အဖွဲ့အစည်းတစ်ရပ်ခိုင်မာစွာရပ်တည် ရေးဟူသော ဦးတည်ချက်ဖြင့် ရှမ်းပြည်တော်လှန်ရေး ခေါင်းဆောင်များ တို့ကပလောင်အမျိုးသားတပ်ဖွဲ့ (Palaung National Force- PNF)ကို ၁၉၆၃-ခုနှစ် စတင်ဖွဲ့ စည်းလိုက်လေသည်။ ပလောင်အမျိုးသားတပ်ဖွဲ့(ပီအဲန်အက်ဖ်)ကို ရှမ်းပြည်တပ်မတော်ဖွဲ့စည်းမှုအောက်တွင်ထားရှိခဲ့သည်။ ရှမ်း အမျိုး သား သေနတ် ကိုင်တပ်ရင်းအမှတ်(၁)၊(၂)၊(၃)၊(၄)နှင့် ပလောင်အမျိုးသားတပ်ဖွဲ့ ကို သေနတ်ကိုင်တပ်ရင်း အမှတ်(၅)၊(၆)ဟူ၍ဖွဲ့ စည်းခဲ့သည်။ ပလောင်အမျိုးသားတပ်ဖွဲ့အမှတ်(၅)သေနတ်တပ်ရင်းကို တောင်ပိုင်စော်ဘွားကြီး၏ မျိုးနွယ်ဖြစ်သော စ၀်ခွန် အေးနှင် စ၀်ခွန်လီတို့က ဦးဆောင်၍နမ့်ဆန်မြို့နယ် မြို့ သစ်၌တပ်ရင်ဌာနချုပ်ဖွင့်လှစ်ထားရှိခဲ့သည်။ စစ်ဒေသ အဖြစ်ကျောက်မဲ၊ နောင်ချို၊မိုးကုတ်၊မဘိမ်းမြို့ နယ်တို့ကို အခြေခံထားရှိသည်။ စစ်ရေး၊စည်းရုံးရေးကို အခိုင် အမာ တည်ဆောက်နိုင်ခဲ့သည်။ ပလောင်အမျိုးသားတပ်ဖွဲ့အမှတ်(၆)သေနတ်ကိုင်တပ်ရင်းကို နမ့်ခမ်းမြို့ နယ်ရူမိုင်းပလောင်မျိုးနွယ်စုဝင် စ၀်ခွန် သောင်းနှင့် စ၀်သန်းဝင်တို့က ဦးဆောင်ကွပ်ကဲပြီး ဟိုမိန်း(နမ့်ဆန်မြို့ နယ်)တွင် တပ်ရင်းဌာနချုပ် ဖွင့်လှစ် ထားရှိသည်။ နမ္မတူ၊ မန်တုန်၊ နမ်ခမ်းနှင့် ကွတ်ခိုင်အနောက်ခြမ်းဒေသတို့ ကို အခြေခံစစ်ဒေသ အဖြစ်သတ်မှတ် ထားရှိသည်။ စစ်ရေး၊စည်းရုံးရေးတွင် အတန်အတင့် အခြေခံရရှိထားသည်။ ပီအဲန်အက်ဖ်သည် ရှမ်းပြည်မြောက်ပိုင်းတော်လှန်ရေးအင်အားစုတွင် ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေဖြင့် တောင့်တင်းခိုင်မာစွာရပ်တည်နိုင်ခဲ့သည်။

အက်စ်အက်စ်အေနှင် ပီအဲန်အက်ဖ်လက်နက်ကိုင်ပဋ္ဋိပက္ခဖြစ်လာခြင်း

ပီအဲန်အက်ဖ်သည် အချိန်တိုကာလအတွင်း ခိုင်မာစွာရပ်တည်လာနိုင်ခြင်း၊ လူထု၏ထောက်ခံမှုနှင့် စစ်ရေး အောင်မြင်မှုရရှိနေခြင်း၊ပလောင်လူထုသာမက ဒေသခံလူမျိုးစုတို့ အပေါ် စည်းရုံးရေးရှိလာပြီး ယုံကြည်မှု ရရှိခြင်းတို့ကြောင့်ရှမ်းပြည်တတ်မတော်အနေဖြင့် ဆက်ဆံလာခြင်း၊ကန့် သတ်ချုပ်ချယ်လာခြင်း၊ နယ်မြေ ဒေသ သတ်မှတ်ချက်ကို ဖောက်ဖျက်ကျူးကျော်လာခြင်း၊ လူမျိုးရေးဖိနှိပ်မှုကို လုပ်ဆောင်လာခြင်းတို့ဖြင့် အတွင်း ပဋ္ဋိပက္ခစတင်ဖန်တီးလာလေသည်။ ၁၉၆၇-ခုနှစ်၊ဒီဇင်ဘာလတွင် အက်စ်အက်စ်အေ(ရှမ်းပြည်တပ်မတော်)သည် ပီအဲန်အက်ဖ်ကို အမြစ်ပြတ် ချေမှုန်း ရေးစီမံကိန်းကို စတင်အကောင်ဖော်လေတော့သည်။ ရှမ်းပြည်တပ်မတော်(အက်စ်အက်စ်အေ)သည် ပီအဲန်အက်ဖ် စစ်ကြောင်း(၂)တပ်ခွဲ(၂)ကို မန်ကော်တိုက်နယ်၊တွန်ဆွန်ကျေးရွာတွင် အလစ်ဝင်ရောက် အငိုက် ဖမ်းပြီး လက်နက်သိမ်း ဆည်းမှုကို လုပ်ဆောင်တော့သည်။ နောက်ပိုင်းတွင် စစ်ရေးထိုးစစ်ဆင်မှုကိုပါ လုပ်ဆောင်လာရာမှ အက်စ်အက်စ်အေနှင့် ပီအဲန်အက်ဖ်တို့ လက်နက်ကိုင်ပဋ္ဋိပက္ခစတင်ဖြစ်ရတော့သည်။ ဤပဋ္ဋိပက္ခသည်ရှမ်းပြည်တော်လှန်ရေးအင်အားစုအတွင်း လူမျိုးစုအသွင်ဆောင်သည့် ပဋ္ဋိပက္ခသို့ဖြစ်ခဲ့ရပြီး ရှမ်းပြည် သွေးချင်းများဖြစ်ကြသည့် ရှမ်းအမျိုးသား၊ပလောင်အမျိုးသားနှင့် ရှမ်းပြည်လူထုကြီးအတွက်ပါ ဆုံးရှုံး နစ်နာမှုကြီးတစ်ရက် အဖြစ်သင်ခန်းစာရရှိအပ်ပေပြီ။ ရှမ်းပြည်တော်လှန်ရေးအင်အားစုအတွင်း အယူဝါဒကွဲပြားနေမှု၊ ခံယူချက်ထွေပြားနေမှု၊ ဦးဆောင်မှုအခန်း ကဏ္ဍလျော့ရဲလာပြီး လူမျိုးရေးအခြေခံအစွဲအားကြီးမှု၊လူမျိုးရေးခွဲခြားဆက်ဆံမှု၊ အင်အားစုအတွင်း  ခေါင်း ဆောင်ချင်းအားပြိုင်နေမှုတို့ ကြောင့်စည်းလုံးမှုအင်အားစုကြီးယိုယွင်းပြိုကွဲလာရသည်ကို သင်ခန်းစာပင်တည်း။ ဤတွင် ရှမ်းပြည်နယ်တော်လှန်ရေးအင်အားစုကြီးအတွင်း၌အပေါ်ယံစုစည်းနေမှုသာရှိပြီး လူမျိုးရေးခွဲခြား ဆက် ဆံ နေမှု၊လူမျိုးစုကြီးက လူမျိုးစုငယ်များတို့အပေါ် အနိုင်အထက်ပြုကျင့်နေမှု၊ ဂိုဂဏအားကြီးယှဉ်ပြိုင်နေမှုတို့ ကို တောင်တန်းသားလူထုကြီးကတစ်နေ့ တစ်ခြားပိုမိုခံစားနေရလေသည်။ ရှမ်းပြည် တော်လှန်ရေးအင်အားစုသည် နိုင်ငံရေးအမြင်နှင့် ဦးဆောင်မှုတို့၌အတွေ့အကြုံ၊ အတွေး အခေါ်၊ အသိအမြင်နုနယ်ခြင်း၊ ၀ါဒခံယူချက်အခြေခံခိုင်မာမှန်ကန်ရေးကို မချမှတ်နိုင်ခြင်းတို့ကြောင့် လူမျိုးရေး အသွင် ဆောင်လာမှုတို့အားကြီးနေရတော့သည်။ အတွေးအမြင်မြင့်မားသော ခေါင်းဆောင်ပိုင်းအချို့ တို့ က အင်အားစု အတွင်းမှန်ကန်သောအခြေခံရပ်တည်မှုချမှတ်နိုင်ရေး၊ သွေးစည်းညီညွတ်မှုခိုင်မာ စွာပြန်လည်တည် ဆောက် ရေးကို အကြိမ်ကြိမ်ကြိုးပမ်းအားထုတ်သော်လည်းအောင်မြင်မှုမရရှိခဲ့ပေ။ ရှမ်းပြည်ညီနောင်တိုင်းရင်းသားလူမျိုးစုအပေါင်းတို့ ၏ စစ်မှန်သော သွေးစည်းညီညွတ်မှု၊ မှန်ကန်သော အခြေခံ လမ်းစဉ်နှင့် မှန်ကန်သောခေါင်းဆောင်မှုတို့သည်သာလျှင်ရှမ်းပြည်၏ အနာဂတ်ကံကြမ္မာနှင့် ပြည်ထောင်စု တည်တံ့ခိုင်မြဲမှုကို အားမချံချက်ရရှိပေးမည်ဖြစ်သည်။

ပီအဲန်အက်ဖ်တပ်ရင်း(၅)နှင့်တပ်ရင်း(၆)

ပလောင်အမျိုးသားလူမျိုးစုကို အခြေခံ၍ ပလောင်အမျိုးသားတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ကြရာတွင် အခြေခံရပ်တည်မှုနှင့် ဦးဆောင်မှု တို့၌အားနည်းချက်များရှိနေခဲ့သည်။ အဖွဲ့အစည်းအတွင်း လူမျိုးနွယ်အအစွဲ၊ ဒေသအစွဲ ပုဂ္ဂိုလ်ရေး အစွဲတို့ ဖြင့် ကျဉ်းမြောင်း သေးသိမ်သောအယူအဆ၊ အတွေးအမြင်တို့ ကြီးစိုးလွှမ်းမိုးလျှက်ရှိသည်။ တပ်ရင်း(၅)ပီအဲန်အက်ဖ်၏ ဦးဆောင်မှုတွင် ပထမတန်းခေါင်းဆောင်ပိုင်းနှင့် ပဒေသရာဇ်အသွင်ဖြင့် ရက်တည် လိုသော ဒုတိယတန်းခေါင်းဆောင်ပိုင်းတို့ အားပြိုင်လျှက်ရှိနေသည်။ ပီအဲန်အက်ဖ်ကို အမျိုးသားရေးအသွင်ဖြင့် မရပ်တည်ပဲ ပလောင်လူမျိုးနွယ်စုတစ်ခု၏ တည်နေမှုဖြင့် ပဒေသရာဇ်စစ်အသွင်ရပ်တည်ရန် ကြိုးပမ်းလာခဲ့ သည်။ တပ်ရင်း(၆)ပီအဲန်အက်ဖ်ထိန်းချုပ်နယ်မြေဒေသအတွင်း