You are here: Home တအာင်း တအာင်းအကြောင်း တအာင်း(TA'ANG)

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မတော် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသား တစ်ဦးသေးဆုံးပြီး ၃ဦး ထိခိုက် ဒဏ်ရာရ

၂ ရက် မေလ ၂၀၁၇ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာနှင့် ပန်စံကျေးရွာ အကြား မနက် ၁၁း၀၀ နာရီအချိန်တွင် မြန်မာတပ်မတော် တပ်မ ၈၈ နှင့် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ တို့ ပြင်ထန်းစွာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင့် သိရှိရ ပါသည်။

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

တအာင်း(TA'ANG)

တအာင်း

တအာင်း(ပလောင်)လူမျိုးတို့သည် မိမိကိုယ်ကို တအာင်း(Ta'ang) ဟူ၍ ခေါ်ဆိုကြသည်။ တအာင်းမျိုးနွယ်စုတို့၏ပြောဆို သောစကားသံ အလိုက် အအာင်း(AH'ANG)၊ ရအာင်း(RA'ANG)၊ နအာင်း(NA'ANG)၊လအာင်း(LA'ANG)၊ အာင်း(ANG)၊ ယအာင်း (YA'ANG)၊ ရိအာင်း(RI'ANG) ဟူ၍လည်း ပြောဆိုကြသည်။ တအာင်းလူမျိုးတို့သည် မွန် ၊ဝ ၊ပလောင်တို့  သွေးချင်းအရင်းအချာ ညီအစ်ကိုမျိုးနွယ်ဖြစ်ကြသည်ဟု ယုံကြည်စွဲမှတ် လျက်ရှိကြသည်။

ရှမ်းပြည်အတွင်း ပြန့်နှံ့စွာ နေထိုင်လျက်ရှိကြသည့်အလျောက် ညီနောင်တိုင်းရင်းသားများတို့ ခေါ်ဆိုသည့် အမည်နာမအလိုက် ပလောင်၊ပလေး၊ လွယ်၊လွယ်လ၊ယန်း(ယင်း)၊ယင်းကြား လူမျိုးစုတို့သည် ပလောင်မျိုးနွယ် စုများ ဖြစ်ကြပြီး၊ နှစ်ကာလကြာမြင့်စွာ ကွဲပြားသောနေရာဒေသ အနှံ့အပြားတို့တွင် အခြေချနေထိုင်ကြသည့် ပလောင်လူမျိုးများဖြစ်သည်။ ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ မိသားစု(သို့ )မျိုးနွယ် ဖွဲ့ စည်းပုံတို့မှာ တူညီကြသည်။

နေနဂါးမျိုးနွယ်

တအာင်းလူမျိုးတို့သည် မိမိတို့ကိုယ်ကို အဖ နေမျိုးနွယ် (နေနတ်သား) နှင့် အမိနဂါးမျိုးနွယ် (နဂါးမင်းသမီး) တို့မှ ပေါက်ဖွားဆင်းသက်လာသည်ဟု ယုံကြည်လျက်ရှိကြသည်။

ရှေးတအာင်းအလံ

ရှေးတအာင်းလူမျိုးတို့၏ အထိမ်းအမှတ်အလံမှာ အပြာရောင်(မိုးပြာ) အောက်ခံ၍ ဗဟိုအလယ်တွင်နေ၀န်းနီ ပါရှိသည်။

ကိုးကွယ်ယုံကြည်မှု

တအာင်းလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည်။ နတ်ကိုးကွယ်မှုနှင့် ယဇ်ပူဇော်ဓလေ့မရှိကြပါ။ ရွာစောင့်နတ်၊ လယ်ယာမြေနှင့် တောတောင်စောင့်နတ်တို့အား ပသပူဇော်သည့်ဓလေ့သာရှိသည်။

တအာင်းမျိုးနွယ်စုများ

ပလောင်လူမျိုးတို့သည် မိမိကိုယ်ကို “တအာင်းဟူ၍ခေါ်ဆိုကြသည်။ မြန်မာဘာသာဖြင့် “ပလောင်” နှင့်“ပလေး ဟူ၍ လည်းခေါ်ဆိုသည်။ တအာင်းရာဇ၀င်အဆိုအရ တကောင်းခေတ်ကတည်းက “ပလောင်ဟုခေါ်ဆိုခဲ့သည် ဆိုသည်။ ပုဂံခေတ် တွင်လည်း “ပေါင်လောင်ဟူ၍ရေးသားခဲ့ကြသည်ကိုလည်း တွေ့ရှိရသည်။ ရှေးမြန်မာတို့က “ရွှေပလောင်၊ ငွေပလောင်ဟူ၍ ချစ်ခင်မြတ်နိုးဖွယ် တင်စားသုံးနှုန်းခေါ်ဆိုကြသည်။ ရွှေပလောင်၊ ငွေပလောင် ဟူ၍ လူမျိုး ကွဲပြားခြင်းမရှိပါ။ ပလောင်မျိုးနွယ်စု (၀ါ) တအာင်းမျိုးနွယ်စု အားလုံးကို ရည်ညွန်းခေါ်ဆိုခြင်းဖြစ်သည်။ ဘယ်ပလောင်မျိုးနွယ်စုကို ရွှေပလောင်၊ဘယ်ပလောင်မျိုးနွယ်စုကို ငွေပလောင် -ဟူ၍ရည်ညွန်း ကွဲပြားခေါ်ဝေါ်ခြင်း မရှိပေ၊ ရွှေပလောင် ၊ ငွေပလောင်ဟူ၍ ပြောစမှတ်ပြုရာတွင် အမည်နာမကို စကားအရာ ချစ်ခင်စွာ ဂုဏ်တင်ခေါ်ဝေါ်ခြင်းဖြစ်သည်။ (ရွှေလမ်း၊ ငွေလမ်း၊ ရွှေပင် ငွေပင်၊ ရွှေသမက် ငွေသမက်)

ပလောင်ရာဇ၀င်အဆိုတစ်ခုတွင် ဗုဒ္ဓပွင့်တော်မူပြီး ကာလက မွန်ခမာမျိုးနွယ်ဝင် ဖြစ်ကြသော မွန်၊ ၀၊ ပလောင်၊ ခမာလူမျိုး တို့သည် အင်ဒိုချိုင်းနားဒေသကြီး တစ်ခုလုံးကို လွှမ်းမိုးကြီးစိုးခဲ့ပြီး မွန်ခမာယဉ်ကျေးမှု တစ်ရပ်ပေါ်ထွန်းခဲ့၍ မွန်၊ ၀၊ ပလောင် ယဉ်ကျေးမှုခေတ်ကြီး(ဝါ) မွန်၊ ၀၊ ပလောင်တို့ ၏ ရွှေခေတ်ကြီးဟုပင် ဂုဏ်တင်ဖော်ညွန်းခဲ့ကြပါသည်။ ထိုစဉ်က မွန်၊ ၀၊ ပလောင်တို့ ၏ ယဉ်ကျေးမှုရွှေခေတ်ကြီးသည် မြန်မာပြည်အပါအ၀င် အာသံ၊ မဏိပူရ၊ ကမ္ဘောဒီးယား၊ ယိုးဒယား၊ ယူနန် စသည့် အင်းဒိုချိုင်းနားဒေသကို သုဝဏဘူမိ ရွှေတိုင်းပြည် (မိုင်ဆီင်၊ မိုင်ခံမ်) ဟူ၍လည်းကောင်း၊လူမျိုးတို့ ကိုရွှေပြည်သား၊ ရွှေတိုင်းသား၊ ရွှေလူမျိုးဟူ၍ လည်းကောင်း အသိအမှတ်ပြု ဂုဏ်တင်ခေါ်ညွန်းခဲ့ကြသည်။

