You are here: Home တအာင်း တအာင်းအကြောင်း နန်းတတ်ခဲ့သည့် တအာင်းစော်ဘွားများ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

တပ်မ ၃၃ မှ ဒေသခံ တစ်ဦး ရိုက်နှက် ပစ်ခက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ

၂၀၁၇ခုနှစ် မတ်လ ၂၃ရက်နေ့ မွန်လွှဲ ၂နာရီခွဲ ၀န်းကျင်တွင် ရိုက်နှက် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆာလူ့ကျေးရွာအုပ်စု ကြူဆိုင်းကျေးရွာနေ ဦးစိုးမြင့် အသက် ၅၅နှစ်သည် ရာဘာခြံမှာ အလုပ်လုပ်နေစဉ် တပ်မ ၃၃ မှ လာရောက်ပြီး ရိုက်နှက် ပစ်ခတ်ခဲ့ကြောင့် ပြင်...

ကွတ်ခိုင်အခြေစိုက် မြန်မာ့တပ်မတော် ပစ်ခက်မှုကြောင့် ရွာတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး လူနှစ်ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မတ်လ ၁၄ ရက် နံနက် ၈ နာရီ ၀န်းကျင် အချိန်တွင်  ကွတ်ခိုင်မြို့ အခြေစိုက် မြန်မာ့တပ်မတော် အမှတ် (၅) ဗျူဟာမှ ပစ်ခက်မှုကြောင့် နမ့်ခုမ်းရွာတွင် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲပြီး ရွာသား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင့် နှင့် အိမ်ေ...

ကောင်းခါဌာနေပြည်သူ့စစ် (KDA)က ခိုလုံရွာမှ ပြည်သူ (၃၀)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွား

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာတွင် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ရက်၊ ညနေပိုင်း  အချိန်တွင် ကောင်းခါးဌာနေပြည်သူ့စစ်(KDA) အဖွဲ့မှ ဒေသခံပြည်သူ တအာင်းလူမျိုး(၂၅)ဦး နှင့် လမ်းလုပ်သားဗမာလူမျိုး (၅)ဦ...

တပ်မ ၈၈ မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ရိုက်နှက်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် မွန်းလွဲ ၁၁း၀၀ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာမှာ ရောက်ရှိနေတဲ့ မြန့်မာတပ်မတော် တပ်မ ၈၈ က အသက် (၄၅) နှစ်ကျော် ဟိုမိန်းရွာသား ကွန်မောင်ကျော်ကို သေနတ်ဖြင့် ရိုက်နှက...

သိန္နီမြို့၊ အထ (၂) ၆၉ တပ်ကျောင်းမှာ အသက် ၅ နှစ် ကျောင်းသူတစ်ဦး သားမယား ပြုကျင့်ခံရ

၂၀၁၇ ခုနှစ်၊ ဇန္န၀ါရီလ (၃၁) ရက် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက် မွန်းလွဲပိုင်း ၁း၀၀ နာရီ အချိန်တွင် သိန္နီမြို့၊ အထ (၂)၆၉ တပ်ကျောင်း မှ ကျောင်းစောင့် ဦးဝင်းညွန့်က ကောင်းလက်ကျေးရွာအုပ်စု၊ ကောင်းလောက်စောက် ကျေးရွာနေ  အသက် ၅ နှစ်အရွယ် လွေး….. ကို မုန့်န...

နန်းတတ်ခဲ့သည့် တအာင်းစော်ဘွားများ

တအာင်းလူမျိုးတို့သည် အဦးအစ၌ အိန္ဒိယပြည်မြောက်ပိုင်း မစ္ဖျိမဒေသ ကသမ္မရတိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေများပြားလာသောအခါ အုပ်စုလိုက်ဖွဲ့ကာ ရေကြည်ရာမြက်နုရာသို့ လိုက်လံရှာဖွေ၍ မွန်ဂိုကုန်မြင့်ဒေသမှတဆင့် တရုတ်ပြည်ယူနန်နယ်ရှိ မှိုင်မောဝ်ခေါ် (ရွှေသွားနိုင်ငံ) သို့ရောက်ရှိနေထိုင်ကြသည်၊ ရှေးက တန်မင်းဆက် ဘီစီ (၆၁၈-၉၀၇) လက်ထက်တွင် ရွှေလီမြစ်ဝှမ်းဒေသကို (ချင်ချီ) (သို့) ရွှေသွားနိုင်ငံ (သို့)မဟုတ် မှိုင်မောဝ်ဒေသ ဟုခေါ်ဆိုစမှတ်ပြုခဲ့ကြသည်။

