You are here: မူလစာမျက်နှာ သတင်းတိုများ အစိုးရတပ်ရင်း(၁၃၀)မှ ကားများနေ့စဉ်ချောဆွဲနေ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

အစိုးရတပ်ရင်း(၁၃၀)မှ ကားများနေ့စဉ်ချောဆွဲနေ

E-mail Print PDF

ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်တုံမြို့နယ် အခြေစိုက် အစိုးရတပ်ရင်းအမှတ် (၁၃၀)မှ မန်တုံမြို့တွင်းရှိ ယာဉ်များအား စစ်တပ်အတွက်ချောဆွဲ နေကြောင်းသိရှိရသည်။ (၁၃၀)စစ်တပ်အဆောက်အဦး တိုးချဲ့ဆောက်လုပ်ရန် လိုအပ်သော သဲ၊ ကျောက်များကို သယ်ယူပို့ဆောင်ရန် အလှည့်ကျဖြင့် ချောလိုက်နေရကြောင်းဒေသခံများမှပြောပြခဲ့သည်။

“ ကျနော့်တို့အလှည့်ကျ ချောသွားနေရတာ တစ်လကျော်နှစ်လနီးပါးရှိပြီ၊ တစ်ရက်ကိုနှစ်စီးနှုန်းနဲ့သွားရတယ်၊ ကားဆီတော့နည်းနည်းဖြည့်ပေးတယ်၊ ကျန်တာတော့ဘာမှကိုမပေးပါဘူး”ဟုကားသမားတစ်ဦးမှပြောပြခဲ့သည်။

မန်တုံမြို့ပေါ်တွင် လေးလုံးထိုးမော်တော်ယဉ် စုစုပေါင်း ၂၅ စီး လောက်ရှိရာ တစ်ရက်လျှင်တစ်စီး၊ နှစ်စီး နှုန်းဖြင့် အလှည့်ကျ မသွားမနေ သွားနေရသည်ဟုသိရသည်။ သို့သော် ကြံ့ဖွတ်ပါတီဝင်ကားသမားများမှာ အခြားကားသမားများကဲ့သို့ ချောလိုက်စရာမလိုပဲ ကင်းလွတ်နေကြောင်း  သိရှိရသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်- ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁    

 

တွေ့ဆုံမေးမြန်းခန်း

 
တအာင်းစာပေနှင့်ယဉ်ကျေးမှုနေ့အခမ်းအနား

အခြားသတင်းလင့်များ


လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း

လက်ဝါးကြီးအုပ်ခံ လက်ဖက်လုပ်ငန်း
 
Burmese Version | English Version

 


“ပိုက်လိုင်းအိပ်မက်ဆိုး”

မြန်မာအင်္ဂလိပ် 

ခြံမြေများ အဓမ္မသိမ်းပိုက်ခြင်း

ခြံမြေများ အဓမ္မသိမ်းပိုက်ခြင်း
 
Burmese Version | English Version

ထိန်းချုပ်မှုအောက်က မြစ်ရွှေလီ

 
Burmese Version | English Version

ပဋိပက္ခလောင်စာများ

ပဋိပက္ခလောင်စာများ
 
Burmese Version English Version