ပလောင်ရာဇ၀င်တွင် ပလောင်လူမျိုးတို့သည် ရွှေခေတ်ကြီးတွင် ကောသမ္ဘီပြည်ကို ကြီးကျယ်ခမ်းနားစွာ ထူထောင် ခဲ့လေသည်။ ကောသမ္ဘီခေတ်ကြီးဟု ပလောင်တို့၏ရာဇ၀င်တွင် ဆိုထားလေသည်။ တိုင်းနိုင်ငံ အသီးသီးတို့ကပင် ပလောင် ကောမ္ဘီပြည်ကြီးကို ခစားခန့်ညား ကြရသည်။ ထိုခေတ်ကြီးတွင် ရွှေတိုင်းပြည်၊ ရွှေလူမျိုးဟု၍လည်းကောင်း၊ ရွှေခေတ်ကြီးကို ထူထောင်ကြသော လူမျိုးတို့ကို ရွှေမွန်၊ရွှေဝ၊ရွှေပလောင် ဟု၍လည်း အမွန်းပြု ဂုဏ်တင်ခန့်ညား ခဲ့ကြသည်။ ရွှေပလောင် ဟူ၍ ဖော်ညွန်းခေါ်ဆိုရာ ပလောင်မျိုးနွယ်စု အားလုံးကို ဖော်ညွန်းခေါ်ဆိုကြောင်း တွေ့ရှိရ လေသည်။ ပလောင်လူမျိုးတို့ထူထောင်ခဲ့သော ကောသမ္ဘီပြည်ကြီးမှာ ယောနကတိုင်း (ယူနန်ပြည်၊ တာလီဖူး) တွင် ဖြစ်ပြီး နဂါးအိုင် (တာလီအိုင်)ကိုအမှီပြုခဲ့ကြောင်း၊ နဂါးအိုင်ရှိ အမိနဂါးကြီးကို အလေးအမြတ်ပြုကြကြောင်းဆိုသည်။

ပလောင်တို့သည် မိမိတို့ကိုယ်ကို “အဖနေနတ်သား၊ အမိ နဂါးမင်းသမီး တို့မှပေါက်ဖွားလာကြသည့် နေနဂါးမျိုးနွယ်ဟု ယုံကြည်ထားကြ လေသည်။ ထိုကြောင့်  တရုတ်တို့ကပုံးလုံး”၊ “ပုံးအမျိုးအနွယ်၊ “လုံးနဂါး၊ နဂါးမှဆင်းသက် လာသော လူမျိုး(သို့ ) နဂါးလူမျိုးနွယ် ဟုဆိုရာမှ မြန်မာတို့ က “ပလောင် ဟုခေါ်ဆိုလာကြောင်းဆိုသည်။

ပလောင်မျိုးနွယ်စုများတို့သည် ရောက်ရှိရာအရပ်ဒေသ၊ အခြားသောလူမျိုးစုနှင့် နီးကပ်ရောနှောဆက်ဆံမှု၊ အရပ်ဒေသ အလိုက်၊ တောင်မြောက်၊ အရှေ့အနောက်အလိုက်၊ တောင်ပေါ်တောင်အောက်အလိုက် အသုံးအစွဲ၊အခေါ်အဝေါ် ဆင်ယင်ထုံးဖွဲ့မှုအနည်းအများဆိုသကဲ့သို့ကွဲလွဲမှုရှိသည်။ပလောင်အမျိုးသမီးတို့သည် ငွေထည်ပစ္စည်းများ ၊ငွေကြိုး၊ငွေပြားခါးပတ်၊ငွေနားဒေါင်း၊ ငွေလက်ကောက်၊ငွေဘယက်၊ ငွေဖက်လိပ်နားဒေါင်း၊ ငွေခြေပတ်ကြိုး၊ ငွေဒင်္ဂါးနှင့်ငွေထည်နှင်ပြုလုပ်သော ဒေါင်းရုပ်၊ငါးရုပ်၊လိပ်ပြာရုပ်များပြုလုပ် ၀တ်ဆင်ကြသည်။

ပလောင်လူမျိုးတို့၏ အမွန်အစမနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့သည် “မွန်- ခမာအနွယ်ဖြစ်ပြီး မြန်မာမြေ ပေါ်သို့ အဦးအစောဆုံး ၀င်ရောက်လာကြသည်ဟု လက်ခံကြသည်။ “မွန်-ခမာအနွယ်သည် “မောင်ဂုတ် လူမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ “မောင်ဂုတ် လူမျိုးကြီးမှ “ သြစတြစ် ” နှင့် တီဗက်တိုတရုတ်ဟုကွဲပြားလာသည်။ ၎င်းတို့ သည်-“မောင်ဂုတ် အနွယ်အ၀င်ဖြစ်ကြသော်လည်း ဒေသတစ်ခုအတွင်း နေထိုင်ကြရာမှ လူဦးရေတိုးတက်များပြားခြင်းကြောင့်မိမိတို့၏အသက်ရှင် နေနိုင်ရေးအတွက် နေရာတစ်ခုမှအခြားတစ်ခုသို့ ရေကြည်ရာမြက်နုရာကို ရှာဖွေနေထိုင်လုပ်ကိုင်စားသောက်ကြသည်။ ဤသို့ အချိန်ကာလ ကြာညောင်းသောအခါနေထိုင်ရာနေရာဒေသတို့လည်း တစ်ခုနှင့်တစ်ခု မတူသောကြောင့် “ သြစသြိုအေးရှတစ် နှင့် တိဗက်တိုတရုတ် ”ဟူ၍ ကွဲပြားကြခြင်းဖြစ်၏။ ၎င်းမောင်းဂုတ် လူမျိုးတို့သည် ရေကြည်ရာ မြက်နုရာကို ရှာကြံ၍ နယ်မြေဒေသတစ်ခုမှ အခြားတခုသို့ပြောင်းရွေ့နေထိုင် ကြရာတွင် နေဂရွိုက်လူမျိုးနှင့် အထူးသဖြင့် ပရိုတိုသြစလွိုက် လူမျိုးများနှင့် သွေးနှောကြသည်ဟုဆို၏။ ထိုကြောင့် “ သြစတြစ် လူမျိုးတိုသည်  “ သြစတြိုနီးရှန် နှင့် သြစတြိုအေရှတစ် ” ဟူ၍ ယင်းတို့ ၏ဘာသာစကားဖြင့် ခွဲခြားခြင်းဟုဆိုသည်။ “ သြစတြိုအေရှတစ် ” တွင် အိန္ဒိယနိုင်ငံ (အာသံ၊ မဏိပူရ) ရှိခါဆီလူမျိုး၊ မုဏ္ဍလူမျိုး(ကိုလ်)၊ ဆန်သာလ်လူမျိုး၊ နာဂဗာရီကျွန်းရှိ နာဂဗာရီ လူမျိုးနှင့် အာသံ၊ မြန်မာ၊ အင်ဒိုချိုင်းနားရှိ မွန်ခမာ အနွယ်တို့ ပြောဆိုသော စကားတို့ပါဝင်သည်။