ယခုသျှမ်းအခေါ် ယုန်ချန် ခေါ် ခိုင်နန်အရပ်များတွင် နေထိုင်ကြသူများသည် လှပတင့် တယ်ရန် အလို့ငှာ ရွှေပြားကို သွားတွင်တပ်ဆင့်လေ့ရှိသူများ နေထိုင်ခဲ့ခြင်းဖြစ်သည်။ သွားတွင်ရွှေသွားတပ်ဆင်ပြီးမှသာ ဧည့်ပရိတ်သတ်များကို ကြိုဆိုဧည့်ခံလေ့ရှိသည်။ ထိုအလေ့ အထရှိ သူများကို မူလအားဖြင့် သြစထရစ်ဘာသာစကားပြောသူများက (ပေါ်လောင်) ခေါ် ပလောင် (ရိအာင်း) ၀တို့၏ အနွယ်အဆက်များဟု ခေါ်ခဲ့ကြသည်။

ရှေ့က မှိုင်မောဝ်မြို့ဟောင်းနေရာတွင် နောင်ဆာင်၊ နောင်ခံမ်၊ နောင်ငိုင်၊ နောင်ပေက်ဟူ သည့်နန်းတော်များရှိခဲ့ရာ ၄င်းနောင်ဆာင်တွင် စစ်ဝု၀်ဘုရင်ထီးနန်းစံမြန်းခဲ့၏။ ထိုနောင်ဆောင်သည် ရွေလီမြစ်ကမ်းနဘေးတွင်တည်ရှိသည်။ အချို့သော နန်းတိုင်များကို ကျောက်တိုင်ဖြင့် စိုက်ထူထားသည်ဟုသိရှိရသည်။ ထိုနေရာကို ရှေးအခါက ကျယ်ကောင်ဟုလည်းခေါ်ဆိုကြသည်။ ရွှေလီမြစ်သည် ကျောက်တိုင်နန်းတော်ဟောင်း၏ နေရာအောက်အနားမှ ဖြတ်သန်းစီးဆင်းလာသဖြင့် ထိုမြစ်ကိုတအာင်းပလောင်ဘာသာဖြင့် အိုမ်တမောဝ် ဟုခေါ်ဆိုကြသည်။

လူအင်အားပေါင်း လေးထောင်ကျော်ခန့်ရှိသော တအာင်းလူမျိုးနွယ်တို့သည် အိန္ဒိယပြည် မြောက်ပိုင်းမစ္ဇျိမဒေသ ကသမ္မီရတိုင်းမှ တရုတ်ပြည်အလယ်ပိုင်းအရပ်ဒေသသို့ ရေကြည်ရာ မြက်နုရာလိုက်၍ပြောင်းရွေ့နေထိုင်ကြရာမှ တရုတ်ပြည်တောင်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပူတာအိုအကြားတွင်ရှိသော ရှေ့ကနမ့်ဆန်မြို့ဟောင်းဟု ခေါ်ဆိုသမုတ်ကြသည့် အရပ်ဒေသတွင် ရောက်နေထိုင်ခဲ့ကြသည်။ ထိုတအာင်းလူမျိုးတို့ကို အုပ်ချုပ်သော စော်ဘွားကြီး၏အမည်မှာ ခူန်ကောဖြစ်သည်။ ခူန်ကောသည် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံ၍ သတိရှိခြင်း၊ တောရိုင်းတိရိစ္ဆာန်များ၏ရန်ကို ကာကွယ်ပေးနိုင်သော လေး၊မြှားပစ်သည့် အတတ်ပညာကို လည်းကျွမ်းကျင်တတ်မြောက်ခြင်း၊ တအာင်းရိုးရာ သိုင်းပညာကိုလည်း တတ်မြောက်ခြင်းကြောင့် လူထုအပေါင်းကကြည်ညိုလေးစားကြသည်။ စော်ဘွားကြီးခူန်သောသည် မိမိ၏ပိုင်နက်ပယ်အတွင်းတွင် အခြွေအရံမပါဘဲ တစ်ဦးတည်း မြင်းစီးတောကစားထွက်တော်မှုလေ့ရှိသည်။