ကူမင်တန်တို့ဝင်ရောက် နှောက်ယှက် နေခြင်း၊ ဗမာစစ် အစိုးရ၏ ဗမာပြည်ကွန်မြူနစ်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီိ၏ တန်ပြန် စစ်ဆင်ထိုးဖောက်လာခြင်း၊ နယ်မြေအတွင်းအခြေခံခြေကုပ်စခန်းတည်ဆောက်လာခြင်းတို့ကြောင့် အကြပ် တည်း ကြီးစွာ ရင်ဆိုင်လာရတော့သည်။ အမြော်အမြင်ကြီးမားသော  ခေါင်းဆောင်ကြီး စ၀်ခွန်သောင်းသည် လက်ရှိရင်ဆိုင်နေရသော  အကြပ်အတည်းတို့မှ လွတ်မြောက်ရေးနှင့် ပလောင်အမျိုးသားစု၏ မှန်ကန်သောရပ်တည်ချက်ရရှိရေးကို အစွမ်းကုန်ကြိုး ပမ်းခဲ့ရသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ထာဝရမဟာမိတ်ဖွဲ့ စည်းနိုင်ခဲ့ပြီးနိုင်ငံရေး၊ စစ်ရေး၊ စိတ်ဓာတ်ရေး အထောက်အကူများကို မဟာမိတ်ပီသစွာ ပေးဆောင်နိုင်သည့်အပြင် ရာဇ၀င်၏အကျဉ်းတန်ဆုံးသော လူမျိုးရေးကြွေးဆပ်မှုအယူအဆဟောင်းကို စွန့် ပစ်နိုင်ခဲ့သည်။ ရာဇ၀င်လူမျိုးစုချင်း သတ်ဖြတ်တိုက်ခိုက်သည့် ရန်ပွဲကြီးကိုလည်း အဆုံးသတ်နိုင်ခဲ့လေသည်။ ထာဝရမဟာမိတ်(ကေအိုင်အေ)၏ကြားဝင်စေ့စပ်မှုဖြင့် ဗမာပြည်ကွန်မြုနစ်ပါတီနှင့် ဒေသအတွင်း လက်နက် ကိုင်ပဋ္ဋိပက္ခကိုထိန်းသိမ်းနိုင်ခဲ့လေသည်။ဤသို့ ဒေသအတွင်းဖြစ်ပျက်မှုတို့ ကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင် ခဲ့၍ ဒေသခံလူထုကြီး၏ ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့သည်။ စစ်ရေးနှင့်လူထုစည်းရုံးရေးလုပ်ငန်းကို ချမှတ် လုပ်ဆောင်နိုင်ခဲ့သည်။ မှန်ကန်သောအမျိုးသားရေးအခြေခံလမ်းစဉ်ကိုဖော်ဆောင်ချမှတ်နိုင်ခဲ့သည်။ ထိုသို့သောနယ်မြေဒေသအတွင်း ဖြစ်ပျက်ပြောင်းလဲမှုအပေါ်ကိုင်တွယ်ဖြေရှင်းနိုင်သည့်အလျှောက်၊ ပလောင် အမျိုးသား တပ်ဖွဲ့တစ်ခုလုံး သွေးစည်းညီညွတ်ရေး၊ မှန်ကန်သော အမျိုးသားရပ်တည်မှု တည်တံ့ခိုင်မြဲ ရေး၊ပလောင်လူထုတစ်ရပ်လုံး လုံခြုံရေးနှင့်ကာကွယ်ရေး၊ လူမှုအခွင့်အရေး တန်းတူညီမျှမှုရရှိရေး၊ ဦးဆောင်အ ဖွဲ့စည်းတစ်ရပ်အဖြစ်ရပ်တည်နိုင်ရေးကို ရေးဆွဲချမှတ်ပြီး ရင်း(၅)သို့ ချပြရှင်းလင်းဆွေးနွေးရန်ကြိုးပမ်းခဲ့ရသည်။ သို့သော် တပ်ရင်း(၆)က(အေအိုင်အို)နှင့်ထာဝရမဟာမိတ်လက်တွဲနေခြင်းကို လိုလာမှုမရှိခြင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ညှိစွန်းမှုရှိနေသည်ဟု သံသယကြီးစွာရှိနေခြင်း ကြောင့်ညှိနှိုင်းဆွေးနွေးပွဲ မအောင်မြင် သည့်ပြင် ရင်း(၅)ဒုတိယတန်း ခေါင်းဆောင်ပိုင်းတို့ ၏ပြင်းပြင်ထန်ထန်ကန့် ကွန်ဆန့် ကျင်မှုတို့ ပေါ်ပေါက်လာ ခဲ့ရာမှ လက်နက်ကိုင် ပဋ္ဋိပက္ခဆီသို့ ဦးတည်သွားရလေသည်။ ပုဂ္ဂိုလ်ရေးအားပြိုင်မှု၊ လူမျိုးနွယ်စုအသွင် အားပြိုင်နေမှု၊ လူမျိုးနွယ်စုအစွဲ၊ေးသအစွဲ၊ ဂိုဏ်ဂဏ အမြင်တို့ဖြင့် (၂)ကြိမ်တိုင်တိုင်လက်နက်ကိုင် ပဋ္ဋိပက္ခ တိုက်ပွဲကြီးဖြစ်လာ၇ပေသည်။ ထိုသို့ ဖြင့် ၁၉၆၉-၇၀ ခုနှစ်တွင်တစ်ကြိမ် ပီအဲန်အက်ဖ် ရင်း(၅)နှင့် ရင်း(၆)တို့ ချင်း လက်နက်ကိုင် ပဋ္ဋိပက္ခ တိုက်ပွဲဖြစ်ပွား လာကြရာအင်အားစုမှာပြိုလဲသွားကြရသည်။ ၁၉၇၂-ခုနှစ်တွင် ရင်(၅)ပီအဲန်အက်ဖ်သည် ရန်သူ စစ်အစိုးရထံ လက်နက်ချ အညံ့ခံသွားခဲ့သည်။ ရှမ်းပြည်တတ်မတော်နှင့် ပလောင်အမျိုးသားတပ်ဖွဲ့ကိုတည် ထောင် ရာတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင် စ၀်ခွန်အေးမှာ လက်နက်ချအညံ့မခံဘဲ ဆက်လက် တိုက်ပွဲဝင် လျှက်ရှိနေရာမှ ၁၉၇၁- ခုနှစ်တွင် ကျဆုံးသွားရရှာလေသည်။ ဤသို့သောပလောင်အမျိုးသားတို့၏ တော်လှန်ရေးသမိုင်းဖြစ်စဉ်တွင် လူမျိုးနွယ်အုပ်စုတိုက်ပွဲတို့ကြောင့် အချင်းချင်းသွေး မြေကျရပြီး သွေးချောင်းစီးခဲ့ရသည့်အကျဉ်းတန်၊ အရုပ်ဆိုးဆုံးသော ဆုံးရှုံးနစ်နာမှုကြီး ပင်ဖြစ် ပေသည်။

နွယ်တော်စစ်ဆင်ရေး

တပ်ရင်း(၆)ပီအဲန်အက်ဖ်သည် တစ်ခုတည်သော ပလောင်အမျိုးသားတပ်ဖွဲ့ အဖြစ်ရပ်တည်နေပြီး ထာဝရမဟာမိတ် ကေအိုင်အိုနှင့် ပထမဦးဆုံးပူပေါင်းဆင်နွှဲသည့် စစ်ဆင်းရေးဖြစ်သည်။ နွယ်တော်စစ်ဆင်ရေးသည် ရှမ်းပြည် အလယ်ပိုင်း ဒေသ အက်စ်အက်အေနှင့် ဗမာ့စစ်အစိုးရတို့ ကို တိုက်ခိုက်ချေမှုန်းကြသော စစ်ဆင်ရေးဖြစ်သည်။ နွယ်တော်စစ်ဆင်ရေးကို စ၀်ခွန်သောင်း(နိုင်ငံရေးမှူး၊ဗိုလ်မှူးဇော်ဒန်(စစ်ရေးတာဝန်ခံ)တို့ ကဦးစီးကွပ်ကဲသည်။ စစ်ဆင်ရေးကာလမှာ ၁၉၇၄-ခုနှစ်၊ မတ်လ(၃)နေ့ တွင်စတင်ခဲ့သည်။ ၁၉၇၄-ခုနှစ်၊အောက်တိုဘာလ(၅)ရက်နေ့တွင် စစ်ဆင်ရေးကို ရပ်တံ့ခဲ့ပြီးရှမ်းပြည်တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲစတင်ဆောင်ရွက်ခဲ့သည်။ စစ်ဆင်ရေးအပြီးကာလတွင် ရှမ်းပြည်တပ်မတော် ၊ကချင် လွတ်လပ်ရေးအဖွဲ့၊ ပလောင်အမျိုးသားတပ်ဖွဲ့ကို (၃)ပွင့်ဆိုင် အပစ်ခတ်ရပ်စဲရေးစာချုပ်ကို မိုင်းတုံနယ်မြေ ပန်စရောင်စစ်စခန်း၌ချုပ်ဆိုနိုင်ခဲ့သည်။ ဤသည်မှာ တော်လှန်ရေးအင်အားစုအတွင်း လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့ပြီး စုစည်းမှုကို ပြန်လည်ရရှိလေသည်။ ကြောင်နက်မုန်တိုင်းစစ်ဆင်ရေး ကြောင်နက်မုန်တိုင်းစစ်ဆင်ရေးသည် ကေအိုင်အိုနှင့် ပီအဲန်အက်ဖ်တို့ ပူပေါင်း၍ ဗကပ(၈၀၁) စစ်ဒေသအပေါ် ပူးတွဲ စစ်ဆင်ရေးတစ်ရပ်ဖြစ်သည်။ ၁၉၇၅-ခုနှစ်၊ နိုဝင်ဘာလ ( )ရက်နေ့ တွင် စတင်ကာစစ်ဆင်ရေး ကာလ(၆)လ သတ်မှတ်လေသည်။ ဗကပ(၈၀၁)သည် ကေအိုင်အိုနှင့် ပီအဲန်အက်ဖ်နယ်မြေအတွင်း စစ်ရေး လှုပ်ရှားမှုနှင့် ကျူးကျော် ၀င်ရောက်နှောက်ယှက်မှုတို့ ဖြင့် ၁၉၆၈-ခုနှစ် သဘောတူညီမှုကို အကြိမ်ကြိမ် ဖောက်ဖက်ကျူးလွန်ခဲ့သည်။ ဒေသတွင်း အုပ်ချုပ်ရေးပြဿနာမကြာခဏပေါ်ပေါက်လျက်ရှိရသည်။ ၁၉၇၆-ခုနှစ်၊မတ်လ(၂၇)ရက်နေ့တွင် စစ်ဆင်ရေးကာလ ပြီးဆုံး၍ ကေအိုင်အို ဗကပ (စစ်ဒေသ-၈၀၁)၊ ပီအဲန်အက်ဖ်တို့ (၃)ပွင့်ဆိုင် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ နောင်ပတ်စာချုပ်ဟူ၍ ထင်ရှားခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခကြီးကို အဆုံးသတ်နိုင်ခဲ့သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ ဖွဲ့ စည်းခြင်း ၁၉၄၈-ခုနှစ်လွတ်လပ်ရေးရရှိလာသည်နှင့်အတူ နိုင်ငံတွင်း၌နိုင်ငံရေးအယူအဆများကွဲလာခြင်း၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းကဏ္ဍစွဲဖြင့်  အမျိုးသားစည်းလုံးညီညွတ်မှု  ပြုကွဲရာမှ အင်အားနည်းလာခြင်း၊ နိုင်ငံရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအားနည်းလာခြင်း၊တိုင်းရင်းသားလူမျိုးများအပေါ် နိုင်ငံရေးအရ ဖြေရှင်းနိုင် မှုအားနည်း  လာခြင်းနှင့် အတူနိုင်ငံရေးဖြေရှင်းမှုကို သံသယရှိလာရာ မကျေမနပ်မှုကြီးထွားလာခြင်း ဖြစ်လာရပြီး လက်နက်ကိုင် လမ်းစဉ်ဖြင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းကြ၍ ပြည်တါင်းမငြိမ်မသက်ဖြစ်လာခဲ့ရသည်။ ပြည်နယ်-ပြည်မအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ မဟာဗမာလူမျိုးကြီးနှင့်ကျဉ်းမြောင်းသောလူမျိုးရေး သံသယအမြင်၊ တိုင်းရင်းသားများ၏ အခွင့်အရေးအပေးအမြင်တို့ဖြင့် ၁၉၅၇-၅၈ ခုနှစ် ပြည်နယ်များ၌ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ အစည်းများ ပေါ်ပေါက်လာခဲ့သည်။ ဤသို့ရှမ်းပြည်တိုင်းရင်းသားများ လက်နက်ကိုင်လမ်းစဉ်နှင့် အတူပလောင်အမျိုးသားများ ပါဝင်လာခဲ့ကြသည်။ ၁၉၆၂- ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်း စစ်အစိုးရက နိုင်ငံတော်အားဏာကို သိမ်းယူပြီးသည့် ဖက်ဒရယ် ပြည်ထောင်စုအရေး၊ တိုင်းရင်းသားလူမျိုးစုအရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို ဆိတ်သုဉ်းပျက်ပြားသွား ခဲ့ရလေပြီး။ ထို့ကြောင့် ၁၉၄၇ -ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အားနည်းချက်များ၊ နိုင်ငံတွင်းပါတီနှင့် နိုင်ငံရေးအင်အားစု အဖွဲ့အစည်းတို့၏ ကွဲပြားနေသည့်အမြင်အယူအဆများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် တောင်းဆိုလိုလား ချက်များ လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုများ၏ အယူအဆ အမြင်၊ မြန်မာနိုင်ငံ၏ အနာဂတ်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အနာဂတ်အရေးနှင့် အခြေအနေများကို သုံးသပ်ကြပြီး၊ ပလောင်အမျိုးသား ဦးဆောင် ပုဂ္ဂိုလ်စ၀်ခွန်အေး၊ စ၀်ခွန်သောင်းတို့က ပလောင်အမျိုးသား တစ်ဦး (ပီအဲန်အက်ဖ်)ကို ၁၉၆၃-ခုနှစ်တွင် ဖွဲ့ စည်းခဲ့သည်။ ပလောင်အမျိုးသားတစ်ဦးသည်လက်ရှိပြည်တွင်အခြေအနေနှင့် လက်နက်ကိုင်အင်အားစုအခြေအနေ၊ ကွဲပြား လာသည့် နိုင်ငံရေးအမြင်အယူအဆများအောက်တွင် ပလောင်အမျိုးသားစည်းလုံးညီညွတ်မှု ရှိနေစေရေး၊ ပလောင်အမျိုးသာ၏ ဦးဆောင်အဖွဲ့ အစည်းတစ်ရပ်အဖြစ် ခိုင်မာစွာရပ်တည်ရေးပင်ဖြစ်သည်။ ၁၉၆၉-ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ရှမ်းပြည်မြောက်ပိုင်း၊ဒေသ၌ ခြေကုပ်ယူ စည်းရုံးလှုပ်ရှား လာခြင်းကြောင့် တိုင်ရင်းသားလက်နက်ကို အင်အားစုအတွင်း ၀ါဒရေးရာ၊သလောတရားရေးရာ၊ နိုင်ငံရေး အမြင် အယူအဆများကွဲ ပြားလာခြင်း၊နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြားလာခြင်း၊ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းထက် စစ်ရေးအရတိုး မြှင့်ဆောင်ရွက်လာခြင်းတို့ကြောင့် ဦးတောင်အဖွဲ့အစည်း တစ်ရပ်အဖြစ် ပိုမိုခိုင်မာစွာ ရပ်တည်ရေး၊ နိုင်ငံရေးစည်းရုံးရေးအသွင်ဖြင့် ဦးဆောင်နိုင်ရေး၊ တော်လှန်ရေးအင်အားစု အဖွဲ့အစည်းများတို့နှင့် တန်းတူညီတူ ဆက်ဆံနိုင်ရေးတို့ဖြင့် ၁၉၇၆-ခုနှစ်တွင်  ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (ပါတီ)ဟူ၍ ပြောင်းလဲပြင်ဆင်ဖွဲ့ စည်းခဲ့သည်။ ဤတွင် ပီအဲန်အက်ဖ်သည် စစ်ရေးရပ်တည်မှုဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲလာခြင်းဖြစ်ပြီး၊ နိုင်ငံရေးဦးဆောင်မှုဖြင့် တော်လှန်ရေးကို ဆက်လက်ဆင်နွဲရမည့် အချိန်ခါသို့ရောက်ရှိနေပြီးဖြစ်သည်။ထို့ ကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့သည် ပလောင်အမျိုးသားတပ်ဖွဲ့ကျင့်သုံးခဲ့သည့် အမျိုးသားရေး အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို ဆက်လက်ယူကျင့်သုံးကာ ပြောင်းလဲလာသော ကမ္ဘာ့အင်အားစု အခြေအနေ၊ မြန်မာ့ နိုင်ငံရေး အခြေအနေနှင့် တိုးတက်လာသော မြန်မာ့တော်လှန်ရေးအင်အားစုများ၏ ပေါင်းစည်းညီညွတ်မှုအနေအထားတို့နှင့် အညီ နိုင်ငံရေးလမ်းစဉ်ချမှတ်၍ နိုင်ငံရေးတိုက်ပွဲ ဆက်လက်ဆင်နွဲ ရေးပင်ဖြစ်သည်။ ထို့ ကြောင့် နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးအခြေခံလမ်းစဉ်နှင့် မူဝါဒများ၊ နိုင်ငံရေး လုပ်ငန်းစဉ်များ ချမှတ်ကာ နိုင်ငံရေးတိုင်ပွဲ ဆက်လက်ဆင်နွှဲ့ ရမည့်ဖြစ်ခြင်းတို့ ကြောင့် နိုင်ငံရေး ဦးတောင်မှုတစ်ရပ်အဖြစ်ရပ်တည်ရေးတွင် ပလောင်ပြည်နယ်လွတ် မြောက်ရေးအဖွဲ့ အဖြစ်သို့ ဖွဲ့ စည်းခြင်းဖြစ်သည်။ အမျိုးသားလူမျိုးစုတစ်ရပ်၏ တော်လှန်ရေးကို မြန်မာတစ်မျိုးသားလုံး၏ ပြဿနာကို တစ်မျိုးသားလုံးနှင့်ဆိုင်သော အမျိုးသား နိုင်ငံရေးပြဿနာသို့ ဆက်စပ်ပေါင်းစည်းနိုင်ခြင်းသည်လည်းကောင်း တိုးတက်သော တော်လှန်ရေးကို ဆင်နွှဲ့ ခြင်းပင်ဖြစ် ပေသည်။ ၁၉၈၈- ခုနှစ်တွင် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုကျဆုံးလာရပြီး ကမ္ဘာ့နိုင်ငံရေးအင်အား စုတွင်ချိန်ခွင်လျှာ ပြောင်းလဲလာခြင်း၊ ပြောင်းလဲလာသော မြန်မာနိုင်ငံရေးအခြေအနေ နှင့် မြန်မာတော်လှန်ရေးအင်အားစုအတွင်း ပြောင်းလဲလာခြင်းတို့ဖြင့် အမျိုးသားပြန်လည်းသွေးစည်းညီညွတ်ရေးစစ်အစိုးရ၏ ကမ်းလှမ်းချက်ကိုလက်ခံ ကာ ၁၉၉၁-ခုနှစ် ဧပြီလ(၂၁)ရက်နေ့ တွင် ငြိမ်းချမ်းရေးသဘောတူညီမှုရယူခဲ့သည်။ ပြည့်ဝသန့်စင်သော စေတနာကို အရင်းခံ၍ အပြန်အလှန်နားလည်မှု ၊ ယုံကြည့်မှုတို့ဖြင့် အမျိုးသားသွေးညီ ညွတ်ရေးကို ရယူတည်ဆောက်ခြင်းပင်ဖြစ်သည်။ ပလောင်အထူးဒေသ(၇) နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့ ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် အထူးဒေသ(၇)ပလောင်ဒေသ အဖြစ်သတ် မှတ်ဖွဲ့စည်းထားရှိသည်။ နမ့်ဆန်မြို့နယ်၊ မန်တုန်မြို့နယ်၊နမ့်ခမ်းမြို့နယ်၊ကွတ်ခိုင် အနောက်ခြမ်းဒေသ၊ ကျောက်မဲမြို့ နယ်မြောက်ခြမ်းဒေသနှင့် မိုးမိတ်မြို့နယ်နှင့် မိုးကုတ်မြို့ နယ်၊နမ္မတူမြို့နယ်တို့ကို စုစည်းကာ ပလောင်ဒေသအဖြစ်ဖွဲ့ စည်းထားရှိသည်။ အမျိုးသားညီလာခံ ၁၉၉၃- ခုနှစ်၊န၀တ စစ်အစိုးရက ဦးဆောင်ကျင်းပသော အမျိုးသားညီလာခံသို့ ပီအက်စ်အယ်လ်အိုက အခြားဖိတ်ကြား သင့်သော ကိုယ်စားလှယ်တော် အစုအဖွဲ့ တင်ကိုယ်စားလှယ် (၅)ဦး တက်ရောက်ခွင့်ရရှိခဲ့သည်။ ပီအက်စ်အယ်လ်အို၏ အမျိုးသားညီလာခံသို့ ပဏာမတင်ပြတောင်းဆိုချက်တွင်- -၁၉၄၇-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည်တိုင်းရင်းသားလူမျိုးများအခွင့်အရေးများနှင့် စပ်လျဉ်း၍ အားနည်းချက် အမြောက်အမြားရှိခဲ့သဖြင့် တိုင်းရင်းသားလူမျိုးများ၏ မကျေနက်မှုများမှ နိုင်ငံရေးတောင်းဆိုချက်လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ ရသည်။ ၎င်းကို အကြောင်းပြု၍ ၁၉၆၂- ခုနှစ်တွင် ပြည်ထောင်စုကြီး ပြိုကွဲမည့်အကြောင်းပြချက်ဖြင့် ဦးနေ၀င်ဦးဆောင်သော စစ်တပ်ကအာဏာကိုသိမ်းယူခဲ့သည်။ ၁၉၄၇- ခုနှစ်စစ်တပ်ကအာဏာသိမ်းယူပြီးနောက်စစ်အုပ်စုသည် တိုင်းပြည်ကို လွမ်းမိုးချုပ်ကိုင်သွားရန် ၁၉၄၇- ခုနှစ် ၊ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြဌာန်းကာ တစ်ပါတီအုပ်စိုးမှုဖြင့် ပြည်တွင်း၌ ဘက်ပေါင်းစုံဆုတ်ယုတ် ကျဆင်းမှုကြောင့် ၁၉၈၈-ခုနှစ်တွင် လူထုအုံကြွမှုအရေးတော်ပုံကြီးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ -ထို့ကြောင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကို တည်ထောင်ပြီး၊ တည်တံ့ခိုင်မြဲမည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး တစ်ရပ်ကို တိုင်းပြည်တစ်ခု၏ အင်္ဂါရပ်၊ လိုအပ်ချက်တို့နှင့် အညီမြန်မာနိုင်ငံတွင်အမှတ် တကယ်လိုအပ်ပေသည်။ -စစ်မှန်သောဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မွေးဖွားနိုင်ရေးတွင် အခြေခံလိုအပ်ချက်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ၀န်းကျင်ရရှိရန်လိုအပ်သည်။ -ဆိုလိုသည်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ရေးသားပုံနှိပ်ထုတ်ဝေခွင့်၊ စုဝေးခွင့်၊အသင်းအဖွဲ့ဖွဲ့စည်း ထူထောင်ခွင့် စသည့် အခြေခံအခွင့်အရေးများ ကျင့်သုံးကာ နိုင်ငံသားများအနေဖြင့် နိုင်ငံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိစေရမည်။ ယင်းအခွင့်အရေးတို့ ကို ပိတ်ပင်ဟန့်ထားသော ဥပဒေနှင့် အမိန့်များကို ဖျက်သိမ်းပြီး အနာဂတ်ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့၏ အတွေးအမြင် သဘောထားကိုလွတ်လပ်ပွင့် လင်းစွာဆွေးနွေး တင်ပြခြင်းကို လုပ်ဆောင်နိုင်ရမည်။ -မြန်မာပြည်တွင် ဒီမိုကရေစီဆုံးရှုံးသည့်ပြဿနာနှင့် တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူညီမျှသော အခြေခံ အခွင့်အရေး အဆုံးရှုံးသည့် ပြဿနာဟူ၍နိုင်ငံရေး ပြဿနာနှစ်ရပ်အဖြစ်ရှိနေသည်။ -သုံးပွင့်ဆိုင်၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာဖြေရှင်းပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကိုတည်ဆောက်ကာ တိုင်းပြည်ပြန်လည်ထူးထောင်ရေးလုပ်ငန်းကို အမြန်ဆုံးလုပ်ဆောင် သင့်ပေသည်။ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်ပါဝင်ရမည့် ၀ိသေသလက္ခဏာ- * နိုင်ငံသား၏ လွတ်လပ်မှုနှင့် အခြေခံအခွင့်အရေးကို ကာကွယ်ရေး၊ * အမျိုးသားပြည်နယ်များဖြင့် ပြည်ထောင်စုကိုဖွဲ့စည်းရေး၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးကို အခြေခံကာ ရှစ်ပြည်နယ်ဖြင့် ဖွဲ့စည်း၍ပြည်ထောင်စုစစ်စစ်မူကျင့်သုံးရေး၊ ပြည်နယ်များ အကြားတန်းတူညီမျှရှိရေး၊ * ကြွင်းကျန်သောအာဏာကို ပြည်နယ်လွတ်တော်များသို့ပေးအပ်သည့်ဥပဒေပြုအာဏာခွဲ ဝေသည့်စနစ် ကျင့် သုံးရေး၊ * ဗဟိုဦးစီချုပ်ကိုင်မှု လျှော့ချရေး သဘောတရားကို လိုက်နာကျင့်သုံးရေး၊ * လွတ်လပ်သောတရားစီရင်ရေးစနစ် ကျင့်သုံးရေး၊ ဥပဒေလွှမ်းမိုးမှုကျင့်သုံးရေး၊ * ပြည်ထောင်စု တပ်မတော်ကို ဖွဲ့ စည်းပြီး အမျိုးသားပြည်နယ်များမှ အချိုးကျပါဝင်ဖွဲ့ စည်းရေး၊ * ပါတီစုံ ဒီမိုကရေစီစနစ်ကိုဖွံ့ဖြိုးစေပြီး အာမခံချက်ရှိစေရေး၊ ၀န်ကြီးချုပ်ဦးဆောင်သော ပါလီမန်အစိုးရ  စနစ်ဖြင့်ကျင့်သုံးရေး * လူမျိုးစုဆိုင်ရာ ပြဿနာအဖြေရှာရေးတွင် နိုင်ငံရေးအရ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်စီမံဖန်တီးခွင့်၊ ပလောင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပလောင်ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ်သတ်မှတ်ဖွဲ့စည်းရန်ဖြစ်ပြီး၊ ကျောက်မဲမြို့ နယ်၊ မိုးမိတ်မြိုနယ်၊ မိုးကုတ်မြို့နယ်၊ နမ့်ဆန်မြို့ နယ်၊ နမ့်ခမ်းမြို့ နယ်၊ ကွတ်ခိုင်အနောက်ခြမ်းဒေသနှင့် သီပေါအနောက်ခြမ်းဒေသ၊ နမ္မတူမြို့ နယ်နှင့် မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုန်၊ မိုင်းဝီးတို့ကို မြို့နယ်သတ်မှတ်၍ ပလောင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် (၁၀)မြို့နယ်(၃) ခရိုင်သတ်မှတ်ဖွဲ့ စည်းရေး။

Last Updated ( Sunday, 20 May 2012 13:00 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links