You are here: Home STATEMENTS

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

“တအာင်းဒေသငြိမ်းချမ်းရေး နှင့်စပ်လျဉ်းပြီး ပြည်သူလူထုများအား တိုက်တွန်းလှူံ့ဆော်ချက်”

E-mail Print PDF

(၁)     ၂၀၀၅ ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် P.S.L.A လက်နက်ဖြုတ်သိမ်းသည့် အခမ်းအနား၌ ယခင် နိုင်ငံတော်ဝန်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ယခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ပလောင်ဒေသ တခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုတို့၏ ဘ၀လုံခြုံရေးတို့ကို တာဝန်ယူသွားမည် ဖြစ်ကြောင်း

Last Updated ( Tuesday, 16 October 2012 08:01 ) Read more...
 

တအာင်း(ပလောင်)ငြိမ်းချမ်းရေးအဖွဲ့အစည်းအဝေးမှ ထုတ်ပြန်ကြေငြာချက်

E-mail Print PDF

တအာင်းတိုင်းရင်းသား(ငြိမ်းချမ်းရေး)အဖွဲ့ အစည်းအဝေးမှ PSLA တပ်မှူးဟောင်းများ၏ လက်ရှိတအာင်းဒေသ နိုင်ငံရေး၊လုံခြုံရေး၊စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးအခြေအနေများအပေါ် သဘောထားကြေညာချက် 

အသေးစိတ်ဖတ်ရှုရန် နှင့် download ရန်

 

Last Updated ( Wednesday, 03 October 2012 04:48 )
 

တအာင်းလက်ဖက်ဈေးနှုန်း မြှင့်တင်ပေးရန် တင်ပြတောင်းဆိုခြင်း

E-mail Print PDF

လက်ဖက်ကုန်ဈေးနှုန်းပြဿနာကို ရင်ဆိုင်ကြုံတွေ့နေရသော လက်ဖက်တောင်သူများ၏ အခက်ခဲကို လက်ရှိမြန်မာအစိုးရ၊ တအာင်းအမျိုးသားပါတီနှင့် အခြားသောအဖွဲ့အစည်းများ အနေဖြင့် မည်သည့် ကူညီပံ့ပိုးမှုမျိုးမှ ပြလုပ်ပေးသည်ကို မတွေ့ရှိရပေ။

Read more...
 

၄၉ နှစ်မြောက် တအာင်း (ပလောင်)အမျိုးသား တော်လှန်ရေးနေ့ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး၏ သဘောထားထုတ်ပြန်ချက်

E-mail Print PDF

ကြေညာချက်အမှတ် -၀၀၁/၀၅/ဦးစီး-၁၂

ယနေ့ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၂ ရက်နေ့သည် ပလောင်တမျိုးသားလုံး လွတ်မြောက်ရန်အတွက် လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို စတင်တွန်းလှန်တိုက်ခိုက်လာ ခဲ့ကြသည်မှာ ၄၉ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ အဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ တန်းတူညီမျှရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရရှိရေး၊ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုနိုင်ငံရရှိရေးတို့အတွက် ပလောင် တမျိုးသားလုံးတို့၏တော်လှန်ရေးခရီး ၄၉ နှစ်တာ ကာလ အတွင်း အသက်သွေးချွေး၊ အိုးအိမ်စည်းစိမ်များစွာကို ပေးဆပ်ရင်းနှီး လှူဒါန်းခဲ့ ကြသော မျိုးချစ်ပလောင်ပြည်သူလူထုနှင့် ပလောင်အာဇာနည် ခေါင်းဆောင်များ၊ ရဲဘော်ရဲမေ အပေါင်းတို့အား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးမှ ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။

Last Updated ( Sunday, 20 May 2012 13:16 ) Read more...
 

စစ်အုပ်စု၏ ထိန်းချူပ်မှုအောက်တွင် ဆိုးဝါးနိမ့်ကျနေသော တအာင်းဒေသရှိ ပညာရေးစနစ်အပေါ်ထုတ်ပြန်ကြေညာချက်

E-mail Print PDF

တအာင်းလူငယ်များ၏ ယနေ့ထုတ်ပြန်သည့် အလင်းမဲ့ဘဝ ပညာရေးအစီရင်ခံစာသည်  စစ်အုပ်စု၏ထိန်းချူပ်မှုအောက် ဆိုးဝါးနိမ့်ကျ နေသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလူမျိုးတို့ပညာရေးစနစ်အကြောင်းကို အများပြည်သူသိရှိ စေရန် ထုတ်ဖော်ထားပါသည်။ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံ စသည့် မြို့နယ်သုံးမြို့နယ်မှ ရွာပေါင်း ၆၁ ရွာတွင် လူဦးရေ ၁၇၅ ဦးတို့ကို တွေ့ဆုံ မေးမြန်းမှူအပေါ် အခြေခံပြီး အချက်အလက်များ ကောက်ယူခဲ့ပါသည်။

Read more...
 
Page 3 of 4

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links