ထိုအချိန်၌ တရုတ်ပြည်ယူနန်နယ်ကို အုပ်ချုပ်ခဲ့သော စစ်ဝုင်ဘုရင်တွင်အလွန်လှပတင့်တယ် သိမ်မွေ့သော အီထိကညာအမည်ရှိ သမီးတော်တစ်ပါးရှိလေသည်။ တရုတ်ဘုရင်စစ်ဝုင်သည် စေတီတော်ဘွာကြီးခူန်ကောကို ခူန်ကောနောဝံင်ဟူသော ဘွဲ့ကိုပေးအပ်ပြီးသမီးတော်နှင့် ထိမ်းမြားပေးအပ်ခဲ့သည်၊ စော်ဘွားကြီးခူန်ကောသည် ဘိသက်မင်္ဂလာခံယူပြီးနောက် မိမိနေရပ်ဒေသဘက်တို့ အီထိကညာကို တစ်ပါးခေါ်ဆောင်ခဲ့လေသည်။ ကာလအတန်ကြာသောအခါ သားတော်အကြီးအအာည့်၊ ဒုတိယသားတော်အညီ၊ တတိယသားတော်အဆာမ်၊ စတုတ္ထသားတော် အယာည်ဟူသော သားတော်လေးပါး ထွန်းကားခဲ့သည်။


ထို့နောက် ထိုအရပ်ဒေသတွင် သဘာသရာသီဥတုဖောက်ပြန်၍ လူတို့သည် အနာရောဂါကျရောက်သောကြောင့် အသေအပျောက်များခဲ့ကြသည်။ ထိုအချိန်တွင် စော်ဘွားကြီးခူန်ကောနော်ဝံင်သည်လည်း  ရုတ်တရက် နတ်ရွာစံသွားခဲ့သည်။ ထိုနောက် ပြည်သူပြည်သားတို့သည် အသေအပျောက်များသဖြင့် ထိုအရပ်ဒေသတွင် ဆက်လက်မနေလိုကြသောကြောင့် လူဦးရေ၄၀၀၀ကျော်ရှိသော ပြည်သူပြည်သားတို့သည် ညှိနှိုင်းတိုင်ပင်ကြပြီး အခြားအရပ်ဒေသတို့သွား၍ မြို့သစ်တည်ထောင်ရန် စီစဉ်ရှိသည်။ ၄င်းနောက် တရုတ်ပြည်ရှိ မြို့ဟောင်းကိုစွန့်လွတ်၍ မြန်မာနိုင်ငံမြောက်ပိုင်းအရပ်ဒေသို့ ထွက်ခွာခဲ့ကြသည်။ ထိုမှတဆင့်ခရီးဆက်လက်၍ သွားကြရာ လေါည်မူင်မိုင် ယခုအခေါ် သံခမောက်တောင်သို့ ရောက်ခဲ့ကြသည်။

မင်းသားလေးပါးနှင့်အတူတူ အင်အားလေးထောင်ကျော်ရှိသော အခြွေအရံတို့သည် လေါည်မူင် မိုင်ခေါ်သံခမောက် တောင်အရပ်သို့ ရောက်ကြသောအခါ နေရာရွေးပြီး ခေတ္တစခန်းအနားယူကြ၏။ သုံးလမျှကြာပြီးနောက် မင်းသားလေးတို့မြို့ သစ်နန်းသစ်တည်ရန် လောည်မူင်မိုင်တောင်ထိပ်သို့ တက်ကြီးပြီး မိမိကြိုက်နှစ်သက်ရာ ဒေသကို ရွေးချယ်ကြသည်။ အသက်ကြီးသူအား ရိုသေလေးစားသောအားဖြင့် ကြီးစဉ်ငယ်လိုက်ရွေးချယ်စရာ အကိုကြီး အအာည့်က အရှေ့အရပ်မိုင်ယဉ်နောင်တွင် သန္နီသို့ ပြောင်းရွှေ့နန်းစိုက်ခဲ့သည်။ အညီကအနောက်အရပ်ရှိ မှိုင်ကွာင်ကျယ်ကောင်ဒေသသို့ သော်လည်းကောင်း၊ အဆာမ်ကတောင်အရပ်ရှိ လောည်လိုင် ယခုနမ့်ဆန်သို့ သော်လည်းကောင်း၊ အယာည်က အနောက်မြောက်ဒေသ သို့သော် လည်းကောင်းအသီးသီး ရွေးချယ်လိုက်သည်။