(မောင်းဂုတ်)မွန်ဂိုလွိုက် လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှာ အာရှတိုက်တွင် အများဆုံးနေထိုင်ကြပြီး အထူးသဖြင့် အာရှတိုက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ ပိုင်း နှင့် အရှေတောင်ပိုင်းတိှု့၌ ပြန့် နှံ့ နေထိုင်ကြသည်။ ထိုကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ၀၊ ပလောင်၊(ရိအာန်)၊ မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသောလူမျိုးတို့ သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော အလွန်သွေးနီးစပ် ကြသည့် ညီရင်းအစ်ကို မောင်နှမရင်းသားချင်းဟုဆိုရပေမည်။ ထိုနည်းတူ မောင်းဂုတ်(မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး)မှတီဗက်တိုဘားမင်းအုပ်စုတွင် ပျူ၊ ကမ်းယံ၊ သက်၊ ချင်း၊ ကချင်၊ ဗမာ၊ ကရင် လူမျိုးအဖြစ်သို့လည်းကောင်း၊ ထိုင်း၊ တရုတ်အုပ်စုမှ ရှမ်း၊ ရှမ်းတရုတ်၊ တရုတ်လူမျိုး အဖြစ်သို့လည်းကောင်း သက်ဆင်းလာကြသည်ဟုဆို၏။ ထိုကြောင့်မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော မျိုးနွယ်စု (၁၃၅)မျိုးတို့သည် သွေချင်း ညီအစ်ကို မောင်နှမများဖြစ်ကြ သည်ဟု ဆိုကြရပေမည်။ “သြစတြိုအေရှတစ် အာရှတောင်ပိုင်းသို့မဆင်းသက်မီ တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်းဒေသတွင် “မွန်ခမာ လူမျိုးနွယ် အဖြစ် တစ်စုတစ်ရုံးတည်း အခြေချ နေထိုင်လာခဲ့သည် ဟုဆိုသည်။ ထိုကြောင့် ယန်စီကျန်မြစ်ဝှမ်းဒေသသည် “ မွန်ခမာ တို့၏ဒေသဟောင်းဖြစ်သည်ဟု ဆိုရပေမည်။

၎င်းမြစ်ဝှမ်းဒေသသည် ရသီဥတုသင့်တင့်မျှတမှုရှိပြီး မြေဆီသြဇာ ကောင်း မွန်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျလုပ်နိုင်သော လူမျိုးဟု ယူဆရသည်။ နှစ်ပေါင်းရှည်ကြာစွာ တစ်စုံတစ်ရုံးတည်း စနစ်တကျအခြေချ နေထိုင်ကြရာတွင် စိုက်ပျိုးရေးကုန်ထုတ် လုပ်ငန်းကြီးဖြင့် စနစ်ကျသော လူအဖွဲ့အစည်းဖွဲ့စည်းကြကာ ကျေးပြည်ကျေးနယ် ထူုထောင်ကြသည်။ ၄င်း၌ မိမိလူမျိုးများပြား လာခြင်း ကြောင့်လည်းကောင်း၊ အာရှမြောက်ပိုင်ဒေသ၌ ရာသီဥတု ဆိုးဝါးမှုကြောင့်မြောက်ပိုင်း လူမျိုးနွယ်စုများ အစုအပြုံတိုးဝင် ဆင်းသက်လာခြင်းကြောင့်လည်း ကောင်းကောင်း အကျပ်အတည်းနှင့် တွေ့ရသောကြောင့် တောက်ဖက်ပိုင်းသို့ ပြောင်းရွှေ လာကြရသည်ဟု ဆိုသည်။ ထိုသို့ပြောင်းရွေ့ကြရာတွင် အင်ဒိုချိုင်းနားဘက်သို့ ဗီယက်နမ်ဒေသတွင် ဗီယက်နမ်းလူမျိုး၊ ကမ္ဘောဒီးယားဒေသတွင် ခမာလူမျိုး၊ ယိုးဒယားနှင့် မြန်ပြည်ပြောက်ပိုင်ဒေသတွင် မွန်၊၀ နှင့် ပလောင် အုပ်စုတို့သည် လည်းကောင်း၊ မြန်မာပြည်တောင်ပိုင်းဒေသတွင် ပလောင်(ရိအာန်)၊ ၀ လူမျိုးတို့သည်လည်းကောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်း အတိုင်း အိန္ဒိယပြည် ဒက္ခီဏကုန်းဒေသတွင်မုဏ္ဍလူမျိုး၊ ဘင်္ဂလားနယ်တွင် ဆန်သာလ်လူမျိုးနှင့် အာသံနယ်တွင် ခါဆီလူမျိုး တို့ကိုလည်းကောင်း အခြေနေထိုင်သည်ကို တွေ့ ရသည်။

“မွန်ခမာနွယ်ဘွား”လူမျိုးတို့သည် ဘာသာစကားတစ်မျိုးတည်းဖြစ်သော်လည်း အခြားဒေသများသို့ပြောင်းရွှေ့နေထိုင်အခြေချကြပြီး ကာလကြာမြင်စွာခွဲခွာကြခြင်း၊ မူရင်းဘာသာစကားအပြင် ဝေါဟာရများထည့်သွင်းပြောဆိုခြင်း ရှိသော်လည်း မူလ မွန်ခမာ ဝေါဟာမူကားသုံးစွဲလျက်ရှိသည်ကို တွေ့ရှိရသည်။ ဤအခြေအနေပေါ်မူတည်၍ ဘာသာဗေဒပညာရှင်တို့က လူမျိုးများ ဆင်းသက်လာပုံကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။

Bc- ၁၀၀၀ ခန့်ကပင် “မွန်ခမာ အနွယ်ဝင် မွန်၊ ၀၊ ပလောင်(ရိအာန်း) လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း “ယန်စီကျန်မြစ်ဝှမ်းဒေသ ဆီမှ တောင်ဖက်သို့ ဆင်းသက်လာကြပြီးလျှင် သံလွင်မြစ်ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းဆီသို့ ဆင်းသက်ကြပြီး တိုင်းပြည်တောင်ပိုင်း မဲနမ်မြစ်ဝှမ်း၌ မွန်လူမျိုးစုဦးဆောင်၍ ဒွါရာဝတီပြည်ကို ထူးထောင်ကြသည်။ မွန်၊ ၀၊ ပလောင်အနွယ်ဘွား လူမျိုးတို့ ကို ယောနက (ယူနန်) ယောန ၊ယောန်း(ယွန်း) ၊ ကြောမ်း(ကြွမ်း) ဟု ဖြစ်ကြောင်း ဆိုပါသည်။ (က္ကသျှံဂူမော်ကွန်း) ပလောင်တို့သည် မွန်တို့ နှင့်အတူ မြန်မာပြည်အောက်ပိုင်းဒေသ၊ သထုံဒေသ၊ ပဲခူး-တောင်ငူ ဒေသတို့တွင် အခြေချနေထိုင်ခဲ့ကြောင်း ပလောင်မျိုးနွယ်စုတစ်ခုဖြစ်သည့် (ရူမိုင်း)တို့အခြေချခဲ့ကြောင်း ရမ္မ၀တီဟု အမည်တွင်ကြောင်း၊ သရေခေတ္တရာ (ပြည်) ပန်းတောင်းအရပ်ဒေသသို့ပြောင်းရွှေ့လာကြကြောင်း “ရူမိုင်း (ရူမည်း) ရှေးဟောင်း  ရာဇာဝင် တွင်ပါရှိသည်။ ကျန်အစုမှာ တောင်ငူ-ရမည်းသင်း ဒေသမှ   ရှမ်းပြည်တောင်ပိုင်းသို့ ရွေ့ပြောင်းသွားကြောင်းဖော်ပြထားသည်။ ၀၊ပလောင်အုပ်စုတစုသည် တရုတ်ပြည်တောင်ပိုင်းဆီမှမြန်မာပြည်သို့ ရွှေလီမြစ်ကြောင်းနှင့် တပိန်မြစ်ကြောင်းအတိုင်း မြန်မာပြည်အထက်ပိုင်း တကောင်းဒေသ၊ မြန်မာပြည်အလယ်ပိုင်း ဒေသဖြစ်သည့် ရှေးပုဂံ(ပေါက္ကံ)ဒေသ၊ မင်းဘူး (၆)ခရိုင်ဒေသ၊ ပခုက္ကူ (ယောနယ်)ဒေသ၊ ဗိဿနိုးဒေသတို့၌ ၀၊ပလောင်လူမျိုးနွယ်စုတို့သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာကြပြီး အခြေချခဲ့ကြသည်ဟု ဆိုပါသည်၊ နောက်တွင်ကာ မရှေးမနှောင်းပင် ရောက်ရှာလာကြသော ရှေးပျူနှင့် အနွယ်တူ လူမျိုးများတို့ရောနှောအခြေချကြကြောင်း သိရှိရ၏။ နောက်တွင်ပုဂံပြည်ကြီးကို ထူးထောင်ကြရာတွင် မွန်၊၀၊ ပလောင်အနွယ် လူမျိုးများ ပါဝင်ကြောင်း ပုဂံကျောက်စာအရ သိရကြောင်း သိရပါ၏။

