You are here: Home SHORT NEWS တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏စတုထ္ထအကြိမ်မြောက် ညီလာခံထုတ်ပြန်ကြေညာချက်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏စတုထ္ထအကြိမ်မြောက် ညီလာခံထုတ်ပြန်ကြေညာချက်

E-mail Print PDF

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏စတုထ္ထအကြိမ်မြောက် ညီလာခံထုတ်ပြန်ကြေညာချက်
နေ့စွဲ။  ။ ၂၀၁၂-ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ စတုထ္ထအကြိမ်မြောက်ညီလာခံကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ဒီဇင်ဘာလ ၅ မှ ၇ ရက်နေ့အထိ (၃)ရက်တိုင်တိုင်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အဖွဲ့ဝင်ကိုယ်စားလှယ်(၅၁)ဦးနှင့် အကြံပေးအဖွဲ့ဝင်(၁)ဦး၊ ပလောင်အမျိုးသမီးအစည်းအရုံးမှလေ့လာသူ(၂)ဦး စုစုပေါင်း (၅၄)ဦး တက်ရောက်ခဲ့ပါသည်။

ညီလာခံတွင် အစည်းအရုံး၏ မူဝါဒ၊ ဦးတည်ချက်၊ နိုင်ငံရေးရပ်တည်ချက်နှင့် တအာင်းဒေသလူ့အခွင့်အရေးအခြေအနေ၊ မူးယစ်ဆေးဝါးအခြေအနေတို့ကို ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းဌာနများ၏အစီရင်ခံစာများနှင့် ဘဏ္ဍာရေးအစီရင်ခံစာများကို သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို အကျေအလည်ဆွေးနွေးကာ ဆုံဖြတ်ချက်ချမှတ်ခဲ့ပါသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးကို ၁၉၉၈-ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ယခုနှစ်၂၀၁၂-ခုတွင် အဖွဲ့အစည်းသက်တမ်း(၁၄)နှစ်ပြည့်ပြီဖြစ်သည်။ ဤညီလာခံသည် စတုထ္ထအကြိမ်မြောက်ညီလာခံဖြစ်ပြီး ပုံမှန်အားဖြင့် (၂)နှစ် တစ်ကြိမ် ကျင်းပသည်။ စတုတ္ထအကြိမ်မြောက်သက်တမ်းတွင် ဆက်လက်တာဝန်ထမ်းဆောင်မည့် ဗဟိုကော်မီတီ(၅)ဦး၊ အလုပ်အမှုဆောင် ကော်မီတီ(၉)ဦးနှင့်  အရံအလုပ်အမှုဆောင်ကော်မီတီ(၂)ဦးအပါဝင် အစည်းအရုံးကို ဦးဆောင်ရန်အတွက် အတွင်းရေးမှူး(၃)ဦးတို့ကို လည်း ဒီမိုကရေစီနည်းကျကိုယ်စားလှယ်များမှ မဲပေးရွေးကောက်တင်မြောက်ခဲ့ပါသည်။

လက်ရှိမြန်မာနိုင်ငံဦးသိန်းစိန်းအစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများရှိနေပြီဟု နိုင်ငံတကာကိုပြောဆိုနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ထိုးစစ်ဆင်းတိုက်ခိုက်နေခြင်း၊ တိုင်းရင်းသားဒေသတွင် စစ်တပ်များတိုးချဲ့ချထားခြင်း၊ စစ်ပြေးဒုက္ခသည်တိုးပွားလားခြင်း၊ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကြောင့် လူ့အခွင့်အရေးချိုးမှုများရှိနေခြင်းတို့ကို ကြည့်ခြင်းအားဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဦးတည်နေခြင်းမဟုတ်ဟု ညီလာခံမှ သုံးသပ်သည်။

သို့ဖြစ်ပါ၍ ကြေးနီစီမံကိန်းအပေါ် ဆန္ဒဖော်ထုတ်ကြသော ပြည်သူများနှင့် သံဃာတော်များကို အကြမ်းဖက်ဖြေးရှင်းခြင်း၊ တိုင်းရင်းသားလက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းတို့ကို ညီလာခံမှ ကန့်ကွက်ရှုပ်ချခဲ့ပါသည်။
 
ထို့ကြောင့် တတိုင်းပြည်လုံးအတိုင်းတာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး တို့ရရှိသည့်အထိ တအာင်းနိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက်ကြွသူတအာင်းလူငယ်များ၊ ဒေသခေါင်း ဆောင်များ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ ပလောင်အမျိုးသမီးအစည်းအရုံး၊ အခြားမဟာမိတ်အဖွဲ့အစည်းများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ညီလာခံမှ တညီတညွှတ်တည်း သံန္နိဌာန်းချမှတ်သည်။

အလုပ်အမှုဆောင်ကော်မီတီ
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်
လွေးလှာရိုန်း -အထွေထွေအတွင်းရေးမှူး-  ဖုန်း- (+၆၆) ၀၈၁ ၃၉၇ ၀၂၇၄
မိုင်းကါင်ဟါဝ် - တွဲဖက်-အထွေထွေအတွင်းရေးမှူး(၁)- (+၆၆) ၀၈၆၂၀၄ ၆၀၅၉
လိုည်းနော;ချီ;- တွဲဖက်-အထွေထွေအတွင်းရေးမှူး(၂) – (+၆၆) ၀၈၂ ၁၇၅ ၉၂၁၄

Last Updated ( Monday, 10 December 2012 04:21 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links