တအာင်းတို့သည် လောည်မူင်မှမှိုင်ယဉ်ကိုလည်းကောင်း၊ မှိုင်ယဉ်မှတဆင့် သိန္နီဒေသသို့ရောက်လာသည်။ ထိုမြို့ကို ရှမ်းဘာသာဖြင့်ဆဲန်ဝီဟု ခေါ်ကြသည်။ သို့ဖြစ်ပါ၍ (ဆဲန်ဝီတဲဝံန်းပှိုက်မိုင်ဆိုက်ပအံမ်ယစ်လည်း) ဟု၍ ဆိုရိုးစကားရှိကြသည်။ အညီတို့သည် လောည်မုင်မှိုင်မှ နောက်ဘက်ဒေသဘက်သို့ ထွက်ခွါကြရာတွင် ရမ၀တီလေါည်ဟာင်းစါင်သို့ ရောက်ကြပြီး တောင်ကညာနေရာတွင်မြို့သစ်တည်ထောင်လေသည်။ ထိုမြို့ကို မှိုင်ကွာင်ဟု ခေါ်ကြသည်။ မှိုင်ကွာင်ဝဲ၀ံန်ယိ မိုင်လိ ခူန်မပ်ဝါင်ဟူ၍ဖြစ်သည်။

စော်ဘွားကြီးလေါည်ဆဲ လက်ထက်တွင် အေဒီ၁၂၇၂ခုနစ်၌ မွန်ဂိုတို့၌ အညံ့ခံသဖြင့် မြန်မာဘုရင်မှ ၀၊တအာင်းပလောင်ဒေသများသို့ လာရောက်တိုက်ခိုက်၍ ခေါင်းဆောင်အချို့ကို ဖမ်းယူခဲ့သည်။ ယင်းကိုပီကင်းရှိ ဘုရင်သိရှိအောင်အစီရင်ခံရသည်။ ခရစ်၁၂၇၃ မတ်လ ၃ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရုတ်သံ ၃ဦးကို စေလွတ်ခဲ့သည်။ မြန်မာဘုရင်က ဖမ်းဆီးမိသော ခေါင်းဆောင်များနှင့် တရုတ်သံကိုကွပ်မျက်လိုက်ပြီး ရွှေ့သွားနိုင်ငံသို့ ၁၂၇၇ခုနစ် ဧပြီလအတွင်း၌ ချီတက်တိုက်ခိုက် ခဲ့ပါသည် ၊ မြန်မာတပ်နှင့် ဘာလီတပ်တို့ မြစ်ငယ်တစ်ခုကမ်းပါး၌ဆုံမိ၍ မြန်မာတို့အရေးနိမ့်ခဲ့သည်။ မွန်ဂိုလ်လည်း ၁၂၈၁ခုစက်တင်ဘာလအတွင်း လာရောက်တိုက်ခိုက်ပါတော့သည်။ ဗန်းမော်၏ တစ်ဖက်ခြမ်းတွင်ဖြစ်ပွားသော ဆောင်ချမ်းတိုက်ပွဲ တွင် မြန်မာတို့ ၁၂၈၅၌ အညံ့ခံခဲ့ရသည်။