ပလောင်လူမျိုးတို့သည် ရှေးဦးပျူလူမျိုးတို့နှင့်နီးကပ်စွာ အတူယှဉ်တွဲနေထိုင်ပြီး ယဉ်ကျေးမှုဓလေ့ထုံးထမ်း အစဉ်အလာ၊ ရှေးဟောင်းယုံကြည်မှု၊ ရိုးရာပုံပြင်များ၊မျိုးရိုးစဉ်လာခံယူမှု၊ အုပ်ချုပ်မှုစံနစ်ကို တူညီစွာ ခံယူကျင့်သုံးလာခဲ့၍ လည်းပြူ လူမျိုးမှ "ပြူ “ပလူ  ၎င်းမှ “ ပလောင် “လူမျိုးဟု အဆိုရှိလေသည်၊ ပလောင်၊ ၀အနွယ်တူလူမျိုးတစ်စုတို့သည် တကောင်းဒေသဆီမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက် လာကြပြီး မြေပြန့်ဒေသဖြစ်သည့် မတ္တရာ၊ အောင်ပင်လယ် (မန္တလေး) အင်းဝ၊ တောင်ပြုန်း ၊ ကျောက်ဆည်ဒေသသို့ပြန့် နှံ့ အခြေချလာပြီး မွန်ခမာအနွယ် မွန် ၊၀၊ ပလောင်တို့ နှင့် ပြန်ဆုံစည်းကြ၍ ကျောင်ဆည် (၁၁) ခရိုင်ဒေသတွင် အင်အားကြီးထွားပြန့်နှံ့ နေထိုင်ခဲ့ကြသည်။

ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်ဒေသတို့တွင် ပြန့်နှံစွာအခြေချနေထိုင်သည်ကို သိရှိရ၏ ထို့ကြောင့် ၀ ၊ပလောင်လူမျိုးများ (ရှေးဦး ၀၊ပလောင်) တို့သည် မြေပြန့်ဒေသများတွင် အခြေချနေထိုင်ခဲ့ကြကြောင်း မွန်ဂိုတာတာလူမျိုးအုပ်စုတို့နှင့် မကြာခဏ တိုက်ခိုက်  ကြရကြောင်း ရန်သူတို့၏ နှောက်ယှက်တိုက်ခိုက်ခြင်းကို ရင်ဆိုင်ကြရကြောင်း၊ မြန်မာအုပ်စုဝင်တို့ အလုံးအရင်း အင်အားကြီးစွာ ၀င်ရောက်လာကြကြောင်း၊ မွန်ဂိုတာတာနှင့် အတူ မြန်မာအုပ်စုအနွယ်တို့၏ တိုက်ခိုက် ခြင်းကြောင်း၊ မွန်ခမာ အနွယ်ဝင် မွန်၊ ၀ ၊ ပလောင် လုအဖွဲ့အစည်းဖြိုခွဲ၍ မွန်အုပ်စုတို့မြန်မာပြည်အောက်ပိုင်း ဒေသတို့၌ အခြေတည်ကျကြောင်း။ ၀ ၊ ပလောင် အုပ်စု အနွယ်တို့ ရှမ်းကုန်ပြင်မြင့်(တောင်ပေါ်ဒေသ) ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ ပိုင်းတို့  ၀င်ရောက်အခြေချကြကြောင်းသိရှိရ၏။

မွန်ခမာအနွယ်ဝင် ၀၊ ပလောင် လူမျိုးတို့ သည် တရုတ်ပြည်တောင်ပိုင်း ယန်းဆီကျန်း မြစ်ဝှမ်းဒေသမှ တစ်စုအဖြစ် ထွက်လာကြပြီး တရုတ်ပြည်တောင်ပိုင်း (တာလီဒေသ) ထန်ချုန်းဒေသနှင့် ယုန်ချန်ဒေသတို့ တွင် အခြေချ၍ မြို့ပြ ပြည်နယ်ငယ်များ ထူထောင်ကြသည်။ မွန်ဂို တရုတ်တို့ ၏ အဆက်မပြတ်အနှောက်အယှက် တိုက်ခိုက်မှုဒဏ်ကြောင့် “တာလီဖူးနိုင်ငံတော် (ကောသမ္ဘီပြည်) “ပျက်စီးခဲ့ရသဖြင့် “၀အနွယ်ဝင်သည် သံလွင်မြစ်အတိုင်း ဆင်းသက်လာကြပြီး မြန်မာပြည်သံလွင် အရှေ့ ခြမ်းဒေသနှင့် အနောက်ခြမ်းဒေသတွင် အခြေချနေထိုင်ကြကြောင်း တွေ့ ရ၏။ တာလီဖူးမြို့ ပြ နိုင်ငံတော် (ကောသမ္ဘီပြည်) ဖြိုကွဲခဲ့ရခြင်းကြောင့် ၀နှင့် ပလောင်အနွယ်စု ကွဲထွက်ခဲ့ရပြီး ပလောင်အနွယ် စုမှာ ရွှေလီမြစ်ဝှမ်းနှင့် သံလွင်မြစ်အကြား တောင်တန်းကြီးများကို ဖြတ်ကျော်၍ မုံးကို ကြူကုတ်လမ်းကြောင်းမှ ကွတ်ခိုင် ၊သန္နီ လားရှိုး ၊ မိုင်းရယ် သို့ဝင်ရောက်ကြ သည်။

