You are here: Home STATEMENTS မိုင်းကိုင်မြို့နယ်တွင် RCSS/SSA အဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းသည့်အပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု မန်လန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တင်ပြခြင်း

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် မြန်မာ့ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAတို့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပါသည်။

မြန်မာ့တပ်မတော်မှ လက်နက်ကြီးများ ရမ်းတမ်းပတ်ခတ်မှုကြောင့် ၂ဦး ပွဲချင်းပြီး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၁ရ ခုနှစ် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်အတွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် အခြေစိုက် မြန်မာတပ်မတော်မှ  ရမ်းတမ်း ပစ်ခတ်မှုကြောင့် ရွာတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ ပိန်းဟွယ်ရွာသား ၂ဦး ပွဲချင်း သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံ...

မြန်မာတပ်မတော် မှ ရွာသားများကို ဖမ်းဆီး ရိုက်နှက် စစ်ဆေး

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု မန်လန်းကျေးရွာတွင် နောင်ချို အခြေစိုက် မြန်မာ့တပ်မတော် ခမရ ၁၁၅ သည် ရွာ ဥက္ကဌ နှင့် ရွာလူငယ် ၅ဦးကို ဇွန်လ ၂၄ ရက် တွင် ဖမ်းဆီးထားပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခြိမ်းခြောက်ပြီး စစ်...

တောင်ပိုင်း စစ်တပ် RCSS/SSA မှ ရွားသားတစ်ဦး ရိုက်နှပ်ဖမ်းဆီး

နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု၊ ပန်လောကျေးရွာနေ အသက် ၂၆ နှစ်အရွယ်ရှိ ဦးအိုက်ကျမ် ဘ (ဦးညမ်နိုင်) မိ (ဒေါ်အေးအမ်) ကို RCSS အဖွဲ့မှ ဇွန်လ ၂၂ ရက်နေ့တွင် ရိုက်နှပ်ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း သိရပါသည်။

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

မိုင်းကိုင်မြို့နယ်တွင် RCSS/SSA အဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းသည့်အပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

E-mail Print PDF

မိုင်းကိုင်မြို့နယ်တွင် RCSS/SSA အဖွဲ့၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းသည့်အပေါ် ပူးတွဲသဘောထားထုတ်ပြန်ချက်

 

နေ့စွဲ။    ။ ၂၀၁၅-ခုနှစ်၊ မတ်လ (၃)ရက်နေ့

၁။ ၂၀၁၄-ခုနှစ် နှစ်ကုန်ပိုင်းမှ ယနေ့ထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် – RCSS/SSA လက်အောက်ခံ မိုင်းကိုင်မြို့နယ်အခြေစိုက် တပ်မ ၃၃၇၊ ထိန်းချုပ်နယ်မြေ အမှတ်- ၉ ဦးဆောင်သူ စ၀်ဟန်ကျန်မှ တအာင်းရွာအပါအ၀င် အခြားတိုင်းရင်းသားရွာများကို တပ်သားသစ် အတင်းအကျပ်စုဆောင်းမှုကြောင့် ကျေးရွာ ပေါင်း ၈၀ ၀န်းကျင် လူငယ်လူလတ်အရွယ် ၂၀၀၀ ကျော် မိမိနီးစပ်ရာ နေရာဒေသတွင် ထွက်ပြေးတိမ်ရှောင် နေရကြောင်း သိရှိရသဖြင့် အလွန်ပင် စိုးရိမ်မိပါသည်။

 

၂။ တအာင်းကျေးရွာများဖြစ်သော နောင်ဆန်ပူ၊ ပန်လော့၊ လွယ်ခွါင်၊ လွယ်လွိုမ့်ရွာများအပြင် အခြားကျေးရွာများ(၈၀) ၀န်းကျင်တွင် ယောကျာ်းလေး ၂ ဦးရှိသော မိသားစုကို တစ်ဦး၊ ၃ ဦးရှိသော မိသားစုကို ၂ ဦး မပေးမနေရ နည်းလမ်းကို အသုံးပြုကာ မပေးနိုင်ပါက တစ်ဦးကို ကျပ်သိန်း (၃၀) ပေးဆောင်ရမည်ဟု အမိန့်ထုတ်သဖြင့် ဒေသ ခံတိုင်းရင်းသား ပြည်သူများ၏ ဆန္ဒမပါဘဲ အတင်းအကျပ် ၀င်ခိုင်းစေခြင်း၊ ငွေဒဏ်ပေးဆောင်ခိုင်းစေခြင်း စသည့် လုပ်ရပ်တို့သည် လူထုထောက်ခံမှုကို လျှော့နည်းစေမည့်အပြင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်မှု ပျက်ပြားစေသည့် လုပ်ရပ်ဖြစ်သည့်အတွက် အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုသည်။

၃။ RCSS/SSA သည် ရှမ်းအမျိုးသားနိုင်ငံရေးအပေါ် အခိုင်အမာရပ်တည်ပြီး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ကြီးဖြစ် သည်ဟု ယုံကြည်ပါသည်။ ထို့အပြင် တိုင်းရင်းသားတန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက် နေသည်ဟုလည်း နားလည်သဘောပေါက် ထားပါသည်။ ထို့ကြောင့် ယခုဖြစ်ရပ်သည် RCSS/SSA ၏ နိုင်ငံရေးပုံရိပ်ကို များစွာထိခိုက်နိုင်သည့်အပြင် ဒေသခံ တိုင်းရင်းသား မိဘပြည်သူများ၏ လူမှုအကျိုးစီးပွား၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်နိုင်သဖြင့် ချက်ခြင်း ဖြေရှင်းဆောင်ရွက်ပေးပါရန် တောင်းဆိုသည်။

၎။ သို့ဖြစ်ပါ၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တိုးတက်ဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးကို ဖော် ဆောင်ရာတွင် လူထုအကျိုး ဖော်ဆောင်ပေးမှု၊ လူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှု၊ လူထု၏ သဘောထား ဆန္ဒကို အလေးထားဆောင်ရွက်မှု ရှိမှသာလျှင် ထောက်ခံအားပေးသွားမည့်အပြင် အထက်ပါကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူမှ အရေးတကြီးဖြေရှင်းပေးပါရန် ထပ်လောင်းတောင်းဆိုပြီး မိမိတို့၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။

 

ပလောင်အမျိုးသမီးအစည်းအရုံး (PWO)

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး (TSYO)

ထိုင်း-မြန်မာနယ်စပ်

 

ဆက်သွယ်ရန်

(၁) လိုည်းပို;ညိုဝ်း (PWO)၊ ဖုန်း / ၀၉-၇၃၀၆ ၃၀၁၇

(၂) မိုင်းဆါည်ရံက် (TSYO)၊ ဖုန်း / ၀၉-၄၀၂၇၇ ၀၂၄၅၊ +၆၆ (၀) ၅၅၅၃၃၃၂၄

 

Last Updated ( Tuesday, 03 March 2015 09:25 )  

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links