သျှင်ဒိသာပြမုတ်သည် ပီကင်းအထိသွား၍ မွန်ဂိုဧကရာဇ်တို့နှင့် စစ်ပြေငြိမ်းရေးစကား ဆိုခဲ့သည်၊ သျှင်ဒိသာပြမုတ်ကမိမိတို့ နိုင်ငံမှတရုတ်စစ်သားတို့ကို ရုပ်မှသာလျှင်နိုင်ငံကို ပြန်လည်ထူထောင်၍ ကောက်ပင်များစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်ဖွံ့ဖြိုးသာယာလာနိုင်မည်ဖြစ်ကြောင်း။  ထို့ကြောင့်တရုတ်စစ်သားများကို ရုပ်သိမ်းပေးစေလိုကြောင်း ဧကရာဇ်အားဟောပြော၍ အောင်မြင်ခဲ့ကြောင်းကို မှတ်တမ်းစာရေးသားခဲ့သည်။ ၄င်းနောက်တွင်မွန်ဂိုနှင့် မြန်မာစစ်ပြေငြိမ်းလေတော့သည်။ ထိုအချိန်တွင် စော်ဘွားကြီးလေါည်ဆဲင်၏ သားတော်ဖြစ်သူ လေါည်တိင်က တောင်ပိုင်နယ်ခေါ်(လေါည်လိုင်)ကို ဆက်လက်အုပ်ချုပ်ထီးနန်းစိုးစံခဲ့သည်။ လေါည်တိင်လက်ထက်မှစ၍ စော်ဘွားမင်းဆက်ပေါင်း ၉၇ဆက် ရှိသည်ဟုဆိုကြသည်။

စော်ဘွားကြီး (စပ်ကောဖ) နတ်ရွာစံပြီး သားတော်နှစ်ပါးဖြစ်သည့် စ၀်စါမ်ဖနှင့် စ၀်ဂါမ်ဖ မင်းသားညီနောင်နှစ်ပါးက ဆက်လက်၍ အုပ်ချုပ်ခဲ့သည်။ အင်းဝဘုရင်အား အခွန်တော်မဆက်သဖြင့် စစ်ဖြစ်ပွားခဲ့ရသည်။ ခရစ်(၁၄၀၀-၁၃၄၃)တွင် အင်းဝဘုရင်က ကျယ်ကောင်မိုင်ကွာင်ကို စစ်အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ညီနောင်နှစ်ပါးတို့သည် မိုးမိတ်ဘက်သို့ ထွက်ပြေးတိမ်ရှောင်ခဲ့ကြသည်။ စ၀်စါမ်ဖသည် ထိုအရပ်တွင် သံလျက်ကိုကိုင်ကာ အဓိဌာန်ပြု၍ နန်းသစ်မြို့သစ်ကို တည်ထောင်လေသည်။ ထိုမြို့ကို (မိုင်မိတ်)ဟုခေါ်တွင်ခဲ့သည်။ ယခုအခါမိုးမိတ်ဟုခေါ်သည်။ ညီတော်စပ်ဂါမ်ဖက မြစ်ကမ်းနံဘေးရှိ မြေပြန့်တစ်နေရာတွင် မောင်းမြုပ်မုပ်၍ အဓိဌာန်ပြုကာ မြို့သစ်နန်းသစ်တည်လေသည်။ ထိုမြို့ကို နမ့်မောင်းခေါ်ခဲ့သည်။ စော်ဘွားကြီးစ၀်ဂါမ်ဖ၏ တူတော်ရာ နယ်ပယ်ဒေသကို တောင်ပိုင်နယ်ဟုသတ်မှတ်ကာ စ၀်နော်ဖသည်လည်း မြစ်ကမ်းနဘေးရှိ မြေပြန့်နေရာတွင်မြို့သစ်နန်းသစ်တည်လေသည်။ ထို့မြို့ကို နမ့်တရွေ့မြစ်အနီးတည်ထားသောကြောင့် နမ့်တရွေးမြို့ဟုခေါ်သည်။ နမ့်တရွေးအရပ်ဒေသသည် မိုးမိတ်မြို့အနီးတွင်ရှိသည်။ အချို့က မိုးကုတ်ဒေသသို့ ထွက်ခွါသွားကြသည်။ အချို့က တရုတ်ပြည်ဘက်သို့ထွက်ပြေးကြလေသည်။ စစ်ပြေငြိမ်းသောအခါ အချို့က ကျယ်ကောင်မိုင်ကောင်ကို ပြန်လာကြ၍ နေထိုင်ခဲ့ကြသည် သာသနာဘောင်လည်း ပြန်လည်ထွန်းကားလာခဲ့သည်။ သို့သော်မကြာမီ ဂျိန်းဖောဒေသမှ ကချင်အနွယ်ဝင်တို့က အင်းအားအလုံးအရင်းနှင့် ၀င်ရောက်တိုက်ခိုက်ကြသဖြင့် ဒုတိယအကြိမ်မြို့ ပျက်သုဉ်းခဲ့ရပြန်သည်။