AD ၁၀ရာစုတွင် ပလောင်အနွယ်စုတစ်ခုမှာ ရွှေလီမြစ်ကြောင်းအနီး ကျယ်လန့် (နမ့်ခမ်း- မူဆယ်)တွင် ပြန်လည် စုစည်းကြပြီး မြို့ပြကျေးပြည် (ဒုတိယ ကောသမ္ဘီပြည်) အဖြစ် ထူထောင်ကြပြန်သည်။ ထို့နောက်တွင် ကျယ်လန့် (ကျေးပြည်) ကို မွန်ဂိုတရုတ်တို့၏ တိုက်ခိုက် ဖျက်စီးခြင်းခံရပြန်သည်။ ကျယ်လန့် ကျေးပြည်ထွန်းကားစဉ်တွင် ပဲခူး -တောင်ငူ- ကျောက်ဆည် ဒေသတို့မှ အင်အားပြိုကွဲလာသည့် မွန် ၊ ၀ ၊ ပလောင် အနွယ်စုအနက်မှ ပလောင်မျိုးနွယ်စုသည် မြန်မာ ပြည်မြောက်ပိုင်းသို့ဆန်တက်လာကြပြီး ရွှေလီချိုင့်ဝှမ်းဒေသရှိ အနွယ်စုတို့ နှင့် ပူပေါင်း၍ တောင်ပေါ်ဒေသ၌ မြို့ ပြ ကျေးပြည်စုစည်း တည်ထောင်ကြပြန်သည်။ ရာဝမတီဟုပင် အမည်တွင်၍ မြို့ တော်ကို “ကျကောင်း  (မိန်းကောင်း) ဖြစ်သည်။ ခရိုင် (၂၉) ခု ဖွဲ့ စည်းထားကြောင်းနှင့် ပလောင်အမျိုးနွယ်စုများဖြစ်ကြသည့် (ရူမည်း၊ ရူလျဲန်း၊ရူကော)တို့ ၏ မြို့ ပြကျေးပြည်ဖြစ်ပြီး စည်ပင်ထွန်းကား ခဲ့၏  တောင်ပေါ်ကုန်းမြင့်၌ တည်ထားခြင်းကြောင်း ရန်အန္တရာယ်များကို ခုခံနိုင် ကာကွယ်နိုင်ရန်နှင့် ရန်သူ၏ တိုက်ခိုက်မှူ မလွယ်ကူစေရန်ဖြစ်ဟန်ရှိသည်ဟုဆိုသည်။

မြောက်ဘက်မွန်-အန်နမ်(မွန်၊၀၊ပလောင်)

ခရစ်မပေါ်မီလေးရာစုနှင့်အထက်ကာလာလောက်က မွန်ခမာမျိုးနွယ်ဝင်ဖြစ်ကြသော မွန်၊၀ ၊ပလောင်၊ ခမာတို့သည် အာရှအရှေ့ အလယ်ပိုင်း၊ အာအရှေ့တောင်ပိုင်း ကုန်းမြင့်ဒေသတို့၌ အခြေစိုက်နေထိုင်ခဲ့ကြသည်။ အရှေ့တောင်ပိုင်း၏ မြောက်ဘက်အရပ်ဒေသများတွင် အခြေချနေထိုင်ကြ၍ မြောက်မွန်- အန်နမ်အနွယ်ဟုခေါ်သည်။ခမာတို့တုန်ကင် (Tong King) အရပ်ဒေသမှ တောင်ဖက် ကမ္ဘောဒီးယားသို့ဆင်းသက်လာကြစဉ်က မွန်ခမာအနွယ် ဖြစ်ကြသော မွန်၊၀ ၊ပလောင် တို့သည် အင်ဒိုချိုင်းနား ကျွန်းဆွယ်ကို ထောင့်ဖြတ်လမ်းဖြင့် လော( လာအို)မြောာက်ဖက် ဒေသ ၊ထိုင်းညာဒေသ၊ မြန်မာပြည်အောက်ပိုင်းဒေသနှင့်  မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်လာ ကြခြင်ဖြစ်သည်။ ရှေးမွန်ခမာလူမျိုး နွယ်ဖြစ်သော မြောက်ပိုင်းမွန် အန်နမ် ဟူသည် လာအိုမြောက်ပိုင်းဒေသက ထဲင် (T’ENG)ခါမု (KHA’ MU) ၊ လဲမဲက် (LEMET)၊ တောင်ယူနန်အရပ်က ဖုမန်(P’U- MAM)၊ အရှေ့မြန်မာက လ (လွယ်လ) ၀၊ ပလောင်၊ ရိအန်၊ ဒနော တို့ဖြစ်ကြသည်။ ခရစ်မပေါ်မီ လေးရာစုအထက် ကာလက ယူနန်အလယ်ပိုင်း အရပ်ဒေသ (ဗဟိုယူနန်)တွင် အခြေချ နေထိုင်ပြီးဖြစ်ကြကြောင့်နှင့် ခရစ်မပေါ်မီ လေးရာစုနောက်ပိုင်း ကာလသို့ရောက်သောအခါ ယူနန်တောင်ပိုင်း အရပ်ဒေသ၌ ပြန့် နှံ့ အခြေချနေထိုင်ကြပြီးဖြစ်ကြောင်း ဆိုသည်။ ကုန်းပြင်မြင့်ဖြစ်သော ဗဟိုယူနန်အရပ်ဒေသတွင် အခြေချနေ ထိုင်ကြသော မြောက်မွန်- အန်နမ်တို့ သည် ခရစ်မပေါ်မီနှစ် (၂၀၀)ခန့်က မြောက်ဖက်ရှိ တရုတ်တို့နှင့် လည်းကောင်း၊ အရှေ့တောင်တုန်ကင်တို့နှင့်လည်းကောင်းရောင်းဝယ် ဖောက် ကား မှုရှိနေပြီဖြစ်သည်။ ခရစ်မပေါ်မီနှစ် (၁၀၀) ခန့်လောက်တွင် တိဗက်-မြန်မာ (TIRBTO-BURMAN)အနွယ်စုသည် သံလွင်မြစ်၊ မဲခေါင်နှင့် ယန်စီမြစ်အထက်အညာပိုင်းဒေသများမှ မြေနိမ့်အရပ်ဆီသို့ ပြောင်းရွှေ့ လာကြလေသည်။ ခရစ်(၁)ရာစုအတွင်းမှာ တိဗက်-မြန်မာအနွယ်ဝင် လူမျိုးတို့သည် မဲခေါင်-သံလွင်မြစ်နှစ်အကြား ရွှေလီမြစ်ညာဒေသ (ယခုနမ့်ခမ်း အရှေ့မြောက် ဒေသ) အထိတိုးဝင်အခြေချနေထိုင်လာကြသည်။ ထို့ကြောင့်ရှေးမွန်ခမာမျိုးနွယ် မြောက်ဘက် မွန်-အန်နမ်လူမျိုးစုများသည် မြန်မာပြည်အထက်ပိုင်းဒေသ၊ ရှမ်းပြည်၊ လာအို (လော)ဒေသများဆီသို့ရွှေ့ပြောင်းလာ ကြလေသည်။ ထိုအချိန်ကာလများတွင် ကရင်မျိုးနွယ်စုများက မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသမှ ထိုးထောက်ဝင်လာပြန်၍ ရှေးဝ၊ ပလောင်လူ မျိုးတို့သည် မြန်မာပြည်အထက်ပိုင်း ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ချင်းတွင်း- ဧရာဝတီမြစ်ကြောင်းအတိုင်းအရှ ဘက်မှ တောင်ပြုန်းဒေသ၊အောက်ပင်လယ်ဒေသ၊မတ္တရာ၊ ကျောက်ဆည်ဒေသ၊ ပျဉ်းမနားဒေသဆီသို့လည်းကောင်း၊ ဧရာဝတီမြစ် ကြောင်းအနောက်ဖက် ပခုက္ကူဒေသ၊ ရေစကြိုဒေသ၊ မင်းဘူးဒေသ၊ ပန်းတောင်း အရပ်ဒေသ အထိတိုင် ဆင်းသက်ပျံ့နှံ့ သွားကြလေသည်။ထို့နောက်ခေတ္တရာ(ပြည်)ဒေသထိ ရောက်ရှိပြီးနောက်မှ ၀င်လာသော ရှေး ပျူလူမျိုးများ နှင့်ရှိနေ ခဲ့ကြသည်။

မြန်မာမြေ၏ သဘာဝအလျောက်တည်ရှိမှုမှာ အနောက်ဘက်က ဧရာဝတီ၊ အလယ်ကြောကသံလွင်၊ အရှေ့ကြောမှာ မဲခေါင်ကြီး(သုံး)စင်းတို့၏ကြားတွင် ကုန်းပြင်မြင့်နှင့်တောင်ကြားချိုင့်ဝှမ်းကျယ်အဖြစ် တည်ရှိလျက်နေသည်။ ဗမာမျိုးနွယ် အုပ်စု၊ ရှမ်းမျိုးနွယ်အုပ်စု ၊ကချင်မျိုးနွယ် အုပ်စုတို့သည် ကရင်မျိုးနွယ်အုပ်စုများ တည်ရှိအခြေချရာအရပ်ဒေသအထိ ရောက်ရှိလာလေသည်။ ထို့ကြောင့်လွယ်လ(၀)မျိုးနွယ်အုပ်စုများသည် အရှေ့တစ်ကြောတောင်တန်း များပေါ်သို့ရောက်ရှိ သွားကြသည်။ ပလောင်မျိုးလွယ်အုပ်စုများတို့  တောင်တန်းခပ်နိမ့်နိမ့်အပိုင်းဒေသများတွင်ပြောင်းရွှေ့ အခြေချကြရသည်။ ပုဂံခေတ်၊ အင်းဝခေတ်ဦးကာလက ပလောင်လူမျိုးတို့သည် ယခုထက်လူဦးရေများပြားစွာ ရှိခဲ့သည်။ ယခုထက်လည်း နေရာဒေသ ကျယ်ပြန့် စွာနေထိုင်ကြသည်။

ခရစ် ၁၃၇၅-ခု ကာလတွင် ပလောင်တို့သည်တောင်ငူ မတည်မီပေါင်လောင်မြို့၌ ယာယီနန်းစိုက်ခဲ့ကြကြောင်း အဆိုရှိ သည်။ ပလောင်မျိုးနွယ်စုဝင် ရုမိုင်းပလောင်ရာဇ၀င်၌လည်း ဤတောင်ငူမတည်မီ တောင်ငူမြို့ အနီး၌ ယာယီနန်းစိုက် တည်ခဲ့ကြောင်းကိုဆိုထားသည်။ (သက္ကရာဇ် ၆၈၃-၇၃၇/စာရင်း၆၈၆/က ၁-၂) ပုဂံခေတ်က ပုဂံအောက်ဘက် ဧရာဝတီအနောက်ဘက် “မုနလွန် “၌ပလောင်(ပေါင်လောင်)လူမျိုးများကို သက်လူမျိုးတို့ နှင့် အခြေချနေထိုင်ကြကြောင်းဆိုထားသည်။ (ပုံ၃၈၄-က/၈၀၊ပုံ ၂၁၆/ဒ၂) ယခုတွင်ကာ ၎င်းအရပ်ဒေသတို့တွင် ပလောင်တို့ကို မတွေ့ရတော့ချေ။ ပုဂံခေတ်နှောင်းထိ ပခုက္ကူမြောက်ဘက်အရပ်တို့တွင် ပလောင်ရွာကြီးများရှိခဲ့ကြောင့်၊ အရည၀ါသီတောရ ကျောင်း၊ အရှင်မဟာကဿပအား ငယ်စဉ်ကတည်းက ကျွေးမွေးပြုစု စောင့်ရှောက်ထား၍ ပေါင်လောင်ရှင်ကဿပဟု အမည်တွင်ရကြောင်း၊ပေါင်လောင်ရှင်ကဿပ ပျံလွန်တော်မူပြီး ရုပ်ကလာပ်တော်ကို ပေါင်လောင်(ပလောင်)တို့က လာရောက်လုယူခဲ့ကြောင်းဆိုသည်။ (ပုံ၄၂၃၊၄၂၄၊၄၈၁)(ပုံ၃၆၉ က၊ခ) မင်းဘူး(၆)ခရိုင်ဒေသသည် ပလောင်၊ ၀ ဒေသဖြစ်ခဲ့ကြောင့် မင်းဘူးခရိုင်စကုနှင့် ခမ်တီ(ခန္တီ)နယ်တို့၌ပေါင်လောင် (ပလောင်) တို့၏ ဆည်မြောင်း၊ဆည်ရေသောက်လယ်များရှိကြောင့် ကျောက်စာတွင်ရှိသည်။ (ပုံ ၃၆၉က/ခ)နောက်ပိုင်းမှ ရေးထိုးသော ဗမာရာဇ၀င်တို့တွင် ကျောက်ဆည်၊ မင်းဘူးဆည်မြောင်းများကို ဗမာတို့ဆည် တည်ဆောက်ကြသည်ဟု ဆိုငြားလည်း ရှေးကျောက်စာတို့ မှာ ပလောင်၊၀ တို့ တည်ဆောက်ခဲ့ကြောင်းဆိုသည်။

(ပုံ၁၄၈-ခ၊၁၈၄၊၃၉၂) ကျောက်ဆည်အရှေ့ ဘက်ခြမ်းဒေသ သင်းတွယ်မြောင်း(သင်းတွယ်ဆည်)၀န်းကျင်တွင် ပလောင်၊၀ တို့၏ရွာကြီးများ ရှိခဲ့သည်။ ဗမာ့အနွယ်စုတို့ မ၀င်လာမီကတည်းကပေါင်လောင်(ပလောင်)၊၀ တို့နေခဲ့ကြပြီး ၎င်းဆည်ရေသောက် လယ်တို့ကို စတည်ခြင်းဖြစ်ကြောင်းဆိုသည်။ (ပုံ ၂၀/၂၊၃၆၈ ခ/၈၊၈/၆၊၇၊၃၆၉ က/၇ ၊၈ ၊၃၆၉ ခ/ ၇၊၄၀၁/၂၊၄၆၀/၃၊၅၃၂/၁၅) ပလောင်တို့ သည် စစ်ကိုင်းအထက်ပိုင်းဒေသ၊ ချင်းတွင်မြစ်ညာဒေသဖြစ်သည့် ဆင်ကလို၊ ခန္တီ)နှင့် ကဒူအရပ်အကြားတို့ ၌ နေခဲ့ကြောင်း တွေ့ ရသည်။ (တံတားဦး၊ငဲမောင်းကန်ရွာ ရန်အောင်မြင်ဘုရားအနောက်ကျောက်စာ စာ-၈ သက္ကရာဇ် ၇၆၂ (ခရစ် ၁၄၀၂) ဆိုရမည်မှာ ပလောင်တို့သည် မြန်မာမြေပြန့်ဒေသ အနှံ့ အပြားနေထိုင်ခဲ့ကြကြောင်းနှင့် မြန်မာမြေတောင်ပိုင်းအရပ်ဒေသရှိ မွန်၊ မွန်ခမာတို့ နှင့်လည်းဆက်သွယ်ကူးလူးဆက်ဆံမှုရှိကြကြောင်းတွေ့ ရှိသည်ဟုဆိုသည်။ ပလောင်တို့သည် ယူနန်တောင်ပိုင်း (တောင်ယူနန်) ရှမ်းပြည်မြောက်ပိုင်းနှင့် သံလွင်အနောက်ခြမ်းဒေသ၊တပိန်မြစ်နှင့် ရွှေလီမြစ်အကြားသေး၊ ရွှေလီမြစ်ဝှမ်းဒေသတစ်လျှောက်နှင့် ဧရာဝတီမြစ်ဝှမ်းဒေသ တစ်လျှောက်ခေတ္တရာပြည်အထိ၊ မြန်မာပြည် အလယ်ပိုင်းဒေသ နှင့် ချင်းတွင်းမြစ်ညာဒေသမှ ခန္တီဒေသထိ၊ ကျောက်ဆည်တောင်ပြုန်းနှင့် မတ္တရာဒေသတို ၌ပြန့် နှံစွာ အခြေချနေထိုင် ခဲ့ကြကြောင်း တွေ့ ရှိရပေသည်။