စော်ဘွားကြီး အဆာမ်သည် လူအင်အားတစ်ထောင်ကျော်ရှိ အခြွေအရံများနှင့် တကွမယ်တော်အီထိကညာကိုပါ ခေါ်ဆောင်လာခဲ့သည်။ တောင်ဘက်လေါည်လိုင်ဒေသတို့ ခရီးဆက်လက်ထွက်ခွါလာရာ ဘုရားကြီးကုန်းလေါည်ကိုန်ဆာမ်သို့ ရောက်ရှိခဲ့သည်။ အနားသူနေစဉ်အတိတ်နမိတ်ကောင်းများတွေ့ရှိ၍ ထိုနေရာတွင် မြို့သစ်တည်ခဲ့လေသည်။ နောက်ပိုင်းတွင် လူဦးရေများလာသောအခါ ရွာပေါင်း၂၈ တိုးချဲ့၍နေထိုင်ခဲ့ကြလေသည်။ ထင်ရှားသောရွာအချို့မှာ စယ်တုန်ဟုန်၊ စယ်ပါင်ကောက်၊ စယ်တို၊ စယ်နိုယ်၊ ဇာံင်အိုမ်၊ ဂါင်ဟိုရ်၊ ကန်တုံင်၊ ပါင်တိုင်လှည့်၊ ငွက်ကရံမ်၊ ကံန်ဒုင်ဘြီ၊ ပါင်မောန်၊ ခွန်ဒေါင်၊ ပ္လာမိုင်၊ ကျောက်တော်စသည်တို့ဖြစ်သည်။

တအာင်းလူမျိုးတို့ စော်ဘွားကြီးများလက်ထက်တွင် တအာင်းလူမျိုး လူဦးရေများပြားလာသောအခါ မြို့ရွာနယ်နမိတ်တိုးချဲ့နေထိုင်ခဲ့ကြသည်။ ကောဇာသက္ကရာဇ် ၁၂၂၇ခုနှစ် နတ်နော်လကွယ် သောကြာနေ့တွင် စော်ဘွားကြီး ခူန်ခမ်အွမ်ခေါ် ခူန်ကျိန်လက်ထက်တွင် ဘုရားကြီး ခူန်ခွမ်အွခေါ်ခူန် ကျိန်လက်ထက်တွင် ဘုရားကြီးရွာမှ ယခုလက်ရှိနမ့်ဆန်မြို့ သို့ပြောင်းရွှေ့၍ မြို့သစ်နန်းသစ်တည်ထောင်ခဲ့သည်။

နမ့်ဆန်မြို့ ရှမ်းဘာသာဖြင့် နမ့်ကိုရေ၊ ဆန် တုန်လှုပ်ဟု အဓိပ္ပါယ်ဖြင့် နမ့်ဆန်ဟုခေါ်ခဲ့သည်။ ပလောင်ဘာသာဖြင့် အိုမ်ကိုရေ၊ ယိုရ်ကို တုန်လှုပ်သည်ဟူ၍ အိုမ်ယိုရ်ဟုလည်းကောင်း ခေါ်ဆိုခဲ့သည်။ နမ့်ဆန်မြို့ကို အခြေပြု၍ ပလောင်လူမျိုးတို့ နေထိုင်ရာနယ်ပယ်ဒေသကို တောင်ပိုင်နယ်ဟု သတ်မှတ်ကာ တောင်ပိုင်စော်ဘွားအဆက်ဆက်ဖြင့် အုပ်ချုပ်ခဲ့လေသည်။

ခရစ်သက္ကရာဇ် ၁၈၈၅ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးတွင် မြန်မာနိုင်ငံတ၀ှမ်းလုံး အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့သည်။ ကိုလိုနီစနစ်တွင် မြန်မာနိုင်ငံကိုတိုင်းမင်းကြီး၊ အရေးပိုင်၊ နယ်ပိုင်၊ ၀န်ထောက်အဆင့်ဆင့်ဖြင့် အုပ်ချုပ်ခဲ့ကြသည်။

ရှမ်းပြည်နယ်သည် ကျယ်ဝန်းသဖြင့် မြို့နယ်ပေါင်း၃၃ မြို့နယ်ရှိပြီးစော်ဘွားကြီးများလည်း ၃၃စော်ဘွားဖြင့် အသီးသီးရှိခဲ့ကြသည်။ မြို့နယ်တစ်မြို့နယ်တွင် နယ်ပိုင်ဝန်ထောင်တစ်ဦးကျစီခန့်ထားကြသဖြင့် နယ်ပိုင်ဝန်ထောက်တို့မှာ စော်ဘွားကြီးများအပေါ် ကြီးကြပ်ကွပ်ကဲအုပ်ချုပ်ခဲ့သည်။ ကိုလိုနီလက်ထက်တွင် တောင်ပိုင်နယ်စော်ဘွားကြီးများမှာ စ၀်ခွန်ခမ်းမိန်း၊ စ၀်ခွန်ဆာင်အွမ်နှင့် စ၀်ခွန်ပန်းစိန်တို့ဖြစ်ကြသည်။ ထိုစဉ်ကအရေးပိုင်မင်းမှ တောင်ပိုင်းစော်ဘွားကြီး စ၀်ခွန်ပန်းစိန်အား မဟာသရေစည်သူဘွဲ့ကိုချီးမြှင့်ခဲ့သည်။

တောင်ပိုင်စော်ဘွားကြီးများလက်အောက်တွင် အမတ်ချုပ်တစ်ဦး၊ တရားသူကြီးအမတ်တစ်ဦး၊ အခွန်တော်အမတ်တစ်ဦး၊ ငွေတိုက်အမတ်တစ်ဦး၊ နယ်လှည့်အမတ်တစ်ဦး၊ ပုလိပ်အုပ်ချုပ်သူ ရာဇ၀တ်အုပ်အမတ်တစ်ဦး စသည့်တို့ဖြင့် အသီးသီးခန့်အပ်ထားသည်။ အဆိုပါအမတ်များ၏ လက်အောက်တွင် ရုံးလုပ်ငန်းစာရေးစာချီအစရှိသော ရုံးဝန်ထမ်းများဖြင့် စီမံအုပ်ချုပ်ခဲ့ကြသည် တောင်ပိုင်စော်ဘွားကြီး လက်အောက်တွင် တိုက်နယ်များလည်းရှိသည်။ ယင်းတို့မှာမြို့မတိုက်၊ ဇယန်းကြီးတိုက်နယ်၊ ကျောက်ဖြူတိုက်နယ်၊ ရှော်လဲတိုက်နယ်၊ တောင်မတိုက်နယ်၊ ခွန်ဟောက်တိုက်နယ်၊ မန်စံတိုက်နယ်တို့ဖြစ်သည်။ တိုက်နယ်တိုင်းတွင် တိုက်သူကြီးခေါ် နယ်ပိုင်ကြီးများရှိကြသည်။ နယ်ပိုင်အောက်တွင် သူကြီးတာကဲ၊ တာကန်၊ အရပ်အုပ်၊ ထမုန်၊ သာမဓိစသည့်ဖြင့် အသီးသီးရှိကြသည်။

ထို့ပြင် တောင်ပိုင်စော်ဘွားကြီးလက်အောက်၌ နမ္မတူမြို့နယ်နှင့် မိုင်ငေါင့်မြို့တွင် မြို့စားကြီးတစ်ဦးစီခန့်အပ်ထားသည်။ မြို့စားကြီးများလက်အောက်တွင် ရုံးလုပ်ငန်းအတွက် စာရေးစာချီများလည်းခန့်ထားကြသည်။ စော်ဘွားကြီးအုပ်ချုပ်သည့် ကာလအတွင်း ၁၉၄၁ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာရာ ဂျပန်ခေတ်ကာလတွင် အုပ်ချုပ်မှုစနစ်တကျ ပီပီပြင်ပြင် မရှိတော့ဘဲ မြို့များမှာလည်းပျက်စီးခဲ့ရသည်။ ၁၉၄၅ခုနှစ်ရောက်သောအခါ အမေရိကန်နှင့် အင်္ဂလိပ် မဟာမိတ်တပ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ယခင် အုပ်ချုပ်မှုစနစ်ဟောင်းအတိုင်း အုပ်ချုပ်ခဲ့ပြန်သည်။