ဝ၊ပလောင်တို့၏၊ ရှေးဟောင်းမြို့ ပြနိုင်ငံတော်များ

ပလောင်တို့ သည် ၎င်းတို့ အခြေချနေထိုင်ရာဒေသများ၌ မြို့ ပြပြည်ရွာများ တည်ဆောက်ကြကာ တိုင်းကျေးပြည်ငယ်များ ထူထောင်လွှမ်းမိုးအုပ်စိုးခဲ့ကြသည်။ ဤသို့သောမြို့ပြပြည်ရွာများ ထူထောင်ကြရာတွင် သုဝဏ္ဏဘူမိ၊ ဟာရိပုဉ္စ၊ရှေး ဟေယာင်း လပ်ပူရီစသည့်မြို့ပြနိုင်ငံများကို မွန်၊၀၊ ပလောင်တို့က စုပေါင်းထူထောင်ခဲ့သောနိုင်ငံတော်ဖြစ်သည်။ ၀၊ပလောင်တို့သည် တပိန်းနှင့်ရွှေလီမြစ်ကျောင်းတို့မှ ဆင်းသက်လာကြပြီးရှေးဟောင်းတကောင်းကျေးပြည်ကို ဦးစွာထူထောင် ကြခြင်းဖြစ်သည်။ ပလောင်ရာဇ၀င်အဆိုတွင် ပလောင်၊၀တို့သည်တောင်ယူနန်တွင် တာလီကန်ဒေသနှင့် နဂါးအိုင်ကို အခြေပြု၍ ကောသမ္ဘီပြည် ကို အကြီးအကယ်ဆုံး တည်ဆောက်ခဲ့ပြီးအင်အားကြီးမား တောင့်တင်းသော နိုင်ငံတော်ဖြစ်ခဲ့သည်။ ခရစ်မပေါ်မီနှစ် ၄၅၀ လောက်မှာ တရုတ်အနွယ်စုတို့ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ၀၊ပလောင်တို့၏ကောသမ္ဘီရွှေပြည်မှာ ပြိုလဲကာ အင်အားချိနဲ့ ကျဆင်း သွားခဲ့ရသည်။ ၀၊ပလောင် တို့၏ ရှေးစောင်းကောသမ္ဘီရွှေပြည် လက်အောက်ခံ ပြည်နယ်ငယ်များ၊ ကျေးပြည်နယ်များနှင့် အနယ်အပယ်များစွာ ရှိလေရာ ပုရ်မံင်( မရမံ-အုပ်ချုပ်မင်း) ဖြင့် အုပ်ချုပ်ခဲ့ကြသည်။ ၀၊ ပလောင်တို့ထူးထောင်ခဲ့ကြသော ပြည်နယ်ငယ်များတို့မှာ ကောင်းစင်ဂန္ဓာလရာဇ်ပြည်၊ တကာင်ပုရ န္တပ္ပပြည်၊ ကျကောင်း ရာမ္မ၀တီပြည်(ယခု-ကျေကောင်)၊ သိည်ဝီရဌ (ယခု-သီန္နီ)သီရိပူရ (ယခု သီပေါ)၊နှင့် ဇယ်လန့် ၊မိုးညှင်း၊မိုးကောင်း၊အ၀ ၊ပေါက္က(ပုဂံ)ကျေးပြည်ငယ်တို့ ဖြစ်လေသည်။ ၀၊ပလောင်တို့ထူထောင်ခဲ့သောကောသမ္ဘီပြည်(ဘီစီ ၁၁၀၀-၄၅၀ခန့် )ပြိုလဲသွားရခြင်းသည် ၀အနွယ်စုနှင့် ပလောင်အနွယ်စု တို့လမ်းခွဲသွားကြရခြင်းဖြစ်ဟု ၀၊ပလောင်ရာဇ၀င်အဆိုတွင် ရှိလေသည်။ ပလောင်အနွယ်စုတို့သည် ကောသမ္ဘီပြည် ပြိုလဲ သွားပြီး ၀ အနွယ်စုနှင့် ပလောင်အနွယ်စုတို့ သည် ရှမ်းပြည်နှင့် မြန်မာမြေပြန့် ဒေသများသို့ ဆင်း သက်ကြကာပြန့် နှံသွား ကြသည်။ ပလောင်လူမျိုးတို့သည် မိသားစု(သို့) မျိုးနွယ်ဖွဲ့စည်းမှု ၊ပြန့် နှံ့ရာဒေသ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရာဓလေ့အစဉ်အလာ၊ ကိုးကွယ် ယုံကြည်မှု၊ ဘာသာတရား ၊ကျင့်ဝတ်တရား၊ ဘာသားစကား၊ ဘာသာစာပေ၊ ရိုးရာအဆင့်အလာပြောဆို မှတ်သားချက် ရိုးရာမင်္ဂလာအခမ်းအနား အဆိုအက အတီး အမှုတ်၊ ရိုးရာတူရိယာ၊ ရိုးရာလုပ်ငန်းခွင် ကိရိယာ တန်ဆာ၊အနုသုခုမ သဘင်ဂီတ၊ အသက်မွေးမှု၊ လူမှုဆက်ဆံရေးကျင့်ဝတ်၊ တရားစီရင်ထုံး၊ လူမှုရေး ကျင့်ဝတ်စသည့် ကဏ္ဍပေါင်းများစွာကို အမျိုးသားလူမျိုးစု လက္ခဏာအဖြစ်ထိန်းသိမ်းလာကြ၍သမိုင်းကြောင်းအပေါ်ရပ်တည်နိုင်ခဲ့ကြသည်။

တအာင်း၊လက်ဖက်နှင့် တောင်ပိုင်နယ်

ပလောင်တို့သည် ရှေးစဉ်ကပင် မိရိုးဖလာဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့ကြသည်။ လက်ဖက်လုပ်ငန်းဖြင် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ကြပြီးအစဉ်အလာမပျက်ရိုး ရာဓလေ့ထုံထမ်းများနှင့် ယဉ်ကျေးမှုအစဉ်အလာတို့ကို စောင့်ထိန်း ကြလျက်ရှိသည်။ ပလောင်တို့သည်ရှေးအခါက လွယ်လုံ(၀ါ)တောင်ပိုင်ပြည်ကို ထူထောင်ခဲ့ကြပြီး ပရမံ(ပူရ်မံင်)ပြည့်ရှင်မင်း အုပ်ချုပ်မှုအစဉ် အလာကို ထူထောင်ကျင့်သုံးလာခဲ့ကြသည်။ လွယ်လုံပြည့်ရှင်မင်း(၀ါ) တောင်ပိုင်ပြည့်ရှင် မင်းရွှေနန်းရှင် ရာမဓိမင်းလက်ထက်တော်တွင် မင်းကြီးကိုယ်တိုင် ယောနကတိုင်း (ယူနန်ပြည်) သို့ခရီးကြွချီတော်မူပြီးဗုဒ္ဓဒေသနာတော်နှင့်အတူ ပြည်သူပြည်သားများ လုပ်ကိုင်စားသုံးနိုင်ရန် နတ်သစ် စေ့(နိလဗီဇ)လက်ဖက်စေ့များကို ယူဆောင်လာခဲ့လေသည်။ မင်းကြီးသည် တောင်ပိုင်ပြည်သို့ ပြန်ရောက်ရှိတော်မူသော အခါ မိမိ၏အမျိုးအနွယ်ဖြစ်ကြကုန်သော ပလောင်တို့အား လက်ဖက်မျိုးစေ့ကိုပေးသနားတော်မူကာ အသက်မွေးဝမ်း ကြောင်းပြုကြရန် စိုက်ပျိုးလုပ်ကိုင်စေပြီး၊ သက်ဝင်ယုံကြည်စွာကိုးကွယ်နိုင်ကြရန်ဗုဒ္ဓဒေသနာတော်ကိုချမှတ်ပေးခဲ့၏။