၁၉၄၇ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာ၊ကချင်၊ချင်းနှင့် ရှမ်းပြည်နယ်ရှိ စော်ဘွားကြီးများအားလုံး ပြည်နယ်ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးယူရန်တောင်းဆိုခဲ့ကြသည်။ ထို့နောက်ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် တောင်တန်းဒေသနှင့်ပြည်မမခွဲခြားဘဲ တပြိုင်တည်းလွတ်လပ်ရေးရယူရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုပင်လုံစာချုပ်ရေးထိုးပွဲတွင် တောင်ပိုင်းစော်ဘွားကြီး စ၀်ခွန်ပန်းစိန်လည်း တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရယူခဲ့ပြီး လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတော်ကိုထူထောင်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလအဖွဲ့မှ ဦးဆောင်ပြီး ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံတော်သမ္မတမှာ ညောင်ရွေစော်ဘွားကြီး စ၀်ရွေသိုက်ဖြစ်ပြီး ကျန်စော်ဘွားများအားလုံးမှာ လွတ်တော်ပါလီမန်အမတ်အဖြစ် အလိုအလျောက် တင်မြောက်ခြင်းခံရသည်။ ၁၉၅၉ခုနှစ် မတ်လ ၂ရက်နေ့တွင် ရှမ်းပြည်နယ်စောဘွားများအားလုံး အာဏာစွန့်လွတ်လိုက်ရပြီး စော်ဘွားစနစ်ချုပ်ငြိမ်းးခဲ့သည်။

တောင်ပိုင်းစော်ဘွားကြီး စ၀်ခွန်ပန်းစိန်သည် ကောဇာသက္ကရာဇ် ၁၂၉၅ မှ ၁၃၂၁ ခုနှစ်အထိ စော်ဘွားကြီး အဖြစ်အုပ်ချုပ်ခဲ့ရာ ခရစ်သက္ကရာဇ်၁၉၅၉ခုနှစ်တွင် စော်ဘွားအာဏာကို စွန့်လွတ်ခဲ့ရသည်။ တောင်ပိုင်းစော်ဘွားကြီး၏ မျိုးနွယ်စဉ်ဆက်များတောင်ပိုင်းနယ်တွင် ဆက်လက်နေထိုင်လျှက်နေထိုင်ခဲ့ကြသည်။

နန်းတက်ခဲ့သည် ပလောင်စော်ဘွားများ၏စာရင်း

တအာင်းလူမျိုးတို့သည် တောင်ပိုင်နယ်ကို အစဉ်အဆက် ရိုးရာမပျက် အုပ်ချုပ်လာသော စော်ဘွားများအနက်၊ ပုဂံခေတ် အုပ်ချုပ်လာသော စော်ဘွားများကို မသိရသော်လည်း၊ မုဆိုးဆက် အလောင်းမင်းတရားလက်ထက်တော် မှစ၍ အချုပ်အခြာအာဏာပိုင်နှင့် လွတ်လပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အထိ အစဉ်အဆက် ရိုးရာမပျက်အုပ်ချုပ်လာသော စော်ဘွားများမှာ
၁) ဒဒွေးဖ
၂) ဖခွန်မြ
၃) ဖခွန်ဆိုင်
၎) ဖဒွေးတော်
၅) ဖလွယ်လျို
၆) ဖခွန်ကျိန်မိန်
၇) ဖခွန်ဆေ
၈) ခွန်တန်မိန်
၉) ဖကန်ခွန်ဆိုင်ရဲ (ခေါ်) ခွန်ဆာ
၁၀) ခွန်ကျန်
၁၁) ခွန်ကွန်း
၁၃) ခွန်ခမ်းမိန်း
၁၄) ခွန်ခမ်းတန်မိန်း
၁၅) ခွန်ဆင်အွမ် (ကြက်သရေဆောင် ရွှေစလွယ်ရမင်း)
၁၆) ခွန်ပန်းစိန် (မဟာသူရစည်သူ) တို့ဖြစ်ကြပါသည်။

မှတ်ချက်။ ။ မြန်မာသက္ကရာဇာ်၁၂၉၅ မှ ၁၃၂၁ ခုနှစ်အထိ စော်ဘွားကြီး အဖြစ်အုပ်ချုပ်ခဲ့ရာ ခရစ်သက္ကရာဇ်၁၉၅၉ခုနှစ်တွင် စော်ဘွားအာဏာကို စွန့်လွတ်ခဲ့ရသည်။

 

Interviews


40th Anniversary of Ta'ang Culture and Literature Day
 

Links