ဤတွင် တောင်ပိုင်ပြည်၌ ဗုဒ္ဓဘာသာလည်း စည်ပင်ထွန်းကားလာသကဲ့သို့ လက်ဖက်လုပ်ငန်းများဖြင့် ပလောင်တို့မှာ ကြွယ်ဝချမ်းသာ လာကြလေသည်။ တောင်ပိုင်ပြည့်ရှင် ရာမဓိမင်းက “ငါတို့လူမျိုးသည် ဗုဒ္ဓဘာသာကို အဦးအမွန် ပြုကြ ရသည့် လူမျိုးဖြစ်ရလေရကား လက်ဖက်ဖြင့်ကြွယ်ဝချမ်းသာကြရလေသည်။ဟူ၍ ဥဒါန်း ကျူးရစ်ပြဋ္ဋိတ်တော်ပြုပေး တော်မူသည်ဟု အစဉ်အလာယုံကြည်မှုရှိကြလေသည်။ တောင်ပိုင်ပြည့်ရှင် မင်းရာမဓိမင်းသည် မိမိတို့ပလောင်တို့အား ကျေးဇူးတော်ပြုခဲ့သည်ဟူသော အစဉ်အလာ ယုံကြည်မှုရှိလာ၍ ယနေ့တိုင် “ယမဓိ စံဝ်ကေစူ ယမဓိ ရာမဓိမင်း၊ စံဝ်ပေစူ ကျေးဇူးတော်ရှင်ဟူ၍ အစည်အလာ ပြောဆို လေ့ရှိကြလေသည်။ ပလောင်တို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပြီး စေတနာသဒ္ဒါတရားဖြူစင်ပြည့်ဝကြည်၍ “တစ်မူးရလို့ တစ်ပဲလှူ တို့ပလောင်တောင်သူ တူနိုင်ရိုးလား “ဟူ၍ပြောစမှတ်ပြုကြလေသည်။ သို့ ဖြစ်၍ ပလောင်နှင့်လက်ဖက်၊ လက်ဖက်နှင့် ပလောင်ကို ယှဉ်တွဲသိရှိ အသိအမှတ်ပြုကြသည်။လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နေစေ (လက်ဖက် ကောင်းစားလိုလျှင် ပလောင်တောင်တက်နေပါ။) ဟူ၍ ပလောင်တောင် လက်ဖက်ကို ချီးမွမ်းလေ့ရှိသကဲ့သို့ နေရာဒေသ အချိန်အခါနှင့် ဇွဲ့ လုံ့ လ၀ိရိယ အရေးပါပုံကို ခိုင်းနှိုင်းပြောဆို ထားသည့်အဆိုစကားပုံရှိလေသည်။

ယနေ့ကမ္ဘာတခုလုံး စွဲလမ်းနှစ်သက်ကြသည့် လက်ဖက်ကို စတင်စိုက်ပျိုးသူများမှာ တရုတ်-မြန်မာနယ်စပ် ပလောင်များပင် ဖြစ်ကြပြီးမြောက်ပိုင်း မွန်-ခမာများလည်းပါဝင်မည်ဟု ယူဆရကြောင်း သမိုင်းပညာရှင်တိုက ဆိုကြပါသည်။ ပလောင်တို့ နေထိုင်ရာဒေသကြီးကို တရုတ်တို့က “ချရှန် “ (CH’A-SHANG) “လက်ဖက်တောင် ဟုခေါ်ကြ သည်။ အနောက်နိုင်ငံနှင့် အာရပ်တို့ကတရုတ်ပြည်နှင့် တရုတ်လူမျိုးအကြောင်းကို ခရစ်(၈၁၅)ခုကပင် ဖော်ပြရာမှာ တရုတ်- မြန်မာဒေသ၌ ထွက်ရှိသည့် လက်ဖက်အကြောင်းများကိုပါ စတင်ဖော်ပြရေးသားခဲ့ကြသည်။ ခရစ်(၈၆၃)ခုနှစ်က ရေးခဲ့သည်။ မန်ရှုကျမ်းတွင်-လက်ဖက်ကို ယင်ရှန်(TIN-SHENG)နှင့် မန်ဆည်(MENG_SHE)နယ် တာလီအိုင်ဝန်း ကျင်ဒေသများတွင် စိုက်ပျိုးကြောင်းကိုဖော်ပြထားခဲ့သည်။ ချရှန်(CH’A-SHAN)လက်ဖက်တောင်ကို ယခုဘယ်အရပ်တွင်ရှိပါသလဲ ဟုမေးမြန်း ပါက နမ့်မောဝ်(ခေါ်)ရွှေဘလီမြစ်၏ တောင်ဘက်ဆီသို့ကချင်မျိုးနွယ်စုများ ၀င်ရောက်လာ၍ပလောင်တို ရှောင်တိမ်းသွား သည့်နေရာဖြစ်သော (နမ့်ဆန်) တောင်ပိုင်နယ်(ရှမ်းပြည်)ဟုဆိုကြရပေမည်။ချရှန်(ခေါ်)လက်ဖက်တော်ဟူသည့်အမည်ကို မင်ခေတ်(ခရစ် ၁၃၆၈-၁၆၆၂) က ခေါ်ဝေါ်သုံးနှုန်းသည်ဟုဆိုသည်။

ပလောင်တို့သည်ရောက်ရှိနေထိုင်သည့်အရပ်သည် ဘေးရန်ရှာင်တိမ်းရင်းတောင်ဖက်သွှိုရွှေပြောင်းသွားကြရာမှ ရှမ်းပြည် နယ် သို့ရောက်ရှိလာရပြီး ပလောင်တို စိုက်ပျိုးသည့် လက်ဖက်စိုက်ခင်းများ ကိုလည်းရှေး ယခင်က ခေါ်ဝေါ်ခဲ့ သည့်အတိုင် ဆက်လက်ကာလက်ဖက်တောင်ဟု တရုတ်တို့ က ခေါ်ဆိုရခြင်းဖြစ်ကြောင်းဆိုပါသည်။ ပလောင်တို့သည် မြေပြန့်ဒေသ များ၌ လည်းကောင်း၊ တောင်ပေါ်ကုန်းမြင့်ဒေသများ၌ လည်းကောင်း ၀င်ရောက်လာသည့် လူမျိုးစုတို့၏ရန်ကို ရှောင်တိန်း လို၍ အခြားနယ်မြေဒေသများသို့ ရွေ့ပြောင်းသွားလေ့ရှိသည်ကို တွေ့ရှိရသည်။ ပလောင် တို့သည် တိုက်ခိုက်ရေး ညံ့၍ မဟုတ်ကြေင်း၊ စုပေါင်းတော်လှန်ဖို့၊ စုပေါင်းလက်တွဲတွန်းလှန်ဖို့ အလေ့အလာမရှိကြ၍ဖြစ်ကြောင်း၊ သမိုးပညာရှင်များ လေ့လာဖော်ထုတ်တွေ့ ရှိရခြင်းဖြစ်သည်။ 

 

 

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links